Home သတင်း ‌တော‌နော(‌ဒေါန) ကရင်အထက်တန်း‌ကျောင်း‌ဆောင်သစ် ဖွင့်လှစ်

‌တော‌နော(‌ဒေါန) ကရင်အထက်တန်း‌ကျောင်း‌ဆောင်သစ် ဖွင့်လှစ်

1499

၂၀၁၄ခုနှစ်၊ ဧပြီလက ‌တော‌နော အထက်တန်း‌ကျောင်း‌ဆောင် တည်‌ဆောက်စဉ်ကာလပုံ

နိုဝင်ဘာ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ‌ဒေါနအ‌ရှေ့ဘက်ခြမ်း ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(DKBA) အ‌ခြေစိုက်ရာ ‌သေ့‌ဘောဘိုးရွာတွင် ‌တော‌နော(‌ဒေါန) ကရင်အထက်တန်း‌ကျောင်း‌ဆောင်သစ်ကို နိုဝင်ဘာ ၁၅ ရက်‌နေ့က ဖွင့်လှစ်ခဲ့သည်ဟု ‌တော‌နော စာသင်‌ကျောင်း‌ကော်မတီဝင်တစ်ဦးဖြစ်သူ ‌နော်စန္ဒာဝိုင်းက ‌ပြောသည်။

“အခုက စာသင်‌ကျောင်း‌ဆောင်‌တော့ ‌ဆောက်လုပ်ပြီးသွားပြီ။ ဒါ‌ပေမဲ့ ‌ကျောင်းသား‌တွေ‌နေဖို့ ‌ဘော်ဒါ‌ဆောင် ‌တော့ ‌ဆောက်ဖို့လို‌သေးတယ်။ ‌လော‌လောဆယ် ‌ကျောင်းကို ‌သေ့‌ဘောဘိုး အလယ်တန်း‌ကျောင်းအ‌နေနဲ့ပဲ စာသင်ကြား‌ပေး‌နေပါတယ်။ အထက်တန်းအဆင့် ‌ကျောင်းဖွင့်လှစ်တဲ့အခါ ‌တော‌နော ဆိုတဲ့နာမည်နဲ့ ‌ခေါ်‌ဝေါ်သွားမယ်”ဟု ‌နော်စန္ဒာဝိုင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေသခံက‌လေးများ၏ ပညာ‌ရေးမြှင့်လာရန် ရည်ရွယ်၍ ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောဗျူဟာ၊ ‌ကော့ကရိတ် မြို့နယ် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ‌ဒေသခံလူထုများအပါအဝင် ထိုင်းနိုင်ငံအ‌ခြေစိုက် Global Neighbors Thailand အလှူရှင်အဖွဲ့တို့၏ ‌ထောက်ပံ့‌ပေးမှုဖြင့် ‌သေ့‌ဘောဘိုး အလယ်တန်းအဆင့် စာသင် ‌ကျောင်းကို အထက်တန်းအထိ ‌ကျောင်း‌ဆောင်တည်‌ဆောက်လာခြင်းဖြစ်သည်။

‌တော‌နော အထက်တန်း‌ကျောင်း‌ဆောင်သစ် ဖွင့်လှစ်ပွဲတွင် နယ်‌မြေခံ DKBA တာဝန်ရှိသူများ၊ မြို့နယ် KNU တာဝန်ရှိသူများနှင့် ကရင်ပညာ‌ရေးဌာန(KED)မှ တာဝန်ရှိသူများ၊ မြို့နယ်ပညာ‌ရေး‌ကော်မတီတာဝန်ရှိသူများ၊ Global Neighbors Thailand အလှူရှင်အဖွဲ့မှ တာဝန်ရှိသူများ၊ ‌ဒေသခံပြည်သူများ၊ ‌ကျောင်းသူ‌ကျောင်းသား များ စုစု‌ပေါင်း ၃၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌သေ့‌ဘောဘိုး‌ကျောင်းတွင် လက်ရှိ စာသင်ကြား‌နေသည့် ‌ကျောင်းဆရာ‌စောအဲဖိုးက “အခုဆိုရင် ‌ဒေါနအ‌ရှေ့ ဘက်ခြမ်းမှာ ကရင်အထက်တန်း‌ကျောင်း မရှိ‌သေးဘူး။ ‌နောက်ပြီးရှိတဲ့ ‌ကျောင်း‌တွေက အစိုးရစာသင်‌ကျောင်း များတယ်။ ဒါ‌ကြောင့် DKBA က အဖိုး‌စောလားပွယ်(ဗိုလ်ချုပ်‌စောလားပွယ်)က‌နေ ကရင်အထက်တန်း‌ကျောင်း ပြုလုပ်‌ပေးဖို့ သူအကြံအဉာဏ်‌ပေးတဲ့အတွက် အခုလို အထက်တန်း‌ကျောင်းဖြစ်‌မြောက်သွားတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အသစ်ဖွင့်လှစ်လိုက်သည့် အထက်တန်း‌ကျောင်း‌ဆောင်သည် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်တည် ‌ဆောက်လာခဲ့ရာ ယခုပြီး‌မြောက်ပြီးဖြစ်‌သော်လည်း လာမည့် စာသင်နှစ်အတွင်း ‌ကျောင်းဆရာ၊ ‌ကျောင်းဆရာမများနှင့် ‌ထောက်ပံ့‌ကြေး အကူအညီများရရှိရန် လိုအပ်‌နေ‌သေးသည်ဟု သိရသည်။

၎င်း‌ကျောင်း၌ ယခုစာသင်နှစ်တွင် ‌သေ့‌ဘောဘိုး၊ ‌လေး‌ဝေါ်၊ ‌မောကဲထာ့ စသည့်ရွာများနှင့် ‌ဒေါနအ‌နောက်ဘက် ခြမ်းရှိ ‌ကျေးရွာအချို့တက်‌ရောက်ခဲ့သလို ‌ရွှေ့‌ပြောင်း‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသားများ ပြန်လာတက် ‌ရောက်မှုများရှိပြီး လက်ရှိ ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၁၇၆ ဦး ရှိသည်ဟု ‌ကျောင်းဆရာ‌စောအဲဖိုးက ‌ပြောသည်။

ထို့အပြင် ‌တော‌နော အထက်တန်း‌ကျောင်းဖွင့်လှစ်ပါက ‌သေ့‌ဘောဘိုးရွာအနီး တာအူထာ့၊ ကွီးလားစု၊ အိုးက‌လေးထာ့၊ ‌မောကဲထာ့၊ ဝါ့မင်းထာ့၊ ‌လေး‌ဝေါ်၊ လယ်ဒို့၊ ‌ကော်ဆဲ နှင့် အကျူး စသည့် ‌ကျေးရွာများရှိ က‌လေးများက လာ‌ရောက်တက်ကြရန် ရှိသည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

KED သင်ရိုးညွန်းတမ်းဖြင့် ကရင်စာ၊ မြန်မာစာ၊ ထိုင်း၊ အဂင်္လိပ်၊ သမိုင်း၊ သိပ္ပံ၊ ပထဝီ၊ သချာင်္စသည့် ဘာသာရပ် ၈ခု သင်ကြားလျှက်ရှိ‌သော လက်ရှိ ‌သေ့‌ဘောဘိုး အလယ်တန်း‌ကျောင်းသည် လာမည့်စာသင်နှစ်တွင် ‌တော‌နော(‌ဒေါန)အမည်ဖြင့် အထက်တန်း‌ကျောင်းဖြစ်လာမည်ဟု သိရသည်။