Home သတင်း ‌ကော်သူး‌လေတပ်မ‌တော်(KAF) သ‌ဘောတူညီချက်နှင့် ‌ကြေညာချက်ထုတ်ပြန်

‌ကော်သူး‌လေတပ်မ‌တော်(KAF) သ‌ဘောတူညီချက်နှင့် ‌ကြေညာချက်ထုတ်ပြန်

2847

‌အောက်တိုဘာ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

အဖိနှိပ်ခံ‌နေရ‌သော ပြည်သူလူထုကို အကာအကွယ်‌ပေးနိုင်ရန်နှင့် ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုစနစ် တည်‌ဆောက်နိုင် ရန်အတွက် ကရင်အမျိုးသားလက်နက်ကိုင် ‌တော်လှန်‌ရေးတပ်ဖွဲ့များက ‌ကော်သူး‌လေတပ်မ‌တော်(Kawthoolei Armed Forces -KAF)အဖြစ် ပြန်လည်‌ပေါင်းစည်းလိုက်‌ကြောင်း KAF က ‌အောက်တိုဘာလ ၁၃ရက်‌နေ့တွင် ထုတ်ပြန်‌ကြေညာခဲ့သည်။

၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်‌စောနယ်ဒါးမြက “အခုဟာ ကရင်တပ်မ‌တော်‌တွေက အများ ကြီးရှိတဲ့အတွက်‌ကြောင့် အနာဂတ်အတွက် ကျ‌နော်တို့က KAF ‌အောက်မှာဆို ပိုပြီး‌ကောင်းတယ်‌ပေါ့။ ဒီအတွက်ကို ကျ‌နော်တို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အများကြီး ‌ဆွေး‌နွေးရတယ်။ KAF ဆိုတဲ့ Umbrella ‌အောက်မှာသွားဖို့ ကျ‌နော်တို့ သ‌ဘောတူညီချက်‌တွေ ရှိ တယ်။ တ‌ယောက်တဖွဲ့ဆိုတာက နိုင်ငံတကာ‌ရှေ့မှာလည်း မ‌ကောင်းဘူး‌လေ။ အဲဒါ‌ကြောင့်မို့ တစ်ခုတည်းအ‌နေနဲ့ လက်ခံနိုင် လားဆို‌တော့ အားလုံးအ‌နေနဲ့ သ‌ဘောတူတယ်။ အဲဒါ‌ကြောင့်မို့ ဒီထုတ်ပြန်ချက်ကို ထုတ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌ပေါင်းစည်းထားသည့် KAF အ‌နေဖြင့် စစ်ဖက်အရ လက်တွဲလုပ်‌ဆောင်သွားရန် သ‌ဘောတူခဲ့‌သော်လည်း နိုင်ငံ‌ရေးအရ မည်သည့်ဦး‌ဆောင်မှု‌အောက်တွင် ဆက်လုပ်‌ဆောင်သွားရန်နှင့် ‌ရှေ့ဆက် ပိုမို စည်းလုံးညီညွှတ်မှုရှိ‌ရေး ‌ဆောင်ရွက်သွားရန်အ တွက်မူ ဆက်လက် ‌ဆွေး‌နွေးသွားရဦးမည်ဖြစ်‌ကြောင်းလည်း ဗိုလ်မှူးချုပ်‌စောနယ်ဒါးမြက ဆက်‌ပြောသည်။

KAF ၏ ‌ကြေညာချက်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက် လက်မှတ်‌ရေးထိုးခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်းများကို ဗမာစစ်တပ်မှ အကြပ်ကိုင်ခြင်း၊ လက်နက်သိမ်းခြင်း၊ အ‌ကြောင်းရှာ တိုက်ခိုက် မှုပြုခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးရဲ‌ဘော်များနှင့် အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးခြင်း စသည်တို့ကို ကျယ် ကျယ်ပြန့်ပြန့် ကျူးလွန်‌နေသည်ဟု ‌ဖော်ပြထားသည်။

ထိုထုတ်ပြန်ချက်နှင့် တစ်ချိန်တည်း ဖြန့်‌ဝေသည့် ၎င်းတို့၏ သ‌ဘောတူညီချက်တွင် KAF အဖြစ် ‌ပေါင်းစည်းထားသည့် KNLA, KNDO, DKBA, KNU/KNLA-PC အဖွဲ့တို့သည် တစ်ခုတည်း‌သော ကရင်အမျိုးသားအလံ‌တော်‌အောက်တွင် ရှိ‌နေကြပြီး အဖွဲ့တစ် ခုခုအ‌ပေါ် ထိပါးလာခြင်း၊ ကျူး‌ကျော်တိုက်ခိုက်လာခြင်းနှင့် ‌စော်ကားလာခြင်းများ ပြုလုပ်ခံလာရပါက အဖွဲ့အ‌နေဖြင့် တစ်‌သွေး တစ်သံ၊ တညီတညွှတ်တည်း ခုခံတိုက်ပွဲဝင်သွားမည်ဟု ထည့်သွင်း‌ဖော်ပြထားသည်။

