Home သတင်း ရန်ကုန်တိုင်း ကရင်‌ရေးရာဝန်ကြီးက စာ/ယဉ်များ ပြန်ဖွဲ့စည်းပြီး ကရင်‌ရေးရာကိစ္စ တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်သွားမည်ဟုဆို

ရန်ကုန်တိုင်း ကရင်‌ရေးရာဝန်ကြီးက စာ/ယဉ်များ ပြန်ဖွဲ့စည်းပြီး ကရင်‌ရေးရာကိစ္စ တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်သွားမည်ဟုဆို

1909
‌အောက်တိုဘာ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း၊ မြို့နယ်၊ ခရိုင်အလိုက် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီများ ပြန်ဖွဲ့စည်းပြီး ကရင့်‌ရေးရာ ကိစ္စရပ်များကို တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်သွားမည်ဟု ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက ‌အောက်တို ဘာလ ၂၅ရက်‌နေ့တွင် ‌ကော့မှူးမြို့နယ်၊ မကျီးကန်‌ကျေးရွာ ဘုန်း‌တော်ကြီး‌ကျောင်း၌ ပြုလုပ်သည့် မြို့နယ်စာယဉ်များနှင့် ‌တွေ့ဆုံပွဲ၌ ‌ပြောသည်။

သူမက “မြို့နယ်အလိုက် စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီ‌တွေ ဖွဲ့မယ်။ မြို့နယ်အလိုက် ဖွဲ့ပြီးသွားလို့ရှိရင် ခရိုင်အဆင့်ကို ဖွဲ့ပါမယ်။ ကရင်စာ‌ပေနဲ့ယဉ်‌ကျေးမှု‌ကော်မတီ‌တွေ ဖွဲ့စည်းပြီးသွားရင် အသင်းအဖွဲ့အ‌နေနဲ့ မှတ်ပုံတင်မယ်။ တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းအ‌နေနဲ့ ဖြစ်သွားမယ်။ တရားဝင် အသင်းအဖွဲ့ဖြစ်သွားရင် ‌နောက်ပိုင်း နိုင်ငံ‌တော်အစိုးရ လုပ်‌ဆောင်မဲ့ ဖွံ့ဖြိုး‌ရေးစီမံ ကိန်း‌တွေမှာ ဒီအသင်းအဖွဲ့‌တွေနဲ ့အစိုးရ ပူး‌ပေါင်းလုပ်‌ဆောင်သွားမယ်”ဟု ‌ရေးရာဝန်ကြီး‌နော်ပန်းသဉ်ဇာမျိုးက ‌ပြောကြားခဲ့သည်။

ထိုသို့ မြို့နယ်၊ ခရိုင်နှင့် တိုင်း‌ဒေသကြီးအဆင့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများကို ဒီဇင်ဘာလအတွင်း အပြီးဖွဲ့စည်း ကာ ယင်းအဖွဲ့များနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ကရင်‌ရေးရာကိစ္စရပ်များကို လုပ်ကိုင်သွားမည်ဖြစ်သလို ကရင်လူမျိုးများဖွံ့ဖြိုး ‌ရေးအတွက် လုပ်ကိုင်လိုသည့် အခြားအဖွဲ့အစည်းများအ‌နေဖြင့်လည်း ဝန်ကြီးထံ ဆက်သွယ်လုပ်ကိုင်နိုင်ပြီး အားလုံးကို ဖိတ် ‌ခေါ်လို‌ကြောင်း ကရင့်‌ရေးရာဝန်ကြီးက ဆက်‌ပြောသည်။

ယမန်‌နေ့၊ ‌နေ့လည် ၁၁နာရီခွဲမှ ၂နာရီခွဲအထိ ပြုလုပ်သည့် အဆိုပါ‌တွေ့ဆုံပွဲသို့ ကရင့်‌ရေးရာဝန်ကြီး၊ ‌ကော့မှူးမြို့နယ် အုပ်ချုပ် ‌ရေးမှူးနှင့် မြို့နယ် ဒုပညာ‌ရေးမှူးတို ့အပါအဝင် ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ ‌မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီး၊ ‌ကော့မှူး၊ တွံ ‌တေး၊ ကွမ်းခြံကုန်း စသည့်မြို့နယ်များမှ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင်များ အပါအဝင် စုစု‌ပေါင်း ၂၄ဝဦး‌ကျော် တက် ‌ရောက်ခဲ့ကာ စာယဉ်များ ပြန်ဖွဲ့စည်း‌ရေး၊ ကရင်စာသင်ကြား‌နေမှု စသည့်တို့ကို ‌ဆွေး‌နွေးခဲ့ကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ‌ကော့မှူးမြို့နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ‌ကော်မတီဥက္ကဌ မန်းတင်ဝင်းက “ဝန်ကြီးက မြို့နယ် စာယဉ်အဖွဲ့ဝင် ငါးဦးစာရင်း‌တောင်း‌တော့ ‌ပေးလိုက်တယ်။ ဒါ‌ပေမဲ့ စာယဉ်‌တွေကို‌တော့ အမြန်မဖွဲ့ပါနဲ့လို့ အလုံ၊ အင်းစိန်၊ ‌မြောက်ဥက္ကဌလာတို့ စသဖြင့် ကရင်ရှိတဲ့ မြို့နယ်‌တွေပါ ဖွဲ့ပြီး တစ်‌ပေါင်းတစ်စည်းထဲပါမှဖြစ်မယ်လို့။ ဘာဖြစ်လို့ဆို အရင် တိုင်း စာယဉ်လည်း ဖွဲ့ထားတာရှိ‌တော့ အရင်အဖွဲ့နဲ့ အခုအဖွဲ့‌တွေ မ‌ပြေလည်ရင် ‌ခေါင်း‌ဆောင်ပိုင်း အမြင်မကြည်ဖြစ်မှာမို့ ‌ပြောလိုက် တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ ‌မှော်ဘီ၊ ထန်းတပင်၊ လှည်းကူးနှင့် တိုက်ကြီးမြို့နယ် စာယဉ်များစု‌ပေါင်းကာ ခရိုင်အဆင့် စာယဉ်ကို (ယာယီ)ကို စက်တင်ဘာလအတွင်းက ဖွဲ့စည်းထားပြီး အဖွဲ့ဝင်စာရင်းများကို ဝန်ကြီးထံ ‌ပေးထားပြီးဖြစ်သည်ဟု ‌မြောက်ပိုင်းခရိုင် စာယဉ် ဥက္ကဌ ဆရာ‌စော‌မောင်တုတ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

မြို့နယ်၊ ခရိုင်အလိုက် စာယဉ်များဖွဲ့စည်းနိုင်‌ရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်း၊ ကရင့်‌ရေးရာဝန်ကြီးအ‌နေဖြင့် ‌မြောက်ပိုင်းခရိုင် စာယဉ်များနှင့် ‌တွေ့ဆုံပွဲကို စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့ပြီး လက်ရှိ‌တောင်ပိုင်းခရိုင်အတွင်း စာယဉ်များ ‌တွေ့ဆုံပွဲ ထပ်မံ ပြုလုပ်ကာ ရန်ကုန်မြို့တွင်းမြို့နယ်များဖြစ်သည့် အလုံ၊ အင်းစိန်င်္၊ မရမ်းကုန်း စသည့်မြို့နယ်များမှ ကရင်‌ရေးရာ လုပ်‌ဆောင်‌နေ သူများနှင့် ထပ်မံ ‌တွေ့ဆုံသွားမည်ဟု ကရင်‌ရေးရာဝန်ကြီးက ‌ပြောသည်။