တပ်မဟာ(၆) နယ်‌မြေတွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားဖွယ်ရှိ

ဇူလိုင်လ ၂၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ‌ကေအဲန်ယူ တပ်မဟာ (၆)နယ်‌မြေတွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားဖွယ်ရှိ‌ကြောင်း ဘုရားသုံးဆူမြို့မှ ‌ကေပီအက်ဖ် ထိပ် ပိုင်း‌ခေါင်း‌ဆောင်တဦးက ယ‌နေ့ ‌ပြောဆိုလိုက်သည်။ သူက “လက်ရှိ အ‌ခြေအ‌နေအရ ဆိုလို့ရှိရင် နအဖ‌ကော၊ ဒီ‌ကေဘီ‌အေဘက်‌ကော တပ်မဟာ (၆)နယ်‌မြေကို ထိုးစစ်ဆင်ဖို့ အတွက်...

ရွာသား(၅၀၀)‌ကျော် ထိုင်းဘက်ခြမ်းသို့ ထပ်မံ‌ရောက်ရှိလာ

ဇူလိုင် ၂၄။ နန်းထူးစံ (‌ကေအို်င်စီ) ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်မှ ရွာသူရွာသား (၅၀၀)‌ကျော်သည် ယခုရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်း မြို့နယ် မဲ့အူစူရွာအနီးရှိ ပြည်တွင်းဒုက္ခသည်များ ယာယီခိုလုံရာ‌နေရာသို့ ထပ်မံ‌ရောက်ရှိလာ သည်ဟု သိရသည်။ အဆိုပါဒုက္ခသည်များသည် ပိုင်ကျုံမြို့နယ်အတွင်းရှှိ ဝါးမီကလား‌ကျေးနယ်၊ မဲ့လာအားခီး၊ မဲ့လာအားထာ့မှ ရွာသူ ရွာသားများဖြစ်ကြ...

မယ်လစခန်းတွင် ယခင်နှစ်ထက် တုပ်‌ကွေး‌ရောဂါ အဖြစ်များလာ

ဇူလိုင်လ ၂၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့‌မြောက်ဘက် ၄၅ကီလို အကွာအ‌ဝေးတွင်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ယခုနှစ် ဇူလိုင် လအတွင်း တုပ်‌ကွေး‌ရောဂါ ဖြစ်ပွားမှုမှာ ယခင်နှစ်ထက် ပိုမိုများပြားလာသည်ဟု စခန်း‌ဆေးရုံအုပ် ‌စော‌နေစဲန်က ‌ကေအိုင်စီကို ‌ပြောသည်။ ၎င်းက “တုပ်‌ကွေးက ဒီနှစ် အဖြစ်များတယ်လို့ ဆိုရမယ်။ ဒီဇူလိုင်လအတွင်းမှာပဲ...

နယ်စပ်ရှိ ဒီ‌ကေဘီ‌အေ တပ်သားများ စိတ်ဓာတ်ကျဆင်း

ဇူလိုင်လ ၁၆ရက်။ နန်းထူးစံ (‌ကေအိုင်စီ) နအဖ စစ်အစိုးရ၏ ညွန်ကြားမှု‌ကြောင့် ‌ကေအဲန်ယူနယ်‌မြေများကို ထိုးစစ်ဆင်‌နေရခြင်းသည် ကရင်အချင်းချင်း တိုက်ခိုက်‌နေ ခြင်းသာဖြစ်‌နေသည့်အ‌ပေါ် စိတ်ဓာတ်ကျရ‌ကြောင်း ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်အချို့က ထုတ်‌ဖော်‌ပြောဆိုလိုက်သည်။ ကရင်အမျိုးသား‌ရေးအတွက် လုပ်‌ပေးချင်‌သော်လည်း လူမျိုးအချင်းချင်း ပြန်တိုက်ရသည့်အလုပ်ကို မလုပ်နိုင်‌တော့‌ကြောင်း ဇူလိုင်လ ၁၅ ရက်‌နေ့က ‌ကေအဲန်ယူ တပ်မဟာ(၇)၊ တပ်ရင်း(၁၀၁)ထံသို့...

