အာဇာနည်ခေါင်းဆောင်ကြီးများသို ့
ဘ ဝအမှောင်
ဦး ဆောင်ဖြိုခွင်း
ကြီး သောလင်းစေ
မူ ခြွေရဲရင့်
လေး ဆင့်တရား
ချက် လက်ထားရစ်
ဆုတ် မနစ်ဇွဲ
ကိုင် နိုင်စွဲထိ
မြဲ သည့်သည်းမာခေါင်းဆောင်များ။
အာ မဖွဲ ့ခဲ့
ဇာ မချဲ ့ခဲ့
နည် (နီ)တဲ့သွေးဟေ့
နေ ့ နေ ့ညည
မ ဆုတ်မနစ်
မေ့ ပြစ်မထား
သင့် သားမြေးရေး
ပေ ရေဘဝများဆေးကြောသူ။
ကောင်း မြတ်စိတ်စဉ်
ရာ ဇဝင်မယ်
သု...
လူငယ့်အားမာန်
ဖွင့်မရ ဖြတ်မရလို့ ထင်ရတဲ့
သံကွန်ချာ အထပ်ထပ်အုပ်ထား
သံမဏိတံခါးများနဲ့ စည်းခြားကန့်သတ်ထားပေမဲ့
ဦးနေဝင်းစစ်အစိုးရအာဏာရှင်ရဲ့
ယန ္တရားကို ကျိုးပြတ်ပျက်စီးသွားစေတာ
လူငယ့်အားမာန် အဓိကပဲ။
မဟုတ်မခံ စိတ်ဓာတ်ကိုအရင်းတည်
ဘာမထီအာဇာနည်ဝိဉာဉ်နဲ့ စစ်သွေးကြွနေတဲ့
နအဖ စစ်အစိုးရ ဟိုငနဲသန်းရွှေကြီးကို
အသက်ကိုအမှုမထား ကြံ့ကြံ့ခံတော်လှန်ခဲ့တာ
လူငယ့်အားမာန်ပါ။
လူငယ်ဟာ အများအတွက်အကျိုးရှိဖို့
ရိုးသားတယ် ကြိုးစားတယ် အနစ်နာခံတယ်
လူငယ်ဟာအများအတွက်
ဖောက်ပြန်နေတဲ့သန်းရွှေကြီးကို
ဆန့်ကျင်တယ် တော်လှန်တယ် ချေမှုန်းတယ်
သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ
တကယ်ဆိုရင်
မှန်ကန်တဲ့လူကြီးတွေအကြံနဲ့
ရိုးသားတက်ကြွတဲ့ လူငယ့်အားမာန်ကို
ပေါင်းစပ်လိုက်ရင်
ကောင်းကင်ကိုဖြိုချ
ပင်လယ်ရေခမ်းခြောက်သွားအောင်
ခပ်ထုတ်နိုင်တယ်နော်။
သုံးဆူ (KTB)
တယောက်အားနဲ့ဆိုသော် မရ
မတရား အရေးယူဖမ်းဆီးခြင်းကို ခံခဲ့ရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့ သည့် ဩဂုတ်လ ၁၁ရက် နေ့တွင် စစ်အစိုးရက နေအိမ်အကျယ်ချုပ် တနှစ်ခွဲနှင့် ဆိုင်းငံ့ပြစ်ဒဏ် တနှစ်ခွဲ ထပ်မံ ကျ ခံစေခဲ့သည်။ တဆက်တည်းမှာပင် သူမ၏နေအိမ်ကို ရေကူးခိုးဝင်ခဲ့သည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျှံယက်...
ဒီကေဘီအေတပ်သား (၃)ဦး ကေအဲန်ယူ ဖမ်းမိ
စက်တင်ဘာလ ၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေတွင် ဩဂုတ်လ ၃၁ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီကေဘီ အေတပ်သား (၃)ဦးကို ကေအဲန်ယူက ဖမ်းဆီးရမိလိုက်သည်ဟု သိရသည်။
ထိုနေ့ည သန်းခေါင်ကျော်အချိန်တွင် ကေအဲန်ယူ တပ်မဟာ (၇) လက်အောက်ခံ တပ်ရင်းများနှင့် ဒီကေ ဘီအေ တပ်မဟာ...
အဖက်ဖက်မှ အခွန်ဆောင်ရသောကြောင့် မြဝတီမြို့ရှိ ပြည့်တန်ဆာများ ငြီးတွားနေ
ဩဂုတ်လ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
စားဝတ်နေရေးအခက်အခဲကြောင့် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ မှာ ပြည့်တန်ဆာအလုပ်နှင့် အသက်မွေးနေကြသည့် အမျိုးသမီးများကို သက် ဆိုင်ရာ အာဏာပိုင်များက အဆမတန် ငွေညှစ်နေသော ကြောင့် အဆင်မ ပြေဖြစ်နေ ကြရသည်ဟု ၎င်းတို့ အသိုင်းဝိုင်းနှင့် နီးစပ်သူများ၏ ပြောပြချက်အရ...
