မြန်မာအသံလွင့်အစီအစဉ်တခု ဩစတြေးလျားရေဒီယိုမှ ထုတ်လွင့်မည်
ဩဂုတ်လ ၁၇။ စောအယ်ကော်(ကေအိုင်စီ)
ဩစတြေးလျားရေဒီယိုတခုဖြစ်သည့် (ABC) အာရှနှင့် ပစိဖိတ်အစီအစဉ်မှ မြန်မာပြည် အတွက် အသံလွင့်အစီ အစဉ်တခု အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်ပြီး မြန်မာဘာသာအထူးအစီအစဉ်တရပ်လည်း ပါဝင် မည်ဟု သိရသည်။
မြန်မာပြည်တွင် နာဂစ်ဆိုင်ကလုန်းကြောင့် ထိခိုက်ပျက်စီးခဲ့မှု မကြာမှီက စီရင်ချက်ထပ်မံ ကျခံရသည့် အမျိုးသား ဒီမို ကရေစီခေါင်းဆောင်...
ဒုက္ခသည်များ နေရပ်ပြန်ရန် ထိုင်းအာဏာပိုင်နှင့်ဒီကေဘီအေ ပူးပေါင်းစီစဉ်
ဩဂုတ်လ ၁၇။ နန်းထူးစံ (ကေအိုင်စီ)
မကြာသေးခင်က တိုက်ပွဲကြောင့် ထိုင်းနိုင်ငံအတွင်း ထွက်ပြေးရောက်ရှိလာသည့် မြန်မာ ပြည်တွင်းဒုက္ခသည်များ ကို နေရပ်သို့ ပြန်လည်ပို့ဆောင်ရန် ယခုရက်ပိုင်းတွင် ထိုင်းအာဏာပိုင်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော် (ဒီကေဘီအေ)အဖွဲ့မှ တာဝန်ရှိသူများက ပူးပေါင်းစီစဉ်နေကြသည်ဟု သိရသည်။
ထိုင်းနိုင်ငံ ထာ့ဆောင်ယန်းမြို့နယ်ရှိ...
တပ်ရိက္ခာအတွက် ရွာသူရွာသားများထံ ဒီကေဘီအေ ဆန်ကောက်ခံ
ဩဂုတ်လ ၁၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ၃၃၃ တပ်မဟာ၊ လက်အောက်ခံ တပ်ရင်းမှ တပ်ခွဲမှူး စော ကျော်မင်း ဦးဆောင်၍ သထုံခရိုင် ဘီလင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဩဂုတ်လ ဆန်းပိုင်းမှစ၍ တပ်ရိက္ခာအတွက် ဆန်ကောက်ခံ နေသည်ဟု သိရသည်။
အဆိုပါဒီကေဘီအေတပ်ဖွဲ့က ထိုဒေသရှိ...
ဒီကေဘီအေ တပ်မဟာ (၉၉၉)တပ်ဖွဲ့မှ ဂိတ်အသစ်တခု ထပ်ဖွင့်မည်
ဩဂုတ်လ ၁၈ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ )တပ်မဟာ (၉၉၉) က မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တင်ပို့မည့် ကုန်ပစ္စည်းများကို အခွန်ကောက်ခံရန်အတွက် ဂိတ်သစ်တခုထပ်ဖွင့်မည်ဟု သိရသည်။
ဒီကေဘီအေ ထပ်ဖွင့်မည့်ဂိတ်သည် ထိုင်းနိုင်ငံ ထာ့ဆောင်ယန်းမြို့နယ်ရှိ မဲစရိကျေးရွာနှင့် မျက်နှာချင်းဆိုင်မှာရှိပြီး ယခင်ကေအဲန်ယူ တပ်မဟာ...
ထိုင်းအာဏာပိုင်များ၏ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုအပေါ် ဒုက္ခသည်များထိတ်လန့်
ဩဂုတ်လ ၁၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းအတွင်း လွန်ခဲ့သည့်ရက်ပိုင်းက ထိုင်းအာဏာပိုင်များ၏ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုအပေါ် ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်ဟု ဒုက္ခသည်များက ဆိုသည်။
ထိုင်းစစ်တပ်၊ ထာ့ဟန်ဖန်းနှင့် အောဆော်အဖွဲ့ဝင်များသည် ဩဂုတ်လ ၁၁ရက်နေ့တွင် နို့ဖိုးဒုက္ခသည်စခန်းနှင့် ယမန်နေ့တွင် မယ်လဒုက္ခသည်စခန်းများသို့ နံနက် ၅နာရီခန့်မှစ၍ ဝင်ရောက်စစ်ဆေးခဲ့ရာတွင် မိုးမလင်း၊...
