Home သတင်း ကရင်ပြည်နယ်အတွင်း မီဒီယာဖွံ့ဖြိုးရန် Social Watch အဖွဲ့ အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

ကရင်ပြည်နယ်အတွင်း မီဒီယာဖွံ့ဖြိုးရန် Social Watch အဖွဲ့ အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

1344

‌ဖေ‌ဖော်ဝါရီ ၃ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်း သတင်းအ‌ရေအတွက် များလာရန်နှင့် မီဒီယာဖွံ့ဖြိုးရန် ရည်ရွယ်၍ သတင်း‌ထောက်များဖြင့် စု‌ပေါင်းဖွဲ့ စည်းထားသည့် Social Watch အဖွဲ့မှ ဦး‌ဆောင်ကာ ‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့၌ ကရင်ပြည်နယ် ဖားအံမြို့၊ သု‌မေဓါရာမ‌ကျောင်း တိုက်တွင် ‌ဒေသတွင်း မီဒီယာများ အခန်းကဏ္ဍ ‌ခေါင်းစဉ်ဖြင့် တစ်ရက်တာ အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲ ကျင်းပခြင်းအ‌ပေါ် Social Watch တာဝန်ခံ သက်ကိုကိုက “အ‌ကြောင်းက ‌ဝေးလံတဲ့ ‌ဒေသ‌တွေမှာ ပြည်သူ ‌တွေရဲ့ သတင်းအဖြစ်အပျက်‌တွေ ‌တော်ရုံတန်ရုံဂျာနယ်‌တွေမှာ မပါလာဘူး။ မပါလာတဲ့အတွက် သက်ဆိုင်ရာ‌တွေကလည်း အာရုံစိုက်မှု‌တွေ မရှိတဲ့အတွက် အဲဒါ‌တွေကို ‌ဖြေရှင်းချင်တယ်။ ‌နောက်တစ်ချက်က ‌ဒေသတွင်း မီဒီယာဖွံ့ဖြိုးတိုးတက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ‌ဒေသန္တရမီဒီယာ အခန်းကဏ္ဍများ ဖွံ့ဖြိုး‌ရေးအ‌ကြောင်း သိ‌ကောင်းစရာများ စသည်တို့ကို အဓိ က ရှင်းလင်း‌ဆွေး‌နွေးသွားပြီး ကရင်ပြည်နယ် မီဒီယာသမားများ၊ နိုင်ငံ‌ရေးပါတီများ အစိုးရဌာနဆိုင်ရာ အဖွဲ့များနှင့် လူမှုအ‌ခြေပြု အဖွဲ့အစည်း(CSO)များ အပါအဝင် စုစု‌ပေါင်း လူဦး‌ရေ ၆ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။
IMG_0174
ကရင်ပြည်နယ်အ‌ခြေစိုက် သတင်း‌ထောက်တစ်ဦးဖြစ်သူ ‌ဇော်ရဲထက်က “ကရင်ပြည်နယ်မှာ သတင်းရယူမှု အပိုင်းမှာ‌တော့ မလွတ်လပ်‌သေးပါဘူး။ လွှတ်‌တော်ဆိုလည်း ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ‌နောက်ပြီး ကရင်ပြည်နယ်လွှတ်‌တော်မှာ မီဒီယာ‌တွေ ကို ဝင်ခွင့်မ‌ပေးဘူး။ ဝင်ခွင့်‌ပေး‌တောင်မှ ဓာတ်ပုံပဲ ရိုက်လို့ရတယ်။ ဒါ‌ကြောင့် ဒီလို အလုပ်ရုံ‌ဆွေး‌နွေးပွဲ လုပ်တာ‌တော့ ‌ကောင်း တယ်လို့ မြင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဆွေး‌နွေးပွဲတွင် ပါဝင်ခဲ့သူ မြန်မာဂျာနယ်လစ်ကွန်ယက်မှ ဆရာမြင့်‌ကျော်က ယခု အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်ခြင်းအားဖြင့် များစွာ အ‌ထောက်အကူမပြု‌သော်လည်း CSO နှင့် ကရင်ပြည်နယ် မီဒီယာအဖွဲ့များ အချင်းချင်းအကြား အကျိုး‌ကျေးဇူးများ ရရှိလာသည့်အပြင် တက်‌ရောက်သူ သတင်းစိတ်ဝင်စားသူများက သတင်းအချက်အလက်များကို ‌ပေးပို့နိုင်ပါက မီဒီယာ‌လောက အတွက် ဖွံ့ဖြိုးတိုးတက်မှု တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်သည်ဟု ‌ပြောသည်။

သို့‌သော် တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲ‌ရေး ပြုလုပ်‌နေသည့်ကာလအတွင်း ကရင်ပြည်နယ်တွင် မီဒီယာဖွံ့ဖြိုးမှုအပိုင်းသည် မွန်ပြည်နယ်ထက် အားနည်း‌နေ‌သေး‌ကြောင်းလည်း မီဒီယာဖွံ့ဖြိုး‌ရေးကို ‌လေ့လာ သူများက သုံးသပ်‌ပြောဆိုသည်။

Social Watch အဖွဲ့သည် သတင်း‌ထောက်များ စု‌ပေါင်းဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ‌ဝေးလံသည့် ‌ဒေသအတွင်း သတင်း များ သွား‌ရောက်ရယူခြင်းနှင့် ‌ဒေသသတင်းများ ရှိလာရန် ‌ဒေသခံလူငယ်သတင်း‌ထောက် သင်တန်းများ ပြုလုပ်‌ပေးခြင်းများ ‌ဆောင်ရွက်လျှက်ရှိ‌ကြောင်း သိရသည်။