Home သတင်း မိမိကိုယ်ကို အာဇာနည်ဟု သ‌ဘောထားရန် ‌ကေအဲန်ယူတိုက်တွန်း

မိမိကိုယ်ကို အာဇာနည်ဟု သ‌ဘောထားရန် ‌ကေအဲန်ယူတိုက်တွန်း

1905
ဩဂုတ်လ ၁၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မပြီးဆုံး‌သေးသည့် ‌တော်လှန်‌ရေးတိုက်ပွဲအတွက် မိမိကိုယ်ကို အာဇာနည်ဟု သ‌ဘောထားကာ တိုက်ပွဲဝင် သွားကြရန် ၅၉နှစ်ပြည့် ကရင့်အာဇာနည်‌နေ့တွင် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်တဦးက တိုက်တွန်း‌ပြောဆိုလိုက်သည်။

ယ‌နေ့ကျ‌ရောက်သည့် ကရင့်အာဇာနည်‌နေ့ ဂုဏ်ပြုအခမ်းအနားကို ကရင်လူမှုအဖွဲ့အစည်းများက ထိုင်း-မြန် မာနယ်စပ်တ‌နေရာ၌ အကျဉ်းချုံးပြုလုပ်ကျင်းပခဲ့ကြရာတွင် ဗဟိုစည်းရုံး‌ရေးဌာန ဒုတာဝန်ခံ ပဒို‌စောသမိန် ထွန်းက ယခုလို ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျ‌နော်တို့‌တွေဟာ ‌တော်လှန်‌ရေးလုပ်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ကျွန်သား‌ပေါက်လို အမျိုးသားအတွက် အ လုပ်လုပ်ရမယ်။ မ‌သေခင် ကိုယ့်ကိုယ်ကို အာဇာနည်လိုသ‌ဘောထားပြီး လုပ်ရမယ်။ ‌ကေအဲန်ယူဟာ ကရင် ပြည်ရရှိ‌ရေးအတွက်၊ ကရင်လူမျိုး‌တွေရဲ့ ဘဝလွတ်‌မြောက်‌ရေးအတွက် ဖွဲ့စည်းတာ။ ‌ကေအဲန်ယူကို ဖျက်ပစ် လို့ မရဘူး။ ကရင်လူမျိုး‌တွေ အခြားလူမျိုး‌တွေလို အခွင့်အ‌ရေးရရှိမှ ‌ကေအဲန်ယူရဲ့တာဝန်ဟာ ‌ကျေမယ်။ ဒီက ‌နေ့ ‌ကေအဲန်ယူရဲ့တာဝန်ဟာ မပြီး‌သေးဘူး။ ဆက်လုပ်ရမယ်”ဟု ‌ပြောသည်။

ယခုနှစ် အာဇာနည်‌နေ့တွင် ကရင်လူငယ်အစည်းအရုံး(‌ကေဝိုင်အို)၊ ကရင်အမျိုးသမီးအစည်းအရုံး (‌ကေဒဗ လျူအို)မှ သဝဏ်လွှာများ ‌ပေးပို့ခဲ့ကြပြီး ကရင်အမျိုးသားအစည်းအရုံး ‌ကေအဲန်ယူ ဥက္ကဌ၏ မိန့်ခွန်း၌ “နှစ် ‌ပေါင်း(၆၀)‌ကျော်ကြာ ‌တော်လှန်‌ရေးခရီးကြမ်းမှာ ဂုဏ်‌ရောင်‌ပြောင်‌မြောက်တဲ့ မျိုးချစ်အာဇာနည်သူရဲ‌ကောင်း များ ‌မြောက်များစွာ ‌ပေါ်ထွန်းလာခဲ့သလို အမျိုးသားသစ္စာ‌ဖောက်အညံ့ခံ‌ရေးဝါဒသမားများ အများအပြားလည်း ရှိလာခဲ့တယ်။ စစ်အုပ်စုဟာ အမျိုးသားသစ္စာ‌ဖောက် အညံ့ခံ‌ရေးဝါဒသမားများကိုအသုံးချပြီး ‌ကေအဲန်ယူကို ဖြိုခွဲဖို ့နဲ ့ စစ်ဆင်တိုက်ခိုက်ဖို ့ ‌နောက်ကွယ်က‌နေ ကြိုးကိုင်‌နေတယ်”ဟု ‌ပြောကြားခဲ့သည်။

အာဇာနည်‌နေ့ကျင်းပရခြင်းနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး ‌ကေအဲန်ယူ ဗဟို သစ်‌တောတာဝန် ခံ ပဒို‌စောအားတိုးကလည်း ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ကရင့်အာဇာနည်‌နေ့ဟာ ကျ‌နော်တို့ကရင်လူမျိုး‌တွေရဲ့ စိတ်ဓါတ်ခွန်အားပဲဖြစ်တယ်။ အရမ်းတန်ဘိုးရှိတဲ့ ‌နေ့ထူး‌နေ့မြတ်ဖြစ်လို့ ကျ‌နော်တို့ ကျင်းပလုပ်‌ဆောင်ရတာဖြစ်တယ်။ ဒီအာဇာနည်‌နေ့မှာ အထူး‌ပြောချင်တာ က ကျ‌နော်တို့ ‌တော်လှန်‌ရေးတိုက်ပွဲကို ဆက်လက်ဆင်နွဲသွားဖို့၊ လူထု‌တွေကိုလည်း ပူး‌ပေါင်းပါဝင်ကြ‌စေချင် တယ်။ ‌တော်လှန်‌ရေး ခုချိန်အထိ ရပ်တည်နိုင်‌သေးတာ လူထု‌ထောက်ခံမှု‌ကြောင့်ပါပဲ။ လူထု‌ထောက်ခံတဲ့ ‌တော်လှန်‌ရေးဟာ ‌အောင်မြင်မယ့် ‌တော်လှန်‌ရေးပဲ”ဟု ‌ပြောသည်။

ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်း‌ကေနှင့် တပ်သားများသည် မဆလတပ်များ၏ ဝိုင်း ဝန်းတိုက်ခိုက်မှုကို ခုခံရင်း ကျဆုံးသွားခဲ့သည့် ၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့ကို ကရင့်အမျိုးသား အာဇာ နည်‌နေ့ဟု သတ်မှတ်ကာ ယခုနှစ် ကရင့်အာဇာနည်‌နေ့ကို ကရင်ပြည်နယ် ခရိုင်(၇)ခုနှင့် ပြည်ပ‌ရောက် ကရင် ပြည်သူများကလည်း ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။