Home သတင်း ဖိလစ်ပိုင်‌ရောက် ကရင်လူငယ်များ စု‌ပေါင်း၍ ချစ်ကြည်‌ရေးအဖွဲ့ဖွဲ့စည်း

ဖိလစ်ပိုင်‌ရောက် ကရင်လူငယ်များ စု‌ပေါင်း၍ ချစ်ကြည်‌ရေးအဖွဲ့ဖွဲ့စည်း

1892

ဧပြီ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်လူငယ်များ၏ ပညာ‌ရေးကို ကူညီ‌ဆောင်ရွက်ရန် ရည်ရွယ်၍ ဖိလစ်ပိုင်နိုင်ငံ‌ရောက် ကရင်‌ကျောင်းသားလူငယ်အချို့ ပူး ‌ပေါင်းကာ ဖိလစ်ပိုင် ကရင်ချစ်ကြည်‌ရေးအဖွဲ့ (Philippines Kanyaw Fellowship)ကို ယခုနှစ် မတ်လက ဖွဲ့စည်းလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် သွား‌ရောက်ပညာသင်ကြား‌နေ‌သော ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်း-မြန်မာနယ်စပ်‌ဒေသရှိ ဒုက္ခသည်စခန်း မှလာသည့် ကရင်‌ကျောင်းသားလူငယ် (၁၀)ဦး‌ကျော်သည် ယခုနှစ် မတ်လက (Baguio မြို့၊ Marnatha Bible College)တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ပြုလုပ်ပြီး‌နောက် ထိုသို့ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု အဖွဲ့၏ အကြံ‌ပေး ‌စောမူးဒါးလဲပွယ်က ‌ပြောသည်။

၎င်းဖွဲ့စည်းလိုက်သည့် ဖိလစ်ပိုင် ကရင်ချစ်ကြည်‌ရေးအဖွဲ့ကို အဖွဲ့‌ခေါင်း‌ဆောင်အဖြစ် ‌စောဝီလီယံ၊ မှတ်တမ်းမှူးအဖြစ် ‌နော်အဲ့ဘ လျူမူး၊ ဆက်သွယ်‌ရေးတာဝန်ခံ ‌စောယွာထူး၊ အကြံ‌ပေးအဖြစ် ‌စောလူ့ဒို့နှင့် ‌စောမူးဒါးလဲပွယ်တို့ကို ‌ရွေးချယ်တင်‌မြှောက်လိုက် ခြင်းဖြစ်သည်။

ဖိလစ်ပိုင် ကရင်ချစ်ကြည်‌ရေးအဖွဲ့အ‌နေဖြင့် ဖိလစ်ပိုင်‌ရောက် ကရင်လူမျိုးများ အချင်းချင်း ချိတ်ဆက်ပူး‌ပေါင်းနိုင်‌ရေး၊ မြန်မာနိုင် ငံနှင့် နယ်စပ်‌ဒေသရှိ ပညာ‌ရေး စိတ်အားထက်‌သော ကရင်လူငယ်များကို ‌ထောက်ပံ့ကူညီ‌ပေး‌ရေးတို့ကို လုပ်‌ဆောင်သွားမည် ဟု ဆိုသည်။