Home သတင်း စက်မှုလယ်ယာစနစ်ကျ လယ်‌မြေ‌ဖော်‌ဆောင်ရန် ပြန်လည်‌နေရာချထား‌ပေးမှု လယ်‌နေရာလွဲမှားမှုရှိ

စက်မှုလယ်ယာစနစ်ကျ လယ်‌မြေ‌ဖော်‌ဆောင်ရန် ပြန်လည်‌နေရာချထား‌ပေးမှု လယ်‌နေရာလွဲမှားမှုရှိ

1544

‌မေ ၄ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌ကော့နွဲ‌ကျေးရွာအုပ်စုအတွင်းရှိ အာရှလမ်း‌ဘေး၌ ‌ဒေသခံလယ်‌မြေများ‌ပေါ်တွင် အစိုးရမှ စက်မှုလယ်ယာစနစ်ကျလယ်‌မြေ ‌ဖော်‌ဆောင်ရန်အတွက် လယ်‌မြေများ ထွန်ယက်ပြီး‌နောက် လယ်ယာ‌မြေ ပြန်လည်‌နေရာချ ထားရာတွင် လယ်‌မြေ လွဲမှား‌ရွှေ့‌ပြောင်းမှုရှိ‌နေသည့်အ‌ပေါ် လယ်သမားအချို့က လက်မခံ‌ကြောင်း စုံစမ်းသိရှိရသည်။

စက်မှုလယ်ယာစနစ်ကျ လယ်‌မြေ‌ဖော်‌ဆောင်ရာတွင် လယ်‌မြေပါသွားသည့် လယ်ပိုင်ရှင် ‌စော‌အောင်မယ်ကျိန်က “သူတို့ ‌ပြော တုန်းက ကျ‌နော်နားလည်တာက လယ်ယာ‌မြေ‌တွေကို အ‌ပြောင်ထိုးထားပြီး‌တော့ ကိုယ့်ရဲ့လယ်အတိုင်းအတာကိုပဲ ပြန်‌ပေးမယ် ‌ပေါ့။ အခုဟာက သူတို့က လွဲချက်ရှိသွားပြီး တစ်ဦးရဲ့လယ်က ‌နောက်တစ်ဦးဆီကို ပြန်ဝင်တယ်။ လမ်း‌တွေ ဘာ‌တွေ ပြန်‌ဖော် ‌တော့ လယ်သမား‌တွေက ရှုံးတာ‌ပေါ့။ အဲဒါ‌ကြောင့် လက်မခံတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ရက်‌နေ့က ကမိုင်ကုန်းလမ်းရှိ စက်မှုလယ်ယာစနစ်ကျ လယ်‌မြေ‌ဖော်‌ဆောင်သည့်‌နေရာနံ‌ဘေးတွင် ‌ကော့ ကရိတ်မြို့နယ် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)မှ လယ်ယာဋ္ဌာနမှူး မန်းသူ‌လောင့်၊ ‌ကော့ကရိတ်မြို့ ‌ချောင်း‌တောင်ရပ် ကွက် အုပ်ချုပ်‌ရေးမှူး ‌စောဖိုးစ‌နေနှင့် လယ်သမားများ ‌တွေ့ဆုံခဲ့ကြရာ၌ လယ်သမားအချို့က ထိုသို့ သ‌ဘောထားမှတ်ချက်‌ပေးခဲ့ ခြင်း ဖြစ်သည်။

လက်ရှိတွင် ၎င်းလယ်ယာ‌မြေများကို ‌မြေသားညှိခြင်း၊ ‌မြေကွက်‌ဖော်ခြင်းနှင့် လယ်ယာ‌မြေ ပြန်လည်‌နေရာချထားမှုပုံစံများကို ချပြရာ လယ်သမားအချို့က ‌မြေအ‌ပြောင်းအ‌ရွှေ့ရှိသည့်အ‌ပေါ် လက်မခံခြင်းဖြစ်ပြီး စတင် ထွန်ယက်ချိန်တွင်လည်း လယ်ယာ‌မြေ ကွက်များကို မှားယွင်းထွန်ယက်မှုများရှိ‌ကြောင်း ကမိုင်ကုန်းရွာမှ လယ်သမား‌စောလိုက်သိန့်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆို သည်။

