Home သတင်း ‌နေရပ်စွန့်ခွာသူများ ပြန်‌နေရာချထား‌ရေး အစီအစဉ်မူကြမ်း‌ဆွေး‌နွေးပွဲ ဖားအံတွင် ပြုလုပ်

‌နေရပ်စွန့်ခွာသူများ ပြန်‌နေရာချထား‌ရေး အစီအစဉ်မူကြမ်း‌ဆွေး‌နွေးပွဲ ဖားအံတွင် ပြုလုပ်

1739
ဖားအံတွင် ပြုလုပ်သည့် ‌နေရပ်စွန့်ခွာသူများ ပြန်‌နေရာချထား‌ရေး အစီအစဉ်မူကြမ်း‌ဆွေး‌နွေးပွဲ (Photo-Naw Paw Sheela fb)
ဩဂုတ် ၂၄ ရက်၊ ၂၀၁၆ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်း အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ‌နေရပ်စွန့်ခွာ‌ရွှေ့‌ပြောင်း‌နေထိုင်ရသူများ ပြန်‌နေရာချထား‌ရေး အစီအစဉ်မူကြမ်း‌ဆွေး‌နွေးပွဲတစ်ခုကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ဦး‌ဆောင်ကာ ဩဂုတ် ၂၂ ရက်‌နေ့တွင် ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

တစ်ရက်တာနီးပါး ပြုလုပ်ခဲ့သည့် ၎င်း‌ဆွေး‌နွေးပွဲတွင် ‌နေရပ်ပြန်မည့်ဒုက္ခသည်များအတွက် အဓိကစိန်‌ခေါ်မှုများ ဖြစ်သည့် ‌နေရာလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ အသက်‌မွေးဝမ်း‌ကျောင်းကဏ္ဍများနှင့် အ‌ထွေ‌ထွေလိုအပ်ချက်များကို ‌ဆွေး‌နွေးခဲ့သည်ဟု ‌ဆွေး‌နွေးပွဲတက်‌ရောက်သူ ကရင်ဒုက္ခသည်‌ကော်မတီ (KRC) ဘဏ္ဍာ‌ရေးမှူး ‌နော်ဘလူးမင်းနိုက်ဇန်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဒီ‌ဆွေး‌နွေးပွဲဟာ ‌နေရာပြန်လည်‌နေရာချထား‌ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ အစီစဉ်မူကြမ်း ဖြစ်တယ်။ အဲဒီ့ အထဲမှာက ဘယ်အချိန်သင့်‌တော်မလဲ၊ ဘယ်‌နေရာ အများဆုံးဖြစ်နိုင်မလဲ၊ ဘာစိန်‌ခေါ်ချက်‌တွေရှိလဲ ဆိုတာကို ‌ပေါ့။ ပြီး‌တော့ ပြန်လည်‌နေရာချထား‌ရေး လုပ်‌ပေးထားပြီးလို့ ‌ပြော‌နေကြတယ်။ တကယ်‌တော့ အဲဒါ‌တွေက Refugee အတွက် မဟုတ်‌သေးဘူး၊ IDP အတွက်ဘဲ ဖြစ်‌သေးတယ်။ Refugee အတွက်က ဘာမှမလုပ်ထား ‌ပေး‌သေးဘူး”ဟု ‌နော်ဘလူးမင်းနိုက်ဇန်က ‌ပြောသည်။

“ကရင်ပြည်နယ်အတွင်း ‌နေရပ်စွန့်ခွာ‌ရွေ့‌ပြောင်း‌နေထိုင်ရသူများ ‌နေရပ်ပြန်ခြင်းနှင့် အတူတကွဝင်ဆံ့‌ပေါင်း စည်းခြင်း ဆိုင်ရာအတည်ပြု‌ဆွေး‌နွေးပွဲ”ဟု အမည်‌ပေးထားသည့် ယင်း‌ဆွေး‌နွေးပွဲသို့ အစိုးရတာ ဝန်ရှိသူများ၊ ကရင်လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ကရင့်ဒုက္ခသည်‌ကော်မတီ၊ ရပ်ရွာအ‌ခြေပြု လူမှုအဖွဲ့ အစည်းများနှင့် NGOs ကိုယ်စားလှယ်များ တက်‌ရောက်‌ဆွေး‌နွေးခဲ့‌ကြောင်း သိရသည်။

ရပ်ရွာအ‌ခြေပြုအဖွဲ့အစည်းများကိုယ်စားလှယ် ‌စော‌ကျော်စွာက “ကျ‌နော်တို့မြင်တာက ‌တွေ့ဆုံ‌ဆွေး‌နွေးတာက အပြုသ‌ဘော‌ဆောင်တယ်လို့ မြင်ပါတယ်။ ဘာဖြစ်လဲဆို‌တော့ ဒီလိုမ‌တွေ့ဆုံခင် တစ်ဖွဲ့ခြင်းဆီကို ‌တွေ့ဆုံထား ပြီးပြီးသား။ အခုက တစ်ဖွဲ့ခြင်းဆီရဲ့ ‌ဘောထားကို ‌ပေါင်းပြီး ပြန်‌ဆွေး‌နွေးခိုင်းတာပဲ ဖြစ်တယ်။ ပြီး‌တော့ ‌ဆွေး‌နွေးထားတဲ့အချက်‌တွေကို UNHCR က အတည်ပြု‌ပေးတာပဲ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ဆွေး‌နွေးပွဲတွင် ဒုက္ခသည်များအတွက် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)၊ အစိုးရ စစ်တပ် အပါအဝင် အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်များ စု‌ပေါင်းကာ ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည် စခန်းများသို့ သွား‌ရောက်ပြီး ‌နေရပ်ပြန်နိုင်ပြီးဖြစ်‌ကြောင်း အာမခံချက်‌ပေးစည်းရုံးသွားရန် အစည်းအ‌ဝေးတွင် အစိုးရဘက်မှ အဆိုပြု‌ဆွေး‌နွေးမှုများရှိသည်ဟု ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူများက ဆိုသည်။

လက်ရှိ စစ်‌ဘေး ဒုက္ခသည်များ‌နေရပ်ပြန်‌ရေးအတွက် အစိုးရတာဝန်ရှိသူများကလိုလား‌နေသလို နိုင်ငံတာ အဖွဲ့အစည်းတို့မှလည်း ဒုက္ခသည်များ ဂုဏ်သိက္ခာရှိစွာ မိမိသ‌ဘောဆန္ဒအတိုင်း ဆုံးဖြတ်ခွင့်ပြုမည်ဟု မကြာခဏ‌ပြောဆိုထား‌သော်လည်း လက်‌တွေ့တွင် ဒုက္ခသည်များအ‌ပေါ် ရိက္ခာဖြတ်‌တောက်မှုများ ဖြစ်‌ပေါ် ‌နေ‌ကြောင်း သိရသည်။

‌နေရပ်စွန့်ခွာ‌ရွှေ့‌ပြောင်း‌နေထိုင်ရသူများအတွက် ပြန်‌နေရာချထား‌ရေး အစီအစဉ်နှင့်ပတ်သက်၍ ယခုလို ‌ဆွေး‌နွေးပွဲကို UNHCR မှ ကျင်းပလာသည်မှာ အကြိမ် (၂၀)ခန့် ရှိပြီဖြစ်သည်ဟု သိရသည်။