၎င်းသ‌ဘောတူညီချက်တွင် KNLA စည်းတံဆိပ်ဖြင့် ဒုစစ်ဦးစီးချုပ်၊ KNDO စည်းတံဆိပ်ဖြင့် ဦးစီးချုပ်၊ DKBA အ‌နေဖြင့် ဗိုလ်ချုပ် ‌စောလားပွယ်(က/၀၀၀၆) စည်း၊ လက်မှတ်နှင့် Peace Council အ‌နေဖြင့် ဗိုလ်မှူးကြီးတိုက်ဂါးတို့မှ လက်မှတ်‌ရေးထိုးထားခြင်း ဖြစ်သည်။

ထို့အပြင် ‌ကော်သူး‌လေတပ်မ‌တော်(KAF)သည် ကရင်အမျိုးသားနှင့် ပြည်သူလူထုတစ်ရပ်လုံးကို အကာအကွယ်‌ပေးမည့် တပ်မ ‌တော်ဖြစ်ပြီး ဒီမိုက‌ရေစီ‌ရေး၊ အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အ‌ရေး အပြည့်အဝရှိ‌သော စစ်မှန်သည့် ဖက်ဒ ရယ်ပြည်‌ထောင်စုစနစ် ‌ပေါ်‌ပေါက်‌ရေးကို တိုင်းရင်းသားတပ်‌ပေါင်းစုနှင့် ပူး‌ပေါင်းလက်တွဲ တိုက်ပွဲဝင်သွားမည်ဟုလည်း သ‌ဘော တူညီချက်တွင် ‌ရေးသားထားသည်။

KAF ၏ ထုတ်ပြန်ချက်ထဲတွင် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု လုပ်ငန်းစဉ်မှာ ၃နှစ်‌ကျော်ရှိခဲ့ပြီးဖြစ်‌သော်လည်း ‌မျှော်လင့်ထားသည့် ‌အောင်မြင်တိုးတက်မှု မရရှိ‌သေးဘဲ ဗမာစစ်တပ်မှ ယုံကြည်မှုကို ပျက်ပြား‌စေ‌သော လုပ်ရပ်များ ပြုလုပ်လာ‌နေပြီး ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်များတွင် စစ်အရှိန် ပိုမိုတိုးမြှင့်လာသည့်အပြင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင်လည်း တိုက်ခိုက်လာ ကာ စစ်‌ရေးလှုပ်ရှားမှုအရှိန် တိုးမြှင့်လာ‌နေသဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု လုပ်ငန်း ‌ဆောင်ရွက်မှုအ‌ပေါ် လွန်စွာ စိုးရိမ်ပူပန်မိ‌ကြောင်း ပါရှိသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက “ဒီ‌ကြေ ညာချက်၊ သ‌ဘောတူညီချက်ကို ကျ‌နော်တို့ ‌ကောင်း‌ကောင်း မသိရဘူး။ ‌ကေအဲန်ယူ ၁၅ကြိမ်‌မြောက်ကွန်ဂရက်အပြီး ပထမအ ကြိမ် ဗဟို‌ကော်မတီ အစည်းအ‌ဝေးမှာ လုပ်ငန်းဆိုင်ရာ ‌ကော်မတီ‌တွေဖွဲ့တဲ့အခါ ခွဲထွက်ကရင်လက်နက်ကိုင်အဖွဲ့‌တွေ ပြန်လည် ‌ပေါင်းစည်း‌ရေး‌ကော်မတီကို ဖွဲ့ဖြစ်ခဲ့တာ ရှိတယ်။ ဒီ KAF ဆိုတာက တစ်ခုတည်း‌သော အုပ်ချုပ်မှု‌အောက်မဟုတ်ဘဲ စစ်ဖက်လုပ် ငန်းသ‌ဘောအရ ‌ပေါင်းစည်းမှုလို့ပဲ ယူဆပါတယ်”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

‌ကေအဲန်ယူ၏ ခွဲထွက်ကရင်လက်နက်ကိုင်အဖွဲ့‌တွေ ပြန်လည် ‌ပေါင်းစည်း‌ရေး‌ကော်မတီတွင် ဥက္ကဌအဖြစ် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ၊ ဒုဥက္ကဌအဖြစ် ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး‌စော‌ဘော‌ကျော်ဟဲ အပါအဝင် ‌ကော်မတီဝင် ၇ဦးဖြင့် ဖွဲ့စည်းထားသည်။ ထို‌ကော်မတီက ၂၀၁၃ခုနှစ်၊ ‌မေလတွင် ကရင်လက်နက်ကိုင်အဖွဲ့များ စည်းလုံးညီညွှတ်‌ရေး‌ကော်မတီကို ဆက်လက်ဖွဲ့စည်းကာ အမျိုးသားစည်းလုံးညီညွှတ်မှုနှင့် မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေးများကို အ‌ကောင်အထည်‌ဖော် ‌ဆောင် ရွက်လျှက်ရှိ‌ကြောင်း သိရသည်။