Home သတင်း ဆာသူး‌လေ ‌ရွှေ့‌ပြောင်း‌ကျောင်းတွင် ပထမဆုံးအကြိမ် အာစရိယ ပူ‌ဇော်ပွဲကျင်းပ

ဆာသူး‌လေ ‌ရွှေ့‌ပြောင်း‌ကျောင်းတွင် ပထမဆုံးအကြိမ် အာစရိယ ပူ‌ဇော်ပွဲကျင်းပ

2259

ဇန်နဝါရီ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းတစ်‌ကျောင်းဖြစ်သည့် ဆာသူး‌လေ အ‌ခြေခံပညာ အထက်တန်း‌ကျောင်းမှ ‌ကျောင်းသူ/သားများ ပူး‌ပေါင်း၍ ပထမဦးဆုံးအကြိမ် အာစရိယ ပူ‌ဇော်ပွဲ (ဆရာကန်‌တော့ပွဲ)ကိုု ယ‌နေ့ ဇန်နဝါရီ ၂၇ရက်‌နေ့၌ ဆာသူး‌လေ‌ကျောင်းတွင် ကျင်းပခဲ့သည်။

ပွဲဖြစ်‌မြောက်‌ရေး ဦး‌ဆောင်ကျင်းပသူ ၁၂တန်း‌ကျောင်းသူ နန်းအဲသဒါးက “ဆရာသမားဆိုတာ ဘုရား၊ တရား၊ သံဃာတို့အထဲမှာ တစ်ဂိုဏ်းတည်း ပဲ‌လေ။ ဒုတိယ မိဘဆိုလည်း ဟုတ်တယ်။ က‌လေး‌တွေရဲ့ ဘဝလှပ ‌အောင် ဆရာသမား‌တွေက အတတ်ပညာ‌ကော၊ အသိပညာ‌ကော မကပဲ ပညာမျိုးစုံကို သင်‌ပေးတဲ့အတွက် တုံ့ပြန်မှု တစ်ခုခု လုပ်သင့်တယ်ဆိုတဲ့ စိတ်နဲ့ ကျမတို့ ဒီအစီအစဉ်ကို လုပ်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆာသူး‌လေ အထက်တန်း‌ကျောင်းရှိ ‌ကျောင်းသူ/သားများသည် ဘာသာ‌ပေါင်းစုံ ကိုးကွယ်ကြသည့်အတွက် အခက်အခဲအမျိုးမျိုးကြားက ယခုလို ကျင်းပနိုင်ခဲ့သည့်အ‌ပေါ် ‌ကျောင်းသူ/သားများအ‌နေဖြင့်လည်း ဆရာသမားများ၏ ‌ကျေးဇူးတရားကို သိရှိနားလည်ပြီး လာမည့် နှစ်များတွင် လက်ဆင့်ကမ်း လုပ်‌ဆောင်သွားရန် ‌မျှော်လင့်‌ကြောင်း နန်းအဲသဒါးက ဆက်‌ပြောသည်။
DSC_1198
နံနက် ၉နာရီခွဲမှ ‌နေ့လည် ၁၂နာရီအထိ ကျင်းပသည့် အဆိုပါ အာစရိယ ပူ‌ဇော်ပွဲတွင် ‌ကျောင်းဆရာ၊ ဆရာမ များကို ပူ‌ဇော်ကန်‌တော့ခြင်း၊ ‌ကျောင်းဆရာ ဆရာမများဘက်မှ အား‌ပေးစကားပြန်လည်‌ပြောကြားခြင်း၊ ‌ကျောင်းသူ/သားများဘက်မှ ဂုဏ်ပြုစကား‌ပြောခြင်း၊ ‌တေးသီချင်းနှင့် ကပြ‌ဖျော်‌ဖြေမှုများဖြင့် တင်ဆက် ကပြ‌ဖျော်‌ဖြေခဲ့ကြသည်။

ဆာသူး‌လေ ‌ကျောင်းအုပ်ဆရာမကြီး ‌နော်ဆာအယ်က “‌ကျောင်းသူ/သား ကိုယ်တိုင်ကပဲ ဦး‌ဆောင်ကျင်းပတာ ဖြစ်တဲ့အတွက် သူတို့‌တွေဟာ ‌ကျောင်းဆရာ ဆရာမ‌တွေရဲ့ ဂုဏ်‌ကျေးဇူးကို သိတတ်ပြီးလိမ္မာတဲ့ ‌ကျောင်းသူ ‌ကျောင်းသား‌တွေဖြစ်တယ်။ အနာဂတ်အတွက် ‌တောက်ပလာမယ့် က‌လေး‌တွေပါ။ ဆရာမ အ‌နေနဲ့ အရမ်းဝမ်းသာ ပီတိ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ အခမ်းအနားသို့ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပညာ‌ရေး‌ကော်မတီ(BMWEC)ဥက္ကဋ္ဌ ‌နော်‌ဖော‌ရေ နှင့် ‌ကော်မတီဝင်များ၊ ဆာသူး‌လေ ‌ကျောင်းအုပ် ဆရာမကြီး ‌နော်ဆာအယ်၊ ‌ကျောင်းဆရာ/မများနှင့် ‌ကျောင်းသူ‌ကျောင်းသားများအပါအဝင် ၉၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ဆာသူး‌လေအထက်တန်း‌ကျောင်းကို ၁၉၉၉ခုနှစ် စက်တင်ဘာ ၉ ရက်‌နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၆ နှစ်‌ကျော် ကာလအတွင်း အာစရိယ ပူ‌ဇော်ပွဲကို ပထမဦးဆုံးကျင်းပခြင်းလည်းဖြစ်သည်။ ဆာသူး‌လေ အထက်တန်း ‌ကျောင်း၏ ယခုနှစ် ၂၀၁၄-၁၅ပညာသင်နှစ်တွင် မူကြိုမှ ၁၂တန်းအထိ ‌ကျောင်းသူ‌ကျောင်းသား စုစု‌ပေါင်း ၉၂၇ ဦးနှင့် ‌ကျောင်းဆရာ/မ (၄၂)ဦးရှိ‌ကြောင်း သိရသည်။