Home သတင်း မြဝတီမြို့တွင် ပစ်ခတ်မှုတခုဖြစ်ပွား စစ်သားနှစ်ဦးနှင့် ရဲတဦး ‌သေဆုံး

မြဝတီမြို့တွင် ပစ်ခတ်မှုတခုဖြစ်ပွား စစ်သားနှစ်ဦးနှင့် ရဲတဦး ‌သေဆုံး

1835
ဩဂုတ်လ ၁ဝရက်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ယ‌နေ့နံနက် ၂နာရီဝန်းကျင်ခန့်တွင် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ အချင်းချင်း လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်မှုတခု တနာရီနီးပါးခန့် ဖြစ်ပွားခဲ့ပြီး‌နောက် စစ်သားနှစ်ဦးနှင့် ရဲတဦး ‌သေဆုံးသွားခဲ့သည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေအဖွဲ့ဝင်တဦးက “ကလိုထူး‌ဘောဗျူဟာ (၉၀၇)တပ်ရင်းက တပ်ဖွဲ့ဝင်‌တွေ အ ချင်းချင်း ပစ်ခတ်ကြတာပဲ။ ညက ၁၂နာရီ‌ကျော်‌ကျော်မှာ (၉၀၇)တပ်ရင်းမှူး ဗိုလ်မုတ်သုန်ရဲ့ အနီးကပ်လုံခြုံ‌ရေးမှူး အရှည် ကြီး ‌ခေါ် ‌စောဖာ‌ထောနဲ့ အ‌ဖော်တ‌ယောက်က မယ်‌ထော်သ‌လေးက အမှတ်(၁)ဂိတ်မှာရှိတဲ့ ဂိတ်မှူးနဲ့ အခြားသူ‌တွေနဲ့ စကား များကြတယ်။ အဲဒီ‌နောက် မြဝတီမြို့ထဲက တပ်ရင်းစီးပွား‌ရေးတာဝန်ခံ ဗိုလ်ကြီး‌အောင်ချစ်အိမ်‌ရှေ့က ကားသုံးစီးကို ပစ်ခတ်ပြီး ကားလမ်းအတိုင်း ကားနဲ့ ထွက်‌ပြေးသွားတာကို အမှတ်(၁)ဂိတ်က လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်တာပဲ”ဟု အတည်ပြု‌ပြောဆို သည်။

ထွက်‌ပြေးသွားသူနှစ်ဦးသည် မြဝတီ-‌ကော့ကရိတ်ကားလမ်းရှိ တံတားညီ‌နောင်ဂိတ်အ‌ရောက်တွင် ၎င်းတို့ကို တားမြစ်‌မေးမြန်း သည့် နအဖ စကခ(၁၂)မှ ရဲ‌ဘော်နှစ်ဦးနှင့် ‌ကြောင်လျှာပင်ဂိတ်မှ ရဲတဦးကိုလည်း ပစ်သတ်သွားခဲ့ပြီး ‌ကော့ကရိတ်ဂွင်ဘက်အ ‌ရောက်တွင် ၎င်းတို့‌မောင်းနှင်သွားသည့်ကားကို လက်နက်၊ ကျည်ဆံများနှင့်အတူ ကားလမ်း‌ပေါ်တွင် ရပ်တန့်ထားခဲ့သည်ဟု သိရသည်။

ယင်းသို့ဖြစ်ပွားရခြင်းမှာ စီးပွား‌ရေးပဋ္ဋိပက္ခများအပြင် ပြီးခဲ့သည့်လအနည်းငယ်က ‌ကေအဲန်ယူ တပ်မဟာ(၆)နှင့် တပ်မဟာ(၇) ကို ဒီ‌ကေဘီ‌အေနှင့် နအဖတပ်များ သွား‌ရောက်တိုက်ခိုက်မှုများအ‌ပေါ် ဒီ‌ကေဘီ‌အေတပ်ဖွဲ့အတွင်း မ‌ကျေနပ်မှုများလည်း ပါ ဝင်သည်ဟု ဒီ‌ကေဘီ‌အေနှင့် နီးစပ်သူတဦးက ‌ပြောသည်။

“အခုဖြစ်တာက စီးပွား‌ရေးတခုတည်းတင်မကဘူး။ ‌ကေအဲန်ယူရဲ့ တပ်မဟာ(၆)နဲ့ (၇)ကို သွားတိုက်ခိုက်တာကို မ‌ကျေနပ်ကြ တာလည်း ပါတယ်။ အထက်အရာရှိရဲ့ အမိန့်ကို တပ်သား‌တွေက မကြိုက်‌ပေမဲ့ မလွန်ဆန်ရဲကြဘူး။ ဒီ‌ကေဘီ‌အေထဲမှာ အဲဒီ လို အချင်းချင်း မတည့်ကြတာ‌တွေ၊ အထက်‌အောက် အဆင်မ‌ပြေတာ‌တွေက အများကြီး ရှိတယ်။ အခုဟာက အဲဒီအ‌ပေါ်မှာ ‌ပေါက်ကွဲပြီး လုပ်လိုက်တဲ့သ‌ဘောမျိုးလို့ ထင်တယ်”ဟု သူက ဆိုသည်။

ဒီ‌ကေဘီ‌အေ တပ်ရင်း(၉၀၇)သည် ကလိုထူး‌ဘောဗျူဟာ၏ တပ်ရင်းတရင်းဖြစ်ပြီး ၎င်းတို့အချင်းချင်း ဖြစ်ပွားသည့် ပစ်ခတ်မှု တွင် နအဖတပ်သားနှင့် ရဲသားတဦး အ‌ကြောင်းမဲ့ ‌သေဆုံးသွားသည့်အတွက် (၉၀၇)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမုတ်သုန်အ‌နေ ဖြင့် ကလိုထူး‌ဘောဗျူဟာ၏ အခြားတပ်ရင်းများဖြစ်သည့် (၉၀၁)၊ (၉၀၇)တပ်ဖွဲ့ဝင်များနှင့်အတူ ထွက်‌ပြေးသွားသူနှစ်ဦးကို အပူတပြင်း လိုက်လံရှာ‌ဖွေလျှက်ရှိသည်ဟု သိရသည်။