Home သတင်း ကရင်ဒုက္ခသည်စခန်း ၆ခုမှ ကရင်‌ကျောင်းသားကွန်ရက်အဖွဲ့ဝင်များအား FM ‌ရေဒီယိုထုတ်လွှင့်နိုင်ရန် သင်တန်း‌ပေး

ကရင်ဒုက္ခသည်စခန်း ၆ခုမှ ကရင်‌ကျောင်းသားကွန်ရက်အဖွဲ့ဝင်များအား FM ‌ရေဒီယိုထုတ်လွှင့်နိုင်ရန် သင်တန်း‌ပေး

2592

‌မေ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း ၆ခုအတွင်း FM ‌ရေဒီယို အစီအစဉ် ပုံမှန်ထုတ်လွှင့်သွားရန် ရည်ရွယ်၍ ကရင် ‌ကျောင်းသားကွန်ရက်အဖွဲ့(Karen Student Network Group-KSNG)က ၎င်းတို့၏ အဖွဲ့ဝင်များအား ‌မေလ ၁ရက်‌နေ့မှ ဇွန်လ ၃ရက်‌နေ့အထိ အ‌ခြေခံမီဒီယာသင်တန်းကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ် မယ်လဒုက္ခသည်စခန်းတွင် ပြုလုပ် လျှက်ရှိသည်။

၎င်းမီဒီယာသင်တန်းကို ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်ရှိ ဒုက္ခသည်များအား အ‌ခြေခံစားနပ်ရိက္ခာများ ‌ထောက်ပံ့‌ပေး‌နေသည့် (The Border Consortium-TBC)၏ ‌ငွေ‌ကြေးကူညီမှုဖြင့် ပြုလုပ်‌နေခြင်းဖြစ်ပြီး မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူးနှင့် ထမ်းဟင်ဒုက္ခသည်စခန်းများအပြင် ပြည်တွင်းရှိ မူ‌တြော်(ဖာပွန်)၊ ‌ညောင်‌လေးပင်ခရိုင်တို့မှ KSNG အဖွဲ့ဝင် အပါအဝင် ‌ကျောင်း သားလူငယ် ၂၀‌ကျော် တက်‌ရောက်ခဲ့ခြင်းဖြစ်သည်။

သင်တန်းဦး‌ဆောင်သူ KSNG အဖွဲ့ဝင် ‌စော‌လောဒူးက “ကျ‌နော်တို့ အဖွဲ့ဝင်‌တွေ ဦးစီးဦး‌ဆောင်ပြီး ဒုက္ခသည်စခန်း (၆)ခုမှာ FM ‌ရေဒီယို ပုံမှန် ထုတ်လွှင့်နိုင်ဖို့ အဓိက ရည်ရွယ်ပြီး‌တော့ ဒီသင်တန်းကို ‌ပေးတာဖြစ်ပါတယ်။ သင်တန်းပြီးရင် ‌ရေဒီယိုထုတ်လွှင့်မှု ကို ကျ‌နော်တို့ စတင် အ‌ကောင်အထည်‌ဖော်‌ဆောင်သွားမှာဖြစ်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်လ‌ကျော် ကြာမြင့်သည့် ယင်းမီဒီယာသင်တန်းတွင် အ‌ခြေခံ သတင်း‌ရေးသားမှု၊ ‌ရေဒီယို အသံဖိုင်တည်းဖြတ်မှု၊ စက်ပိုင်း ဆိုင်ရာ အသုံးပြုမှု၊ ရုံးလုပ်ငန်းနှင့် ပညာ‌ပေးပြဇာတ်တို့ကို သင်တန်းဆရာ ၄ဦးမှ သင်ကြားပို့ချ‌ပေး‌နေခြင်းဖြစ်ပြီး FM ထုတ်လွှင့် နိုင်ရန် ဘတ်‌ငွေ နှစ်‌သောင်းရှစ်‌ထောင်‌ခြောက်ရာ (၂၈,၆၀၀)တန်းဖိုးရှိ FM ‌ရေဒီယိုစက် (၄)လုံးကို TBC မှ ‌ထောက်ပံ့‌ပေးထား သည်ဟုလည်း KSNG က ဆိုသည်။

အုန်းဖျန်ဒုက္ခသည်စခန်းမှ သင်တန်းသူ ‌နော်စန်းစန်းနွယ်က “ဒီသင်တန်းမှာ အဓိက ရလိုက်တာက အ‌ခြေခံ သတင်း‌ရေးသား နည်း၊ သတင်းထုတ်လွှင့်မှုအပိုင်း၊ ပြီး‌တော့ သတင်းမီဒီယာဆိုတာ ကျမတို့ လူမှုအသိုင်းအဝိုင်းမှာ ဘယ်‌လောက်အ‌ရေးပါလဲဆို တာ နားလည်လာတယ်။ ကျမတို့‌နေရာကို ပြန်‌ရောက်ရင် ဒီကရတဲ့ပညာနဲ့ ပြန်ပြီး အသုံးချသွားမှာဖြစ်ပါတယ်”ဟု ‌ပြောသည်။

ပြည်တွင်းပြည်ပနှင့် နယ်စပ်‌ဒေသရှိ ကရင်‌ကျောင်းသားများ အချင်းချင်း ချိတ်ဆက်ကာ အ‌တွေ့အကြုံ၊ အမြင်ဗဟုသုတများ ဖလှယ်နိုင်ရန် ရည်ရွယ်၍ KSNG ကို ၁၉၉၆ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိအဖွဲ့ဝင် ၁ဝဖွဲ့ဖြင့် ပညာ‌ရေးအကျိုးပြုလုပ်ငန်းနှင့် ဒုက္ခ သည်စခန်းအချို့၌ FM ‌ရေဒီယိုထုတ်လွှင့်မှုကို လုပ်‌ဆောင်လျှက်ရှိသည်။

ကရင်‌ကျောင်းသားကွန်ရက်အဖွဲ့(KSNG)သည် ယခင်က အ‌ခြေခံ သတင်းမီဒီယာသင်တန်းကို အလျင်းသင့်သလို သင်ကြားပို့ချ ‌လေ့ရှိ‌သော်လည်း ယခုလို (TBC)၏ ‌ထောက်ပံ့မှုဖြင့် ပြုလုပ်သည့်သင်တန်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။