Home သတင်း မြန်မာနိုင်ငံဗြိတိသျှသံအမတ် ‌ကေအဲန်ယူနှင့် အလွတ်သ‌ဘော လာ‌ရောက်‌တွေ့ဆုံ

မြန်မာနိုင်ငံဗြိတိသျှသံအမတ် ‌ကေအဲန်ယူနှင့် အလွတ်သ‌ဘော လာ‌ရောက်‌တွေ့ဆုံ

1624

ဒီဇင်ဘာ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးဖြစ်သူ Mr. Andrew Partrick သည် ဒီဇင်ဘာလ ၂၃ရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟိုဆက်ဆံ‌ရေးရုံးသို့ သွား‌ရောက်ခဲ့ပြီး ‌ကေအဲန်ယူ တာဝန်ရှိသူများနှင့် အလွတ်သ‌ဘော ‌တွေ့ဆုံခဲ့‌ကြောင်း ‌ကေအဲန်ယူ ဗဟိုဆက်ဆံ‌ရေးရုံး တာဝန်ခံ ဗိုလ်မှူး‌စောရှီးရှိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အလွတ်သ‌ဘော ‌ဆွေး‌နွေးပွဲတွင် ‌ကေအဲန်ယူ ကာကွယ်‌ရေးဌာန တာဝန်ခံ ပဒို‌စော‌ရောဂျာခင်၊ ‌ကေအဲန်ယူ ဗဟို ဆက်ဆံ‌ရေးရုံး တာဝန်ခံ ဗိုလ်မှူး‌စောရှီးရှိုတို့က လက်ခံ‌တွေ့ဆုံခဲ့ပြီး ကရင်‌ဒေသအတွင်း အပစ်အခတ်ရပ်စဲ‌ရေးအ‌ခြေအ‌နေ၊ ‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေး အ‌ခြေအ‌နေများကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးက ‌မေးမြန်းသွားခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူး‌စောရှီးရှိုက “‌ဒေသတွင်းမှာ လူထု‌တွေအတွက် အဓိကလိုအပ်ချက်က ဘာ‌တွေလဲ‌ပေါ့။ ဒီငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင် ‌ရေးနဲ့ပတ်သက်ပြီး ‌မေးတယ်။ သူက ကရင်ပြည်နယ်ကို တစ်ခါမှ မ‌ရောက် ဖူးဘူး။ တကယ်ဆို ‌ကေအဲန်ယူအတွင်း ‌ရေးမှူးချုပ်နဲ့ ချိန်းထားတာ အတွင်း‌ရေးမှူးချုပ်က မအားလို့ ပဒို‌စော‌ရော်ဂျာခင်နဲ့ပဲ ‌တွေ့ခဲ့တယ်”ဟု ‌ပြောဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Mr. Andrew Partrick ၏ ယခု ခရီးစဉ်တွင် ဒီဇင်ဘာ ၂၃ မှ ၂၄ရက်‌နေ့အထိ ကြာမြင့်ခဲ့ပြီး ခရီးစဉ်အတွင်း ‌ကေအဲန်ယူအပြင် ကရင်ပြည်နယ်ရှိ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်များ၊ အစိုးရအဖွဲ့များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့်လည်း ‌တွေ့ဆုံခဲ့‌ကြောင်း သိရှိရသည်။
IMG_0604
Mr. Andrew Partrick က“ဒီလိုအဖွဲ့အစည်း‌တွေနဲ့ ‌တွေ့ရတဲ့အ‌ကြောင်းက ဒီပြည်နယ် မှာ ကြုံ‌တွေ့‌နေရတဲ့ ပြဿနာ‌တွေကို ပိုပြီးနားလည်‌အောင် ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ပြဿနာ အများအပြားရှိ‌နေပါတယ်။ အလားတူစွာပဲ ကရင်ပြည်နယ်ဟာ တကယ်လို့သာ ငြိမ်းချမ်း‌ရေးသာ ရရှိခဲ့မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်း‌တွေ အများ ကြီးရှိပါတယ်။ ကရင်ပြည်နယ်ဟာ အ‌ကြောင်းအရာမျိုးစုံ အခွင့်အလမ်း‌တွေ နည်းပါးခဲ့ရတယ်ဆိုတာ သိသာထင်ရှားပါတယ်”ဟု ‌ပြောဆိုသည်။

ထို့အပြင် ကရင်ပြည်နယ်၏ စီးပွား‌ရေးဖွံ့ဖြိုးတိုးတက်မှု ကျန်းမာ‌ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်း‌တွေများ အလျင်အမြန် ဖွံ့ဖြိုး တိုးတက်လာ‌ရေးအတွက် ‌မျှော်လင့်ကာ အ‌ပြောင်းအလဲများဖြစ်လာရန် အချိန်အနည်းငယ်ယူရမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဖြစ်‌မြောက်‌ရေးကိစ္စရပ်များ လုပ်နိုင်သည့်အပိုင်းကို တာဝန်ယူလုပ်‌ဆောင်သွားမည်ဖြစ်သည်ဟု ၎င်းက ဆက်‌ပြောသည်။

ကရင်ပြည်နယ်၏ ကျန်းမာ‌ရေးကဏ္ဍတွင် ကိုယ်ခံအားကျဆင်းမှု ‌ရောဂါ၊ အူ‌ရောင်ငန်းဖျား‌ရောဂါ၊ ငှက်ဖျား‌ရောဂါတိုက်ဖျက်‌ရေး တို့ကို ရန်ပုံ‌ငွေမှတဆင့် ပံ့ပိုး‌ပေးလျက်ရှိကြာင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးက ‌ပြောသည်။ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးအ‌နေဖြင့် ဖားအံမြို့ရှိ ‌ကေအဲန်ယူ တာဝန်ရှိသူများနှင့် ယခုလို သွား‌ရောက်‌တွေ့ဆုံ သည်မှာ ပထမဆုံးအကြိမ်ဖြစ်‌ကြောင်း သိရသည်။