Home သတင်း နယ်စပ်ဒုက္ခသည်စခန်းတွင် မိမိကိုယ်ကို ‌သေ‌ကြောင်းကြံစည်မှု များလာ

နယ်စပ်ဒုက္ခသည်စခန်းတွင် မိမိကိုယ်ကို ‌သေ‌ကြောင်းကြံစည်မှု များလာ

1414

စက်တင်ဘာ ၁ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် မိမိကိုယ်ကို ‌သေ‌ကြောင်းကြံစည်မှုနှုန်းမှာ ယခုနှစ်တွင် သိသာစွာ များပြားလာ ‌နေ‌ကြောင်း ယ‌နေ့ စက်တင်ဘာလ ၁ဝရက်‌နေ့တွင် ကျ‌ရောက်သည့် World Suicide Prevention Day (WSPD) ကမ္ဘာ့မိမိ ကိုယ်ကို ‌သေ‌ကြောင်းကြံစည်မှု ကာကွယ်‌ရေး‌နေ့၌ ကရင်ဒုက္ခသည်‌ကော်မတီ KRC က ‌ပြောဆိုလိုက်သည်။

ဒုက္ခသည်စခန်းများအတွင်း ယခင်နှစ်များက မိမိကိုယ်‌သေ‌ကြောင်းကြံစည်မှုဦး‌ရေမှာ ဆယ်ဂဏန်းသာ ရှိရာမှ ယခုနှစ်ဆန်းပိုင်းမှ ဩဂုတ်လအထိ နှစ်ဆခန့် မြင့်တက်လာ‌နေ‌ကြောင်း ကရင်ဒုက္ခသည်‌ကော်မတီ KRC ၏ တွဲဖက် အတွင်း‌ရေးမှူး ‌နော်ဘလူးမင်း နိုက်ဇန်က ‌ပြောသည်။

“ကျမတို့စခန်း‌တွေမှာ ဒီနှစ် ဖြစ်ပွားမှု တိုးလာတဲ့သ‌ဘော ရှိပါတယ်။ စခန်း(၇)ခုမှာ လူဦး‌ရေတစ်သိန်း‌ကျော် ရှိတဲ့အထဲမှ အ‌ယောက် ၂၀‌ကျော် ၃ဝဆိုတာ သိပ်အဆန်းကြီးမဟုတ်‌ပေမယ့် တကယ်‌တော့ တစ်‌ယောက်မှကို မရှိသင့်ဘူး။ ဒါ‌တွေဟာ လူ့အသက်‌တွေဖြစ်တဲ့အတွက် အ‌လေးထားလာရမယ့် အ‌ခြေအ‌နေ ဖြစ်လာ‌နေပါတယ်”ဟု ‌ပြောသည်။

၂၀၁၅ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ KRC ထံ ‌ပေးပို့လာ‌သော ဒုက္ခသည်စခန်း(၇)ခု၏ စာရင်းများအရ မိမိကိုယ်ကို‌သေ ‌ကြောင်းကြံစည်မှု‌ပေါင်း ၃၃မှုအနက် ၂၄မှုမှာ မယ်လဒုက္ခသည်စခန်းတစ်ခုတည်းတွင် အများဆုံး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘန့်ဒုံ ယန်းဒုက္ခသည်စခန်းနှင့် အုန်းဖျန်ဒုက္ခသည်စခန်းတို့တွင်မူ ‌သေ‌ကြောင်းကြံစည်မှု လုံးဝ မရှိ‌ကြောင်း KRC ၏ မှတ်တမ်းများအရ သိရသည်။

မိမိကိုယ်ကို ‌သေ‌ကြောင်းကြံစည်ရခြင်း၏ အ‌ကြောင်းရင်းများတွင် အချစ်‌ရေးရာကိစ္စများ၊ စိတ်ကျ‌ရောဂါရှိသူများ၊ မူးယစ်‌ဆေးဝါး သုံးစွဲသူများ‌ကြောင့် အဖြစ်များခြင်းဖြစ်‌ကြောင်း သိရသည်။ ယင်းသို့ ဒုက္ခသည်စခန်းများအတွင်း ‌သေ‌ကြောင်းကြံစည်မှု မြင့် တက်လာသဖြင့် ကရင်ဒုက္ခသည်‌ကော်မတီ KRC ၊ ကရင်နီဒုက္ခသည်‌ကော်မတီ KNRC အပါအဝင် စခန်းအသီးသီးရှိ ‌ကော်မတီ များမှ ပြီးခဲ့သည့်ရက်အတွင်းက ‌ဆွေး‌နွေးမှုတစ်ခုပြုလုပ်ခဲ့ပြီး ယင်းကိစ္စများအ‌ပေါ် နည်းလမ်းရှာ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ‌နော်ဘလူးမင်းနိုက်ဇန်က ‌ပြောသည်။

မယ်လစခန်းလူမှု‌ရေးတာဝန်ခံ ‌စောဖ‌ထောက “လူတစ်‌ယောက်ချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ သက်ဆိုင်တယ် ထင်ပါတယ်။ ကျ‌နော် တို့စခန်းမှာ ပထမ အများဆုံးက အရက်နဲ့ ‌ဆေး‌ခြောက်‌ကြောင့်ဖြစ်တာ၊ ဒုတိယ လိုက်တာက‌တော့ အခြား‌သော လူမှု‌ရေးပြဿ နာ‌တွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကလည်း ဇုံစီက မိန်းက‌လေးတစ်‌ယောက် ကိုယ့်ကိုယ်ကို သတ်‌သေသွားတယ်လို့ သိရ တယ်။ ကျ‌နော့်ဆီကို‌တော့ စာရင်းမလာ‌သေးဘူး။”ဟု ဆိုသည်။

လက်ရှိ ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့-WHO ၏ အစီရင်ခံစာအရ ကမ္ဘာ‌ပေါ်တွင် နှစ်စဉ် လူဦး‌ရေ (၈)သိန်း‌ကျော်မှာ မိမိကိုယ်မိမိ‌သေ ‌ကြောင်းကြံစည်မှု‌ကြောင့် ‌သေဆုံးရ‌ကြောင်း နိုင်ငံတကာ မိမိကိုယ်ကို ‌သေ‌ကြောင်းကြံစည်မှု ကာကွယ်တားဆီး‌ရေးအဖွဲ့ The International Association for Suicide Prevention (IASP)၏ အွန်လိုင်းစာမျက်နှာတွင် ‌ဖော်ပြထားသည်။

စက်တင်ဘာလ ၁ဝရက်‌နေ့ကို မိမိကိုယ်ကို‌သေ‌ကြောင်းကြံစည်မှုကာကွယ်‌ရေး‌နေ့ (WSPD)အဖြစ် ၂၀၀၃ခုနှစ်က (IASP) နှင့် WHO တို့ ပူးတွဲလုပ်‌ဆောင်ခဲ့သည့် အစည်းအ‌ဝေးအပြီးတွင် စတင် သတ်မှတ်လာခဲ့ခြင်းဖြစ်သည်။