Home သတင်း ‌ကေအဲန်ယူ တပ်မဟာ(၂)ဋ္ဌာနချုပ်အနီး အစိုးရတပ်မ‌တော် ‌လေ‌ကြောင်းဗုံးကြဲ‌လေ့ကျင့်

‌ကေအဲန်ယူ တပ်မဟာ(၂)ဋ္ဌာနချုပ်အနီး အစိုးရတပ်မ‌တော် ‌လေ‌ကြောင်းဗုံးကြဲ‌လေ့ကျင့်

1754

‌မေ ၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) တပ်မဟာ(၂) ‌ကော်‌သေးဒဲဌာနချုပ် ဧရိယာနယ်‌မြေအတွင်း၌ ဧပြီလ ၂၉ရက်နှင့် ၃ဝ ရက်‌နေ့များတွင် ပဲခူးတိုင်း‌ဒေသကြီးအ‌ခြေစိုက် မြန်မာအစိုးရစစ်တပ်မှ K8 ‌လေယာဉ်အမျိုးအစားဖြင့် ဗုံးကြဲ‌လေ့ကျင့်‌နေမှုများကို ပြုလုပ်ခဲ့‌ကြောင်း ‌ကေအဲန်ယူဘက်က ‌ပြောသည်။

ယင်းသို့ ပစ်ခတ်ရာတွင် ဧပြီလ ၂၉ရက်‌နေ့က ‌ကေအဲန်ယူ တပ်မဟာ(၂)ဌာနချုပ်အနီး မနက် ၈း၃၂နာရီအချိန်တွင် ‌လေယာဉ်ဗုံး (၂)လုံးနှင့် ၃ဝရက်‌နေ့မနက် ၁၁နာရီ‌ကျော်တွင် ‌လေယာဉ်ဗုံး(၁)လုံးတို့ကို ကြဲချခဲ့ခြင်းဖြစ်ပြီး ယ‌နေ့ ‌မေလ ၁ရက်‌နေ့အထိ ‌လေ ‌ကြောင်းပျံသန်း‌လေ့ကျင့်‌နေမှုများ ဆက်လက် ပြုလုပ်‌နေ‌သေး‌ကြောင်း ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲ က ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒို‌စော‌သောသီဘွဲက “‌မြောက်ပိုင်းမှာလည်း ‌သေနတ်သံမစဲ‌သေးဘူး။ အခုလည်း ဒီမှာ အခုလိုဖြစ်‌တော့ ပြည်တွင်းငြိမ်းချမ်း‌ရေး ကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေတဲ့အချိန်မှာ အင်မတန်မှ စိုးရိမ်ထိတ်လန့်စရာဖြစ်ပါတယ်။ ဒီအ‌ပေါ်မှာ ပြည်သူ‌တွေက လည်း စိုးရိမ်မှု‌နေ‌တွေ ရှိ‌နေပါတယ်”ဟု ‌ပြောဆိုသည်။

မြန်မာအစိုးရစစ်တပ်မှ အဆိုပါ ‌လေ‌ကြောင်း‌လေ့ကျင့်ပစ်ခတ်မှုများကို ဧပြီ ၇ရက်‌နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်ဟု သိရှိရ ‌ကြောင်း၊ ဖြစ်စဉ်အ‌ခြေအ‌နေအ‌ပေါ် မူတည်၍ ကန့်ကွက်စာ‌ပေးပို့သွားမည်ဖြစ်သလို အ‌သေးစိတ်ကို ဆက်လက် စုံစမ်း‌နေဆဲဖြစ် သည်ဟု ပဒို‌စော‌သောသီဘွဲက ဆက်‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၂)နယ်‌မြေ၊ ‌တောင်ငူခရိုင် ဥက္ကဋ္ဌ ပဒို‌စောအယ်ဝါးက “‌လေ့ကျင့်‌ရေးလို့‌တော့ ‌ပြောတာပဲ။ ဒါ‌ပေမဲ့ အဲဒီလို မလုပ်သင့်ပါဘူး။ အရင်က ‌လေ့ကျင့်တာ ဒီလို‌နေရာမျိုးကို မကြဲဘူး။ ဒီ‌နေရာမျိုးက ပထမဆုံးအကြိမ်ပဲ။ ၂၀၁၂‌နောက်ပိုင်း‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်ရှိ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ တပ်မဟာ (၇)ခုအတွင်း၌ အစိုးရတပ်ရင်း‌ပေါင်း (၈၇)ရင်းရှိပြီး ‌ကေအဲန် ယူ တပ်မဟာ(၂)၊ ‌တောင်ငူခရိုင်တွင် (၁၄)ရင်းရှိ‌ကြောင်း ‌ကေအဲန်ယူ၏ မှတ်တမ်းများအရ သိရသည်။