Home သတင်း KAF ဖွဲ့စည်းပုံကို စနစ်တကျ သတ်မှတ်အတည်ပြုသွားမည်ဟု DKBA ‌ပြောဆို

KAF ဖွဲ့စည်းပုံကို စနစ်တကျ သတ်မှတ်အတည်ပြုသွားမည်ဟု DKBA ‌ပြောဆို

1843

‌အောက်တိုဘာ ၂၁ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

‌ကော်သူး‌လေတပ်မ‌တော်(KAF)၏ ဖွဲ့စည်းပုံကို စနစ်တကျ သတ်မှတ်အတည်ပြုသွားရန် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA) ဌာနချုပ်တည်ရှိရာ ‌ကော်သူးမွဲခီး(ဆုံဆည်းမြိုင်)‌ကျေးရွာတွင် ‌အောက်တိုဘာလ ၂၉ရက်‌နေ့မှစ၍ ‌ဆွေး‌နွေးပွဲတစ်ရပ် ကျင်းပမည်ဖြစ်သည်ဟု သိရသည်။

ယင်း‌ဆွေး‌နွေးပွဲနှင့် ပတ်သက်၍ DKBA မြဝတီဆက်ဆံ‌ရေးရုံး တာဝန်ခံ ဗိုလ်ကြီး‌စောစိုးမြင့်က “အခု KAF ဖွဲ့လိုက်တဲ့အ‌ပေါ်မှာ တချို့က သ‌ဘောတူတဲ့သူရှိသလို သ‌ဘောမတူတဲ့သူ‌တွေလည်း ရှိတယ်‌လေ။ ဒီလိုအမြင်‌တွေ အမျိုးမျိုးဖြစ်‌နေတဲ့အ‌ပေါ်မှာ အ ချင်းချင်း ညှိနှိုင်း‌ဆွေး‌နွေးပြီး ဒီဟာကို စနစ်တကျနဲ့ဖြစ်သွား‌အောင် ပြန်လုပ်ဖို့ ‌ဆွေး‌နွေးမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

‌ဆွေး‌နွေးပွဲကို ‌အောက်တိုဘာလ ၂၉ရက်‌နေ့စတင်မည်ဟု သတ်မှတ်ထား‌သော်လည်း ‌ဆွေး‌နွေးမည့်အ‌ကြောင်းအရာများနှင့် ‌ဆွေး‌နွေးပွဲ ကြာမြင့်မည့် ရက်အတိအကျကို သတ်မှတ်ထားခြင်းမရှိ‌သေးဘဲ ‌ဆွေး‌နွေးမှုရလဒ်‌ပေါ်တွင်သာ မူတည်မည်ဟု ဗိုလ် ကြီး‌စောစိုးမြင့်က ဆက်‌ပြောသည်။

‌ကော်သူး‌လေတပ်မ‌တော် (KAF)ကို ကရင်တိုင်းရင်းသား‌တော်လှန်‌ရေးလက်နက်များအဖွဲ့များဖြစ်သည့် ကရင်အမျိုးသားလွတ် ‌မြောက်‌ရေးတပ်မ‌တော်(KNLA)၊ ကရင်အမျိုးသားကာကွယ်‌ရေးအဖွဲ့(KNDO)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော် (DKBA) နှင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ စသည့်အဖွဲ့များ ‌ပေါင်းစည်းကာ ‌အောက်တိုဘာလ ၁၃ရက်‌နေ့က ပြန်လည်ဖွဲ့စည်း ‌ကြောင်း ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

၎င်းအပြင် ‌အောက်တိုဘာလ ၁၉ရက်‌နေ့က ဆုံဆည်းမြိုင်‌ကျေးရွာတွင် KNLA စစ်ဦးစီးချုပ် အပါအဝင် ကရင်အမျိုးသားအစည်း အရုံး (KNU)‌ခေါင်း‌ဆောင်များနှင့် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောလားပွယ် အပါအဝင် ‌ခေါင်း‌ဆောင်အချို့က အကြိုညှိနှိုင်း ‌ဆွေး‌နွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းသို့ ‌ဆွေး‌နွေးရာတွင်လည်း အလွတ်သ‌ဘောမျိုးသာ သွား‌ရောက်‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု KNLA စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ် ချုပ်ကြီး‌စော‌ဂျော်နီက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကျ‌နော်တို့သွား‌တွေ့တယ်ဆိုတာ အချင်းချင်း အလွတ်သ‌ဘော ‌တွေ့ဆုံတာပဲရှိပါတယ်။ ဘာမှ မ‌ဆွေး‌နွေးရ‌သေးပါဘူး။ ပြီး‌တော့ လာမယ့် ၂၉ရက်‌နေ့ ‌ဆွေး‌နွေးတက်ဖို့ကလည်း မသိရ‌သေးဘူး”ဟု ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက ‌ပြောဆိုသည်။

ဆုံဆည်းမြိုင်တွင် ကျင်းပမည့် ‌ဆွေး‌နွေးပွဲကို (KAF) အဖွဲ့ဝင်‌ခေါင်း‌ဆောင်များ၊ KNU နှင့်တကွ အခြား‌သော တိုင်းရင်းသား‌ခေါင်း ‌ဆောင်များ၊ မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေး ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းဗဟိုဌာန(MPC)အပြင် အခြား‌သော အုပ်ချုပ်‌ရေးပိုင်းဆိုင် ရာ အာဏာပိုင်များကို ဖိတ်ကြားသွားရန်ရှိသည်ဟု သိရသည်။