ချည်ဖြူဖွဲ့ပွဲမှ ကရင်အလုပ်သမား ၁၀၀ကျော် ဖမ်းဆီးခံရ
ဩဂုတ်လ ၁၃ရက်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် ကရင့်ရိုးရာချည်ဖြူဖွဲ့ မဂင်္လာပွဲသို့ လာရောက်သည့် ရွှေ့ပြောင်း ကရင်အလုပ်သမား ၁၀၀ကျော်ကို ထိုင်းအာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးခဲ့သည်ဟု သိရ သည်။
ယမန်နေ့ မွန်းလွဲ(၂း၃၀)နာရီအချိန်၌ ဘန်ကောက်မြို့နှင့် နီးစပ်သည့် စမွတ်ပရကာခရိုင်၊ ထိုင်းဘတ်လမ်း၊ စဖန်းပါ ဒေသရှိ ရွှေ့ပြောင်းကရင်အလုပ်သမားများ...
အချိန်ကောင်းကို တိုက်ယူပါ
အယ်ဒီတာ့အာဘော်
‘အချိန်’ဟူသည် လူကို စောင့်တတ်သည်အရာမဟုတ်။ လူသားများကသာ အချိန်နှင့်အမျှ မိမိတို့၏ ဘဝရပ်တည် ရေး၊ တိုးတက်မြင့်မားလာရေးနှင့် မိမိတို့၏ အနာဂတ်ကို တည်ဆောက်ရင်းကြိုးပမ်း၊ ကြိုးပမ်းရင်း ရင်ဆိုင်နေကြ ရသည်။ အထူးသဖြင့် နှစ်ပေါင်းရှည်ကြာစွာ စစ်အာဏာရှင်စနစ်၏ ကြီးစိုးလွှမ်းမိုးမှုအောက်တွင် ရှင်သန်နေရသည့် မြန်မာနိုင်ငံမှ ပြည်သူများအတွက် မိမိတို့ကံကြမ္မာကို မိမိတို့ဖာသာ...
မိမိကိုယ်ကို အာဇာနည်ဟု သဘောထားရန် ကေအဲန်ယူတိုက်တွန်း
ဩဂုတ်လ ၁၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
မပြီးဆုံးသေးသည့် တော်လှန်ရေးတိုက်ပွဲအတွက် မိမိကိုယ်ကို အာဇာနည်ဟု သဘောထားကာ တိုက်ပွဲဝင် သွားကြရန် ၅၉နှစ်ပြည့် ကရင့်အာဇာနည်နေ့တွင် ကေအဲန်ယူ ခေါင်းဆောင်တဦးက တိုက်တွန်းပြောဆိုလိုက်သည်။
ယနေ့ကျရောက်သည့် ကရင့်အာဇာနည်နေ့ ဂုဏ်ပြုအခမ်းအနားကို ကရင်လူမှုအဖွဲ့အစည်းများက ထိုင်း-မြန် မာနယ်စပ်တနေရာ၌ အကျဉ်းချုံးပြုလုပ်ကျင်းပခဲ့ကြရာတွင် ဗဟိုစည်းရုံးရေးဌာန ဒုတာဝန်ခံ ပဒိုစောသမိန်...
မယ်လဒုက္ခသည်စခန်းတွင် A H1N1 ရောဂါ ပိုးရှိသူ (၄)ဦး စမ်းသပ်တွေ့ရှိ
ဩဂုတ်လ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မြောက်ဘက်ရှိ မယ်လဒုက္ခသည်စခန်းတွင် A-H1N1 ခေါ် Swine flu ရောဂါပိုးရှိသူ (၄)ဦး ကို ဩဂုတ်လ(၁၀)ရက်နေ့တွင် စမ်းသပ်တွေ့ရှိခဲ့သည်ဟု သိရှိရသည်။
ယခုလ ၂ရက်နေ့က A-H1N1 ရောဂါပိုးရှိသည်ဟု သံသယရှိသည့် ကလေးငယ် (၄)ဦး၏ နှာရည်များကို...
မြဝတီမြို့တွင် ပစ်ခတ်မှုတခုဖြစ်ပွား စစ်သားနှစ်ဦးနှင့် ရဲတဦး သေဆုံး
ဩဂုတ်လ ၁ဝရက်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့၌ ယနေ့နံနက် ၂နာရီဝန်းကျင်ခန့်တွင် ဒီကေဘီအေတပ်ဖွဲ့ အချင်းချင်း လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်မှုတခု တနာရီနီးပါးခန့် ဖြစ်ပွားခဲ့ပြီးနောက် စစ်သားနှစ်ဦးနှင့် ရဲတဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။
အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်၍ ဒီကေဘီအေအဖွဲ့ဝင်တဦးက “ကလိုထူးဘောဗျူဟာ (၉၀၇)တပ်ရင်းက တပ်ဖွဲ့ဝင်တွေ အ ချင်းချင်း ပစ်ခတ်ကြတာပဲ။...





