Home သတင်း ‌ရွှေကုက္ကို၌ မြို့နယ် ၃ ခု စု‌ပေါင်း၍ ဒုတိယအကြိမ် ကရင်စာ‌ပေ(‌လေကွယ်‌ကော်)သင်တန်းဆင်းပွဲ ကျင်းပ

‌ရွှေကုက္ကို၌ မြို့နယ် ၃ ခု စု‌ပေါင်း၍ ဒုတိယအကြိမ် ကရင်စာ‌ပေ(‌လေကွယ်‌ကော်)သင်တန်းဆင်းပွဲ ကျင်းပ

2757

ဧပြီ ၂၆ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်ပြည်နယ်ရှိ မြဝတီ၊ ‌ကော့ကရိတ်နှင့် လှိုင်းဘွဲ စသည့် မြို့နယ်မှ ‌ကျေးရွာ‌ပေါင်း ၃၀‌ကျော် စု‌ပေါင်း၍ ‌နွေရာသီ ကရင်စာ‌ပေ (‌လေကွယ်‌ကော်) သင်တန်းဆင်းပွဲ အခမ်းအနားတစ်ရပ်ကို ယ‌နေ့ မြဝတီမြို့နယ် ‌ရွှေကုက္ကိုမြိုင်‌ကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့ကြသည်။

မြိုင်ကြီးငူ ဆရာ‌တော် ဦးသုဇန၏ ညွှန်ကြားချက်အရ ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ် အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စောချစ်သူက ဦးစီး၍ ၎င်းမြို့နယ် ၃မြို့နယ်ရှိ ‌ကျေးရွာ (၃၀)‌ကျော်မှ သင်တန်းသူ/သား ၁,၀၀ဝ ‌ကျော်အား ၁လ‌ကျော်ကြာ သင်ကြားပို့ချ‌ပေးခဲ့ပြီး‌နောက် ယခုလို စု‌ပေါင်းသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ ခဲ့ခြင်းဖြစ်သည်ဟု ယင်းစာ‌ပေသင်တန်းကို ဦး‌ဆောင်ကျင်းပသူများက ‌ပြောသည်။

၎င်းသင်တန်းကို ဦး‌ဆောင်ကျင်းပသူ မြိုင်ကြီးငူ‌ဒေသ စာချဆရာ‌တော် ဦးဉာဏိကက “ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်‌ရေးအတွက် ဒီသင်တန်းကို ဖွင့်လှစ်တာဖြစ်တယ်။ အမျိုးသား စည်းလုံးညွတ်‌ရေးအတွက် တစ်မျိုးတည်း‌သော အမျိုးသားဗဟိုစာ‌ပေရှိဖို့အချက်ဟာ တစ်ချက်ပါဝင်တဲ့အတွက် ယ‌နေ့ တက်‌ရောက်လာ သည့် ပညာရှင်များအားလုံးက စစ်မှန်‌သော ကရင်အမျိုးသား စည်းလုံးညီညွတ်‌စေဖို့ကို လိုလားရင် ကရင်အမျိုး သား ဗဟိုစာ‌ပေ‌ပေါ်‌ပေါက်လာ‌အောင် သ‌ဘောထားကြီးကြီးနဲ့ ဘယ်စုံ‌ထောင့်စုံ ညှိနှိုင်းတိုင်ပင်ကြပါလို့ ‌ပြောကြားလိုပါတယ်”ဟု အခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

သင်တန်းဆင်းပွဲသို့ ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စောချစ်သူ၊ ကရင်အမျိုးသား အစည်းရုံး(‌ကေအဲန်ယူ)မှ ပဒို‌စောအားတိုး၊ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီမှ ဗိုလ်မှူးချုပ် ‌စောရင်နု၊ အစိုးရ စစ်ဆင်‌ရေးကွပ်ကဲမှု ဋ္ဌာနချုပ် စကခ(၁၂)မှူး ဗိုလ်မှူးချုပ် မျိုးမိုး‌အောင်၊ မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး၊ မြိုင်ကြီးငူ ‌ဒေသ စာချဆရာ‌တော်၊ နယ်ခံဆရာ‌တော်များနှင့် မြို့နယ် ၃မြို့နယ်ရှိ ‌ကျေးရွာ ၃၀‌ကျော်မှ သင်တန်းသူ သင်တန်းသားများအပါအဝင် ပရိဿတ် ၁,၀၀ဝ ‌ကျော် တက်‌ရောက်ခဲ့သည်။
width="690"