စစ်‌ပြေးက‌လေးငယ်များ ပညာသင်ကြား‌ရေး တည်ငြိမ်မှုမရှိ‌သေး

ဇူလိုင် ၁၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) နအဖနှင့် ဒီ‌ကေဘီ‌အေ ပူးတွဲထိုးစစ်‌ကြောင့် ထိုင်းနိုင်ငံ နိုဘိုး‌ကျေးရွာ၌ ယာယီအ‌ခြေချ ‌နေထိုင်သည့် စစ်‌ပြေး‌ကျောင်းသူ‌ကျောင်းသားများသည် ‌ကျောင်းဖွင့်ချိန် တလ‌ကျော် လွန်ပြီဖြစ်‌သော်လည်း ‌ကျောင်းမတက်နိုင်‌သေးသည့် အ‌ခြေအ‌နေတွင် ရှိ‌နေ‌ကြောင်း လယ်‌ပေါ်ဟဲ စခန်းဥက္ကဌ ‌စောတာစူးညားက ‌ကေအိုင်စီကို ‌ပြောသည်။ “‌ကျောင်းသူ‌ကျောင်းသား‌တွေ ‌ကျောင်းတက်နိုင်ဖို့ဆိုရင် စခန်းက...

‌ကေပီအက်ဖ် တပ်ဖွဲ့ဝင်တချို့ ‌ကေအဲန်ယူထံ ပူး‌ပေါင်း

ဇူလိုင် ၁၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ဝင်း‌ရေးမြို့နယ်၊ ဘုရားသုံးဆူနှင့် သံဖြူဇရပ်ကြား အနန်းကွင်းစခန်းရှိ ကရင်ငြိမ်းချမ်း‌ရေးတပ်ဖွဲ့ (‌ကေပီအက်ဖ်) တပ်ရင်း (၃)မှ တပ်ဖွဲ့ဝင်တချို့သည် လက်နက်ခဲယမ်းနှင့်အတူ ဝင်း‌ရေးမြို့နယ်ရှိ ကရင်အမျိုးသားလွတ် ‌မြောက်‌ရေးတပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ)တပ်ရင်း (၁၆)ထံသိုု့ ယမန်‌နေ့ည‌နေက သွား‌ရောက်ပူး‌ပေါင်းခဲ့သည်ဟု ‌ကေပီအက်ဖ် တပ်ဖွဲ့မှ ထုတ်‌ဖော်‌ပြောဆိုသည်။ ‌ကေပီအက်ဖ် တပ်ရင်း...

ဝါဆိုလပြည့် သဃင်္န်းကပ်လှူပူ‌ဇော်

ဇူလိုင်လ ၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ ‌တောရ‌ကျောင်းသစ် ဘုန်း‌တော်ကြီး‌ကျောင်း၌ ဝါဆိုလပြည့် သဃင်္န်းကပ်လှူပွဲတရပ်ကို ယ‌နေ့နံနက်တွင် ပြုလုပ်ကျင်းပရာ မဲ‌ဆောက်‌ရောက် မြန်မာပြည်သား (၂၀၀) ခန့် လာ‌ရောက်ခဲ့ကြသည်။ အဆိုပါ ဝါဆိုသဃင်္န်း ကပ်လှူပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြခြင်းဖြစ်ပြီး ‌ရွှေ့‌ပြောင်းအလုပ်သမားများ အပါအဝင် မဲ‌ဆောက် တွင်...

ဆဲဗင်းဇူလိုင်စိတ်ဓာတ်နှင့် ဗကသ ဆက်လက်တိုက်ပွဲဝင်သွားမည်

ဇူလိုင် ၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) နအဖ၏ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ ဆဲဗင်းဇူလိုင် အ‌ရေး‌တော်ပုံ စိတ်ဓာတ်နှင့် ဆက်လက် တိုက်ပွဲဝင်သွား မည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြား‌ရေး ‌ကော်မတီ) က ထုတ်ပြန် ‌ပြောဆိုသည်။ ထိုင်း-မြန်မာ နယ်စပ်၌ ယ‌နေ့ ကျင်းပပြုလုပ်‌သော...

မယ်လစခန်းကို ဒီ‌ကေဘီ‌အေ ဝင်တိုက်ရန် ဖြစ်နိုင်‌ခြေမရှိ

ဇူလိုင် (၃)ရက်၊ ‌စောခါးစူးညား (‌ကေအိုင်စီ) မယ်လဒုက္ခသည် စခန်းအတွင်း တိုးတက်‌သော ကရင်ဗုဒ္ဓဘာသာ တပ်မ‌တော် (ဒီ‌ကေ ဘီ‌အေ) ဝင်‌ရောက် တိုက်ခိုက်မည်ဆိုသည့် သတင်းများထွက်‌ပေါ် လာခဲ့ ‌သော်လည်း ဖြစ်နိုင်‌ခြေ မရှိဟု ယ‌နေ့ ဇူလိုင်လ (၃)ရက်‌နေ့ တွင် မယ်လစခန်း လုံခြုံ‌ရေးမှူး ‌စောအားမူက...