Home သတင်း တိုင်း‌ဒေသကြီးနှစ်ခုရှိ မြို့နယ် ၁၃ခုတွင် မူလတန်းအဆင့် အ‌နောက်ပိုးကရင် သင်ရိုးညွှန်းတမ်း ၆၀၀ဝနီးပါး အခမဲ့ဖြန့်‌ဝေ

တိုင်း‌ဒေသကြီးနှစ်ခုရှိ မြို့နယ် ၁၃ခုတွင် မူလတန်းအဆင့် အ‌နောက်ပိုးကရင် သင်ရိုးညွှန်းတမ်း ၆၀၀ဝနီးပါး အခမဲ့ဖြန့်‌ဝေ

2007

ဧပြီ ၂၄ရက်၊ ၂၉၁၅ခုနှစ်။ စဖန်း‌ရှောင်း

နိုင်ငံရပ်ခြားတွင် သွား‌ရောက်အလုပ်လုပ်ကိုင်‌နေ‌သော ကရင်လူငယ်များဖြင့် ဖွဲ့စည်းထားသည့် အ‌နောက်ပိုးကရင် စာ‌ပေအ ကျိုးပြုလူငယ်များအဖွဲ့မှ စာ‌ပေသင်ကြား‌ရေး အ‌ထောက်အကူပြု မူလတန်းအဆင့် အ‌နောက်ပိုးကရင် သင်ရိုးညွန်းတမ်းစာအုပ် ၅၉၂၃အုပ်ကို တိုင်း‌ဒေသကြီးနှစ်ခုတွင် အခမဲ့ ဖြန့်‌ဝေ‌ပေးနိုင်ခဲ့‌ကြောင်း ၎င်းအဖွဲ့က ဆိုသည်။

အဖွဲ့ဦး‌ဆောင်သူတစ်ဦးဖြစ်သူ ကာတာနိုင်ငံမှ စခွားခွားက “ကျ‌နော်တို့အဖွဲ့က ဘာသာ‌ရေး၊ နိုင်ငံ‌ရေး လုံးဝ မပါဘဲ အမျိုးသားစာ ‌ပေအတွက် သီးသန့်ရည်ရွယ်ပြီးဖွဲ့တာပါ။ ခွဲခြားခြင်းမဟုတ်ဘဲ ကရင် ၃မျိုးထဲက အ‌နောက်ပိုးကရင်ဆိုရင် စာ‌ပေသင်တန်းနဲ့ စာ တတ်‌မြောက်သူ နည်းပါး‌နေ‌သေးတဲ့အပြင် အနိမ့်ကျဆုံးဖြစ်တဲ့အတွက် ပြန်ပြီး ထူ‌ထောင်လာဖို့နဲ့ အ‌ထောက်အကူပြုဖို့ အဖွဲ့ဖွဲ့ပြီး အခမဲ့ ဖြန့်‌ဝေ‌ပေးခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အ‌နောက်ပိုး ကရင်စာ‌ပေ ပိုမိုတတ်‌မြောက်‌ရေးအတွက် အ‌ထောက်အကူဖြစ်‌စေရန် ရန်ကုန်တိုင်း‌ဒေသကြီး ကွမ်းခြံကုန်းနှင့် ‌ကော့မှူးမြို့နယ် အပါအဝင် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ် ၁၃မြို့နယ်ကို အခမဲ့ ဖြန့်‌ဝေနိုင်ခဲ့ပြီး ၎င်းအဖွဲ့အ‌နေဖြင့် စာအုပ်များသာမက စာ‌ပေသင်ကြား‌ပေးသည့် ဆရာ၊ ဆရာမများအတွက် ‌ထောက်ပံ့‌ကြေးများ ကူညီ‌ပေးသည့်အပြင် လာမည့် နှစ်များ၌လည်း အ‌နောက်ပိုးကရင်စာ‌ပေများသာမက စ‌ကောကရင်စာ‌ပေများကိုပါ ထပ်မံ ဖြန့်‌ပေးနိုင်ရန် ကြိုးစားစီစဉ်လျက်ရှိ ‌ကြောင်းလည်း သူက ဆက်‌ပြောသည်။

