Home သတင်း NCA မူကြမ်းအား ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ရန် အဖွဲ့‌လေးဖွဲ့မှ အကြံပြု

NCA မူကြမ်းအား ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ရန် အဖွဲ့‌လေးဖွဲ့မှ အကြံပြု

1566

‌မေ ၃ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူး‌ဒေသ ပန်ဆန်းတွင် ကျင်းပ‌နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစည်းအ‌ဝေးတွင် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး ညှိနှိုင်း‌ဆောင်ရွက်‌ရေးအဖွဲ့ NCCT တို့ ပူး‌ပေါင်း‌ရေးဆွဲထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲ‌ရေး စာချုပ်မူကြမ်းပါ အချက်အလက်အချို့အား ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ဖွဲ့မှ အကြံပြုထား‌ကြောင်း NCCT အဖွဲ့ဥက္ကဋ္ဌ နိုင်ဟံသာက ‌ပြောသည်။

မွန်ပြည်သစ်ပါတီမှ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ဟံသာက “အစိုးရနဲ့ လက်မှတ်‌ရေးထိုးထားတဲ့ NCCTမူကြမ်းနဲ့ ပတ်သက်ပြီး အကြံပြုကြတာ အဖွဲ့‌လေးဖွဲ့ရှိတယ်။ SSA/SSPP၊ KNPP ၊ ‌အေ‌အေနဲ့ ကိုးကန့်တို့ပါတယ်။ တကယ်‌တော့ ဒါဟာ မူကြမ်းပါပဲ။ ပြင် လို့ရ‌သေးတယ်ဆိုတာ ကျ‌နော်တို့ကလည်း ရှင်းပြထားတယ်”ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၃၁ရက်‌နေ့က နှစ်ဘက်လက်မှတ်‌ရေးထိုးခဲ့သည့် အပစ်ခတ်ရပ်စဲ‌ရေး စာချုပ်မူကြမ်းမှာ အစိုးရဘက်မှ ထပ်မံ ပြင်ဆင်ရန် မလိုအပ်‌တော့‌သော်လည်း NCCT မှာ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ လုပ်ငန်းအဖွဲ့ သာဖြစ်သဖြင့် အဆိုပါမူကြမ်းနှင့် ပတ်သက်ပြီး NCCT ထိပ်သီး‌ခေါင်း‌ဆောင်များ ညီလာခံတရပ်ကို ‌ခေါ်ယူကျင်းပ၍ အကြံပြု ဆုံး ဖြတ်ချက်များ ရယူသွားရမည်ဖြစ်သည်။

လက်ရှိကျင်းပ‌နေသာ ပန်ဆန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစည်းအ‌ဝေးမှာ NCCT နှင့် တိုက်ရိုက် သက်ဆိုင်မှု မရှိ ‌သော်လည်း ပြင်ဆင်ရန် အကြံပြုမှုများရှိသဖြင့် လာမည့် NCCT ထိပ်သီး‌ခေါင်း‌ဆောင်များ ‌ဆွေး‌နွေးပွဲတွင် ပြင်ဆင်မှုများ ရှိလာ နိုင်ဖွယ်ရှိ‌ကြောင်း အစည်းအ‌ဝေး တက်‌ရောက်‌နေသည့် ကိုယ်စားလှယ်များက ‌ပြောသည်။

“တချို့ကလည်း ခုလို မူကြမ်း‌ရေးဆွဲပြီးချိန်မှာ တိုက်ပွဲဖြစ်‌နေတာကို သံသယရှိ‌နေတာ‌ပေါ့‌လေ။ မူကြမ်းမှာ တချို့အချက်‌တွေက ခက်ခဲတဲ့အချက်‌တွေကို နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု‌ရောက်မှ ‌ဆွေး‌နွေးဖို့ဆိုပြီး ‌ပြောင်းထားခဲ့တာ‌တွေရှိတယ်။ အဲဒါ‌တွေ အပါအဝင် တချို့အချက်‌တွေကို သ‌ဘောမကျကြတာပါ”ဟု နိုင်ဟံသာက ရှင်းပြသည်။

ရခိုင်တပ်ဖွဲ့ ‌အေ‌အေမှ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က “NCCT က အဓိက အ‌ကြောင်းအရာ‌တွေကို ‌ဆွေး‌နွေး‌ပေမဲ့ ‌ဝေါ ဟာရ အချိန်ဆွဲကြန့်ကြာ‌နေတာရှိခဲ့တယ်။ NCCT က မူကြမ်းပဲ ထုတ်နိုင်ရုံရှိ‌သေးတယ်။ ဒါကိုပြပြီး နိုင်ငံတကာက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းသွားပြီလို့ထင်‌အောင်လုပ်တာ ဖြစ်‌နေတယ်။ ဒီဟာကို ‌ဆွေး‌နွေးပွဲမှာ ပြန်သုံးသပ်ဖို့တင်ပြထားတာပါ။ တစ်ဘက်မှာ လည်း တိုက်ပွဲ‌တွေက ရှိ‌နေတယ်‌လေ”ဟု မီဒီယာများကို ‌ပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား သ‌ဘောတူညီမှုရယူရန် ကျန်‌နေသည့်အချက်များမှာ လုံခြုံ‌ရေးကဏ္ဍပြု ပြင်‌ပြောင်းလဲ‌ရေး Security sector reform-SSR ၊ အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်‌ရေးထိုးရမည့်အဖွဲ့များ၊ တပ်ပိုင်းဆိုင်ရာ ‌နေရာချထား‌ရေး စသည့်ကိစ္စရပ်များမှာ အဓိကအချက်အ‌နေဖြင့် ပါဝင်ပြီး ပါဝင်လက်မှတ်‌ရေးထိုးရမည့် အဖွဲ့များကိစ္စမှာ အစိုးရ နှင့် အ‌ချေအတင် ‌ဆွေး‌နွေးစရာဖြစ်‌နေ‌ကြောင်း ပန်ဆန်း‌ရောက် တိုင်းရင်းသားကိုယ်စားလှယ်များက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့တက်‌ရောက်‌နေသည့် ပန်ဆန်း‌ဆွေး‌နွေးပွဲမှ နှစ်ရက်ကြာ ပြုလုပ်ကျင်းပပြီးစီးချိန်အထိ အဖွဲ့ ၁၂ဖွဲ့မှ တဖွဲ့ချင်းစီအလိုက် လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် ရှုမြင်သုံးသပ်အကြံပြုထား သည့် စာတမ်းများကိုသာ ဖတ်ကြားပြီး‌သေးကာ အ‌သေးစိပ်‌ဆွေး‌နွေးမှုများကို ‌မေလ ၄ရက်‌နေ့တွင် ပြန်လည်စတင်မည့် အစည်း အ‌ဝေးတွင် ဆက်လက် ‌ဆွေး‌နွေးကြမည်ဖြစ်သည်။