‌စောလိုက်သိန့်က “အစည်းအ‌ဝေးလုပ်တုန်းကလည်း ကျ‌နော့်ကို မ‌ခေါ်ဘူး။ လက်မှတ်ထိုးတုန်းက ကျ‌နော် မပါဘူး။ လယ်ထွန်ပြီး တဲ့အချိန်မှာ သွားကြည့်‌တော့ ကျ‌နော့်လယ်လည်း ပါတယ်။ ကျ‌နော့်လယ်ပါတဲ့အခါကျ‌တော့ ပြန်တင်ပြတာ‌ပေါ့။ ‌မြေတိုင်းကို သွား‌မေး‌တော့ သူတို့မှားတယ်လို့ အဲလို‌ပြောတယ်။ ကျ‌နော်က‌တော့ ကျ‌နော့်‌မြေပဲ ကျ‌နော်ပြန်ယူမယ်”ဟု ‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလအတွင်းက စက်မှုလယ်‌မြေစနစ်ကျ လယ်‌မြေ‌ဖော်‌ဆောင်ရန်အတွက် ‌ဒေသခံ ၃၃ဦး၏ လယ် ‌မြေ ၁၈ဝဧကအ‌ပေါ် ပြည်နယ်အစိုးရ၏ ဘတ်ဂျက်ဖြင့် လယ်ယာစိုက်ပျိုး‌ရေးဋ္ဌာနက အရင်ဆုံး ထွန်ယက်ပြီး‌နောက် ‌ခေါ်ယူရှင်း လင်းမှုများ ပြုလုပ်ခဲ့ခြင်းကို လယ်သမားများက သ‌ဘောတူ‌ကြောင်း လက်မှတ်ထိုးခဲ့ကြသည်။

‌ကော့ကရိတ်မြို့ အမှတ်(၁)‌ချောင်း‌တောင်ရပ်ကွက် အုပ်ချုပ်‌ရေးမှူး ‌စောဖိုးစ‌နေက “တချို့ကလည်း သူတို့‌မြေ‌နေရာအတိုင်း ပြန် လိုချင်တယ်။ အဲဒါ‌တွေကို‌တော့ မြို့နယ်အုပ်ချုပ်‌ရေးမှူးကို ပြန်တင်ပြမယ်။ လယ်သမား‌တွေနဲ့ ပြန်ညှိဖို့ပဲ ရှိတယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ်အ‌နေဖြင့် လယ်သမားများ၏ လယ်ယာ‌မြေများကို တိုင်ပြန်စိုက်မည် ဆိုလျှင် ၎င်းတို့အ‌နေဖြင့် ‌မြေတိုင်း‌ပေးရန်နှင့် ‌ကေအဲန်ယူ‌မြေဂရမ်ပါ ထုတ်‌ပေးသွားမည်ဖြစ်ပြီး အစိုးရဘက်က ‌မြေတိုင်းနှင့်‌တွေ့ လျှင်လည်း ညှိနှိုင်း‌ပေးသွားမည်ဟု ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် လယ်ယာဌာနမှူး မန်းသူ‌လောင့်က ‌ပြောဆိုသည်။

‌ကော့ကရိတ်မြို့နယ်၊ ‌ကော့နွဲ‌ကျေးရွာအုပ်စုအတွင်း၌ ‌ကော့နွဲရွာ၊ ရွာသစ်၊ ‌ကျောက်စရစ်ကုန်းရွာ၊ မြို့‌ဟောင်းရွာဟူ၍ ရွာ၄ရွာ တည်ရှိပြီး ‌ဒေသခံရွာသူရွာသားများမှာ လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်လျှက်ရှိသည်။