Home သတင်း ဖားအံတွင် ပြုလုပ်သည့် ပထမဆုံးအကြိမ် ကရင်စာ‌ပေဆရာဖြစ်ရက်တိုသင်တန်း လူ ၅၀ဝ ‌ကျော် တက်‌ရောက်

ဖားအံတွင် ပြုလုပ်သည့် ပထမဆုံးအကြိမ် ကရင်စာ‌ပေဆရာဖြစ်ရက်တိုသင်တန်း လူ ၅၀ဝ ‌ကျော် တက်‌ရောက်

1681

ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ဖားအံမြို့အ‌ခြေစိုက် ကရင်စာ‌ပေယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်းမှ ဦး‌ဆောင်၍ ဒီဇင်ဘာ ၂၆ရက်မှ ၂၉ရက်‌နေ့အထိ ဖာအံမြို့၊ အထက(၂)‌ကျောင်းတွင် ပြုလုပ်သည့် ပထမဆုံးအကြိမ် ကရင်စာ‌ပေဆရာဖြစ်ရက်တိုသင်တန်းတစ်ရပ်ကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသင်္ာရီတိုင်းတို့မှ သင်တန်းသူသင်တန်းသား ၅၀၀‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

သင်တန်းကျင်းပခြင်းအ‌ပေါ် ကရင်စာ‌ပေယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်း ဥက္ကဌ‌စော‌အေးမြက “‌လော‌လောဆယ်နိုင်ငံ‌တော်က ထုတ်ပြန်ထားတဲ့ တိုင်းရင်းသား‌ပေါင်းစုံရဲ့ စာ‌ပေသင်ကြား‌ရေးကိစ္စမှာ ဆရာဆရာမ‌တွေ လိုအပ်ချက် အများကြီးရှိတယ်။ အဲဒီ လိုအပ်ချက်တဲ့‌တွေ ဖြည့်ဆည်းဖို့နဲ့ ‌နောင်တချိန်မှာ အ‌ခြေခံပညာမူလတန်းအဆင့်မှာ ပြည့်ပြည့်ဝဝ သင်ကြားနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်တာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သင်တန်းပြုလုပ်ခြင်းအားဖြင့် အ‌ခြေခံပညာမူလတန်း‌ကျောင်းတွင် ကရင်စာ‌ပေသင်ကြား‌နေသည့် ဆရာ ဆရာမများအတွက် အ‌ထောက်အကူပြုနိုင်မည်ဖြစ်သလို ‌နောင်လာမည့် အချိန်၌လည်း ပညာ‌ရေးဥပ‌ဒေအရ ပြဌာန်းထားသည့်အတိုင်း နိုင်ငံ‌တော်မှ ပံ့ပိုး‌ပေးမည့် သင်တန်း‌ကျောင်းမျိုးဖြစ်‌အောင် ကြိုးပမ်းသွားမည်ဟု ‌စော‌အေးမြက ဆက်‌ပြောသည်။
???????????????????????????????
၎င်းသင်တန်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဆရာ‌တော်သံဃာ‌တော်များနှင့် ရပ်မိရပ်ဖများတို့မှ ပံ့ပိုး‌ငွေ များဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းနည်းပြဆရာ ၁၁ဦးဖြင့် အ‌ရှေ့ပိုးကရင်စာ‌ပေနှင့် စ‌ကောကရင်စာ‌ပေ တို့ကို သင်ကြားပို့ချသွားမည်ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ယ‌နေ့မနက် ၆နာရီမှ ၈နာရီ‌ကျော်အထိ သင်တန်းဖွင့်ပွဲအဖြစ် ပြုလုပ်သည့် အခမ်းအနားတွင် ကရင်စာ‌ပေယဉ်‌ကျေးမှု ဥက္ကဌ‌စော‌အေးမြ၊ ပြည်သူ့ လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေအွာ၊ ကရင်ပြည်နယ် လွှတ်‌တော်ဥက္ကဌ‌စော‌အောင်‌ကျော်မင်း၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ ဒု-ဥက္ကဌ မန်း‌အောင်ပြည်စိုး၊ ဖားအံ ခရိုင်ပညာ‌ရေးမှူး ‌ဒေါ်‌အေးသန်း၊ ဆရာ‌တော်သံဃာ‌တော်များနှင့် သင်တန်းသူသင်တန်းသားများ စုစု‌ပေါင်း ၅၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနား တက်‌ရောက်ခဲ့သည့် ကရင်စာ‌ပေဆရာဖြစ်သင်တန်း နည်းပြဆရာတစ်ဦးဖြစ်သူ ‌စောလျာ ‌ဖောင်မနိုက်ထွန့် “ကျ‌နော်က ဒီသင်တန်းမှာ အ‌ရှေ့ပိုးကရင်စာ‌ပေ သင်ကြားမှာ ဖြစ်ပါတယ်။ အဓိက‌တော့ အ‌ခြေခံ သင်ရိုးညွှန်းတမ်း(လိက်ခင်းထာ်)‌ကျေ‌အောင်၊ ပြီးလို့ရှိရင် က‌လေး‌တွေကို ပြန်သင်ကြားတဲ့အခါမှာ သင်ပုံသင်နည်း‌တွေ ‌ဆွေး‌နွေး‌ပေးသွားမယ်။ ကိုယ့်ရဲ့တိုင်းရင်းသား စာ‌ပေယဉ်‌ကျေးမှု မျိုးချစ်စိတ်‌လေး ‌တွေကိုလည်း ထည့်သွင်း‌ဟော‌ပြော‌ပေးသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သင်တန်းသူတစ်ဦးဖြစ်သည့် နန်းယဉ်ယဉ်‌ဌေးက “ကျမက ရွာမှာ ‌ကျောင်းဆရာမလုပ်တယ်။ ‌ကျောင်းမှာ ‌တော့ ကရင်စာ‌ပေနဲ့ ပတ်သက်ပြီး သင်ကြားတာမရှိ‌သေးဘူး။ ‌နွေရာသီ အစိုးရ‌ကျောင်းပိတ်ရက်မှာပဲ သင်တယ်။ ကိုယ့်ရဲ့ဘာသာစာ‌ပေကို ဒီထက်မက မြှင့်တက်လာ‌အောင် ကျမက ဒီသင်တန်းကို တက်‌ရောက်တာပါ။ ဒီသင်တန်းပြီးသွားရင် ရွာက က‌လေး‌တွေကို ပြန်သင်‌ပေးသွားမယ်”ဟု ‌ပြောဆိုသည်။

ကရင်အမျိုးသားများ၏ ကရင်စာ‌ပေကို ထိန်းသိမ်းရန်နှင့် လူငယ်များ ကရင်စာ‌ပေကို တတ်‌မြောက်ရန်၊ သင်ကြား‌ရေးကိစ္စများစည်းလှုံ့‌ဆော်ရန်ရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် ကရင်ပြည်နယ် ကရင်စာ‌ပေယဉ် ‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်းကို ၁၉၉ဝခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။