စစ်ပြေးဒုက္ခသည်များကို မယ်လစခန်းသို့ ပို့ဆောင်ရန် စီစဉ်
ဩဂုတ်လ ၂၅ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
နအဖဒီ ကေဘီအေ ပူးပေါင်းတပ်တို့၏ ထိုးစစ်ကြောင့် ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်း ထွက်ပြေး ရောက်ရှိလာသည့် စစ်ပြေးကရင်ဒုက္ခသည်များကို မယ်လဒုက္ခသည်စခန်းသို့ ပို့ဆောင်ရန် သက်ဆိုင်ရာ ထိုင်း အာဏာပိုင်များက စီစဉ်နေသည်ဟု လယ်ပေါ်ဟဲ ဒုက္ခသည်စခန်းဥက္ကဌ စောတာစူးညါးက ယနေ့ပြောသည်။
၎င်း “ဒီမှာနေတာ သောင်ရင်းမြစ်နဲ့အရမ်းနီးတဲ့အတွက် လုံခြုံမှုမရှိဘူးလေ။...
ဆရာတော် ဦးသုဇနထံ တင်ပြသည့် စစ်သားသစ်စုဆောင်းမှု ကန့်ကွက်နှိုးဆော်စာအား တစုံတရာ တုန့်ပြန်ဖြေကြားခြင်းမရှိ
ဩတ်ဂုတ်လ ၂၂ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
မြိုင်ကြီးငူ ဆရာတော် ဦးသုဇနထံမှ တင်ပြသည့် စစ်သားသစ်စုဆောင်းမှုကို လက်မခံသည့် ကန့်ကွက်နှိုးဆော်စာအား တစုံတရာမှ တုန့်ပြန်ဖြေကြားခြင်းမရှိသေးကြောင်း ဖားပြကျေး ရွာရှိ သိပ္ပံကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။
ဆရာတော် ဦးပညာစာရက “အခုအချိန်တော့ နားစွင့်နေတုန်းပဲ၊ အဲဒီကိစ္စဟာ အထက် ကနေ လာတာမဟုတ်ဘူး။ အောက်ခြေတပ်ရင်းက...
တောင်ငူတွင် ရေကြီးမှုကြောင့် လယ်သမားများ ဒုက္ခရောက်
ဩဂုတ်လ ၂၁ရက်။ နန်းထူးစံ (ကေအိုင်စီ)
တောင်ငူဒေသတွင် ယခုနှစ်မိုးရာသီအတွင်း မိုးပြင်းထန်စွာရွာသွန်းသောကြောင့် ရေကြီးမှုဖြစ်ပွားကာ ဒေသတွင်းရှိ လယ်ယာ ဧကပေါင်း (၁,၀၀၀)ကျော်ခန့် ရေလွမ်းမိုးမှုခံရပြီး စိုက်ပျိုးထားသည့်စပါးပင်များ သေကြေပျက်ဆီးသွားသည့်အတွက် လယ်သမားများ အခက်တွေ့ ရသည်ဟု သိရသည်။
လွန်ခဲ့သည် ဩဂုတ်လဆန်းပိုင်းက မိုးတအားသွန်းသည့်အတွက် ကရင်ပြည်နယ်မြောက်ပိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အ တွင်းရှိ...
အိမ် ပြန်ချင်ပြီ
ဩဂုတ်လ ၂ဝရက်။ နန်းထူးစံ(ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရောက်ရှိကာ အိမ်ဖော်အလုပ်ဖြင့် အလုပ်လုပ်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုချိန်အထိ အိမ်ကို မပြန်နိုင်သေးဘဲ ဖြစ်နေပြီး အိမ်တွင် မိသားစုများနှင့် အေးအေးဆေးဆေး ပြန်နေချင်ပြီဟု ဆိုသည့် ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံတိုက်နယ်သူ နန်းလင်းလင်း(နာမည်ရင်းမဟုတ်)က ဆိုသည်။
သူမက “ထိုင်းနိုင်ငံမှာ ရောက်လာတာ (၄)နှစ်ရှိသွားပြီ၊...
မယ်လအူးစခန်းအတွင်း ကျူရှင်အတန်းများပြားလာ
ဩဂုတ်လ ၂ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်ရှိ မယ်လအူး ကရင်ဒုက္ခသည်စခန်းအတွင်း တတိယနိုင်ငံထွက်မည့်သူများအတွက် အဂင်္လိပ် ကျူရှင် အတန်း (Tuition Class) ဖွင့်လှစ်မှုများ ၂၀၀၉ခုနှစ် အစပိုင်းမှ ယခု ဩဂုတ်လအထိ များပြားလာသည်ဟု သိရသည်။
တတိယနိုင်ငံ လျှောက်ထားသူများသည် ၎င်းတို့ သွားရောက်အခြေချမည့် နိုင်ငံတွင်...





