Home သတင်း ‌ကျေးလက်အ‌ခြေပြု သက်‌မွေးပညာသင်တန်းစတင်ရန် ဖားအံတွင် မိတ်ဆက်ပွဲ ပြုလုပ်

‌ကျေးလက်အ‌ခြေပြု သက်‌မွေးပညာသင်တန်းစတင်ရန် ဖားအံတွင် မိတ်ဆက်ပွဲ ပြုလုပ်

1785

ဇန်နဝါရီ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်တွင် အလုပ်သမားစွမ်း‌ဆောင်ရည် မြှင့်မားလာ‌စေရန်ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးတို့ ပူး‌ပေါင်းကာ ‌ကျေးလက်အ‌ခြေပြု သက်‌မွေးပညာသင်တန်း မိတ်ဆက်ပွဲတစ်ရပ်ကို ဇန်နဝါရီ ၂၆ ရက်‌နေ့က ဖားအံမြို့ ဇွဲကပင်ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

ယင်း‌ကျေးလက်အ‌ခြေပြု သက်‌မွေးပညာသင်တန်း စတင်နိုင်ရန် ဆွစ်နည်းပညာ ပူး‌ပေါင်း‌ဆောင်ရွက်‌ရေး ‌ဖောင်‌ဒေးရှင်း (Swisscontact)နှင့် နိုင်ငံတကာ ‌ရွှေ့‌ပြောင်းသွားလာခြင်းဆိုင်ရာ အဖွဲ့အစည်း(IOM)တို့မှ ၂၀၁၅ခုနှစ်အတွင်း ‌ဆောင်ရွက်သွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးမှ သံအမတ်ကြီး Mr. Christoph Burgener က မိတ်ဆက်ပွဲ အခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

“ဒီကရင်ပြည်နယ်မှာ အထူးလိုအပ်တဲ့ အလုပ်သမားစွမ်း‌ဆောင်ရည်မြှင့်မားသွား‌စေဖို့ တိုးတက်လာ‌စေဖို့ ဆွစ်ဇာလန်နိုင်ငံက‌နေ ပံ့ပိုးသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် လယ်ယာစိုက်ပျိုး‌ရေးနဲ့ ကျန်းမာ‌ရေး ပညာ‌ရေး အပြင် ဒီလို အသက်(မ)‌မွေးဝမ်း‌ကျောင်းပညာပိုမိုတိုးတက်ဖို့ကို ကရင်ပြည်နယ်မှာ ပံ့ပိုးသွားမှာ ဖြစ်ပါတယ်” ဟု Mr. Christoph Burgener က ‌ပြောဆိုခဲ့သည်။

ထို့အပြင် ‌ဒေသတွင်း အသက်‌မွေးဝမ်း‌ကြောင်းသင်ကြားခြင်းသည် ဆွစ်ဇာလန်နိုင်ငံ၏ အ‌ကောင်အထည် ‌ဖော်‌နေသည့် အသက်‌မွေးဝမ်း‌ကျောင်း ကျွမ်းကျင်မှု ဖွံ့ဖြိုး‌ရေးအစီအစဉ် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြန်မာ နိုင်ငံအ‌ရှေ့‌တောင်ပိုင်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကို လူသားချင်းစာနာ‌ထောက်ထားသည့် ပံ့ပိုးမှုများ ‌ပေးသွားမည်ဟု သံအမတ်ကြီးက ဆက်‌ပြောသည်။

၎င်းအခမ်းအနားတွင် Mr. Christoph Burgener အပါအဝင် ဆွစ်နည်းပညာ ပူး‌ပေါင်း‌ဆောင်ရွက်‌ရေး ‌ဖောင်‌ဒေးရှင်း (Swisscontact)နှင့် IOM တာဝန်ရှိသူများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းနှင့် ဝန်ကြီးအဖွဲ့များ၊ ပြည်နယ်လွှတ်‌တော်ဥက္ကဌနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစု‌ပေါင်း ၂၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌ကေအဲန်ယူ ဗဟိုဆက်ဆံ‌ရေးရုံး ဒုတာဝန်ခံ ပဒိုမန်းသိန်းက “အခု လုပ်မယ့်အရာ‌တွေဟာ ပြည်သူက သူတို့ ဆီကို အလုပ်ဝင်လို့ရ‌အောင် ‌ဖော်‌ဆောင်တဲ့ ရင်းနှီးမြုပ်နှံမှု အကြီးကြီး ‌မြေ‌တွေ အများကြီးယူပြီး ရင်းနှီးမြုပ် နှံမယ့် အလုပ်မျိုးကျရင် သူတို့နိုင်ငံက လူကို မ‌ခေါ်လာပဲနဲ့ ဒီ‌ဒေသက လူ‌တွေကို အလုပ်ခန့်လို့ရ‌အောင်၊ ‌ဒေသခံ‌တွေလည်း အလုပ်ရ‌အောင် ‌ဖော်‌ဆောင်တဲ့ သ‌ဘောမျိုး‌တော့ ရှိတယ်လို့ မြင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သို့‌သော် ဆွစ်ဇာလန်နိုင်ငံမှ ‌ကျေးလက်အ‌ခြေပြု သက်‌မွေးပညာသင်တန်း အ‌ကောင်အထည်‌ဖော်နိုင်ရန် ဆွစ်နည်းပညာပူး‌ပေါင်း‌ဆောင်ရွက်‌ရေး‌ဖောင်‌ဒေးရှင်း (Swisscontact)နှင့် မြန်မာနိုင်ငံ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံ‌ရေးဝန်ကြီးဌာနတို့မှ သ‌ဘောတူညီမှု စာချွန်လွှာ လက်မှတ်‌ရေးထိုး ပြီးမှသာ လုပ်ငန်းစီမံကိန်းများ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရှိရသည်။

ဆွစ်နည်းပညာပူး‌ပေါင်း‌ဆောင်ရွက်‌ရေး ‌ဖောင်‌ဒေးရှင်း Swisscontact သည် ဂျာမနီနိုင်ငံ အ‌ခြေစိုက် အသက်‌မွေးဝမ်း‌ကျောင်းကျွမ်းကျင်မှု၊ အလုပ်အကိုင်ရှာ‌ဖွေ‌ရေးနှင့် လူမှုဆက်ဆံ‌ရေးလမ်းစဉ်များ ချမှတ် ကျင့်သုံးသည့်အဖွဲ့တို့နှင့် ပူး‌ပေါင်းဖွဲ့စည်းထား သည့် အစိုးရမဟုတ်‌သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။