ထိုသို့ အခမဲ့ ဖြန့်‌ပေးနိုင်‌ရေးအတွက် မြန်မာ အပါအဝင် ကိုရီးယား၊ ထိုင်း၊ မ‌လေးရှား၊ စကင်္ာပူ စသည့်နိုင်ငံများတွင် အလုပ်လုပ် ‌နေသည့် စိတ်ပါဝင်စားသူ ကရင်လူငယ်များက ၎င်းတို့၏ စု‌ပေါင်းလှူဒါန်း‌ငွေများဖြင့် ရန်ကုန်မြို့တွင် ပုံနှိပ်ပြီး ယခုနှစ် ဇန်နဝါရီလ ၂၈ရက်‌နေ့မှ စတင်ကာ ‌ဝေ‌ပေး‌နေခြင်းဖြစ်သည်။

ဖြန့်‌ဝေ‌ရေးအတွက် Karen Youth Association (KYA) မှ စ‌ကျော်မျိုး‌အောင်နှင့် OKYG မှ စ‌ကျော်စိုးတို့က ရန်ကုန်တွင် အ‌ခြေ စိုက်ကာ တာဝန်ယူထားပြီး လိုအပ်‌နေသည့် မြို့နယ်များသို့ အဓိကထားကာ ဖြန့်‌ပေး‌နေ‌ကြောင်း ဖြန့်‌ဝေမှုအစီအစဉ်များနှင့် ပတ် သက်၍ စ‌ကျော်စိုးက ယခုလို ‌ပြောသည်။

“စာအုပ်ဖြန့်ဖြူး‌ရေးအပိုင်းက‌တော့ အဓိက လိုအပ်အပ်ချက်ရှိတဲ့ ‌ဒေသအပြင်‌ပေါ့။ တစ်မြို့နယ်ကို ၃၀ဝနှုန်း သတ်မှတ်‌ပေးထား တယ်။ ဒါ‌ပေမယ့် တစ်ချို့‌ဒေသအ‌နေနဲ့ မလုံ‌လောက်တဲ့ ပြဿနာ‌တွေရှိ‌တော့ အဲဒီအ‌ပေါ်မှာ လိုတိုးပို‌လျှော့‌တော့ ရှိတယ်။ တုံ့ပြန် မှုက အားရစရာဖြစ်ပါတယ်။ တစ်ချို့နယ်‌တွေဆို ကူညီ‌ပေးပါ။ သူတို့ဘက်ကလည်း အလှူ‌ငွေပါဝင်မယ်ဆိုတာမျိုး‌တွေ ‌တွေ့ရ တယ်”ဟု စ‌ကျော်စိုးက ဆိုသည်။

အဖွဲ့၏ လှူဒါန်း‌ထောက်ပံ့သည့် မြန်မာကျပ်‌ငွေ ၂၀,၇၃၀,၅ဝတန်ဖိုးရှိ အ‌နောက်ပိုးကရင် မူလတန်းသင်ရိုးညွှန်းတမ်းစာအုပ်‌ပေါင်း ၈၀၂၃အုပ်ကို ပုံနှိပ်နိုင်ခဲ့ပြီး ကျန်ရှိ‌နေ‌သေးသည့် အုပ်‌ရေ ၂၁၀ဝ ကို ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံ‌တေးမြို့နယ်နှင့် ဧရာဝတီတိုင်း‌ဒေ သကြီးရှိ ဇလွန်နှင့် ဟသင်္ာတမြို့နယ်များသို့ ဆက်လက် ဖြန့်‌ဝေ‌ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

အ‌နောက်ပိုးကရင်စာ‌ပေအကျိုးပြုလူငယ်များအဖွဲ့ကို ကိုရီးယား၊ မ‌လေးရှား၊ ကာတာနှင့် မြန်မာနိုင်ငံရှိ ကရင်လူငယ်‌လေးဦးတို့ က ၎င်းတို့၏ စာ‌ပေတိုးတက်‌ရေးအတွက် ရည်ရွယ်၍ ၂၀၁၄ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။