Home သတင်း ဒီ‌ကေဘီ‌အေ တပ်သားသစ် ‌ကောက်ခံမှု‌ကြောင့် ရွာသူရွာသား ၉ဝ ‌ကျော် ပြည်တွင်းဒုက္ခသည်စခန်းသို့ ထွက်‌ပြေး‌ရောက်ရှိ

ဒီ‌ကေဘီ‌အေ တပ်သားသစ် ‌ကောက်ခံမှု‌ကြောင့် ရွာသူရွာသား ၉ဝ ‌ကျော် ပြည်တွင်းဒုက္ခသည်စခန်းသို့ ထွက်‌ပြေး‌ရောက်ရှိ

2693

‌မေလ ၂၃ရက်၊ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် (ဒီ‌ကေဘီ‌အေ) တပ်မဟာ (၉၉၉) ၏ တပ်သား ‌ကောက်ခံမှု‌ကြောင့် ‌မေလ တတိယပတ်တွင် ဖားအံခရိုင် ပိုင်ကျုံ မြို့နယ် ထီးပယ် ‌ကျေးရွာမှ ရွာသူရွာသား ၉၆ ဦးသည် လယ့်‌ဘော်ဟဲ ပြည်တွင်း ကရင်ဒုက္ခသည် စခန်းသို့ ထွက်‌ပြေး‌ရောက်ရှိလာသည်ဟု စခန်းဥက္ကဌ ဖြစ်သူ ‌စောတာစူးညားက ကရင်သတင်းစဉ်ကို ‌ပြောသည်။

“အခု တက်လာတဲ့ ရွာသား‌တွေက ဖားအံ ခရိုင် ပိုင်ကျုံ မြို့နယ်က ထီးပယ် ရွာသူရွာသား‌တွေပါ။ သူတို့ကို ဒီ‌ကေဘီ‌အေ (၉၉၉) တပ်မဟာက အ တင်းအကြပ် စစ်သား စု‌ဆောင်းခိုင်းလို့ ထွက်‌ပြေးလာတာ ဖြစ်တယ်။ အားလုံး အိမ်‌ထောင်စုက ၁၄စု၊ အမျိုးသမီးက ၄၃‌ယောက်၊ အမျိုးသားက ၅၃ ‌ယောက် ဖြစ်တယ်၊ သူတို့အားလုံး ‌မေလ ၂ဝရက်‌နေ့က‌နေ စတင် ‌ရောက်ရှိလာပြီး ၂၂ရက်‌နေ့မှာ ကျ‌နော်တို့က သူတို့ကို လူဦး‌ရေစာရင်း ‌ကောက်ယူ ထားတာ ဖြစ်တယ်” ဟု ‌စောတာစူးညားက ဆိုသည်။

ဗိုလ်မှူးချုပ် ဖားနွီး ဦးစီးသည့် ဒီ‌ကေဘီ‌အေ (၉၉၉) တပ်မဟာက ‌မေလ ၁၅ရက်‌နေ့တွင် ‌ကျေးရွာ ၁ဝရွာမှ ရွာသားများအား မဲသိမ်ရွာရှိ ၎င်းတို့၏ တပ်မဟာ ဌာနချုပ်သို့ ‌ခေါ်ယူ၍ ပိုင်ကျုံနှင့် လှိုင်းဘွဲ မြို့နယ်မှ တပ်သားသစ် ၆၀၅ ဦး ထပ်မံ ‌ကောက်ခံသွားမည် ဖြစ်ပြီး ဇွန်လလယ်တွင် အ‌ရောက် ပို့‌ပေးရမည်ဟု ‌ပြောဆိုခဲ့‌ကြောင်း ထွက်‌ပြေး ‌ရောက်ရှိလာသူ ထီးပယ် ရွာသူကြီး ‌စော‌ကျော်ပိ ၅၂ နှစ်က ယခုလို ‌ပြောသည်။

“ဗိုလ်ဖားနွီး ဦးစီးတဲ့ ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉) က လှိုင်းဘွဲနဲ့ ပိုင်ကျုံ မြို့နယ်က ရွာ‌ပေါင်း အကုန်လုံးကို သူ့တပ်မဟာ ဌာနချုပ် ရှိတဲ့ မဲသိမ်ကို ‌ခေါ်တယ်၊ ဒီ မြို့နယ် နှစ်ခုက‌နေ ဒီ‌ကေဘီ‌အေ အတွက် တပ်သား ၆၀၅ ‌ယောက် ပို့‌ပေးရမယ်လို့ ‌ပြောတယ်။ အဲဒီလို ‌ကောက်ယူလို့ ရတဲ့သူ‌တွေကို ဇွန်လ ၁၅ရက်‌နေ့ အ‌ရောက် မဲသိမ်ကို လာပို့‌ပေးရမယ်၊ စစ်ထဲဝင်ရင် လစာ ၂၅၀၀ဝ ‌ပေးမယ် လို့လည်း ‌ပြောတယ်။ လှိုင်းဘွဲ မြို့နယ်ဘက်က တချို့ရွာသား‌တွေ ကျ‌တော့ သူတို့ ‌ဆွေမျိုး‌တွေက ဒီ‌ကေဘီ‌အေ အရာရှိ‌တွေဆို‌တော့ စည်းရုံးလို့ ရကြတာ‌ပေါ့။ ကျ‌နော်တို့ ရွာဘက်က‌တော့ လုံးလုံးကို မဝင်ချင်ကြဘူး၊ ကျ‌နော်တို့က ‌ခေါင်း‌ပေါင်းဝါ (ဒီ‌ကေဘီ‌အေ) လည်း မလုပ်နိုင်၊ ‌ခေါင်း‌ပေါင်းပြာလည်း မလုပ်နိုင်၊ စစ်ထဲကို ဝင်မလုပ်ရဲတာ” ဟု ဆိုသည်။

ထိုသို့ တပ်သားသစ် ‌ကောက်ခံရာတွင် ‌ကျေးရွာသူကြီးများက မိမိတို့ရွာမှ အသက် ၁ဝနှစ် အရွယ်မှ အသက် ၅ဝ အရွယ်ရှိ ရွာသားများကို တာဝန်ယူ ‌ကောက်ခံရမည် ဖြစ်ပြီး မရရှိပါက မဲနှိုက်စနစ်ဖြင့် ‌ကောက်ခံရသွားမည်ဟု ဒီ‌ကေဘီ‌အေက ‌ပြောဆိုလိုက်‌ကြောင်းနှင့် အနည်းဆုံး ၃နှစ် စစ်မှုထမ်းရ မည်ဟုလည်း ‌စော‌ကျော်ပိက ဆက်လက် ‌ပြောပြသည်။

လယ့်‌ဘော်ဟဲစခန်း ဥက္ကဌက “အခု လူသစ်‌တွေအတွက် ‌နေ‌ရေးထိုင်‌ရေး အခက်အခဲက‌တော့ ရှိတာပါပဲ၊ စခန်းထဲမှာက မိုးတွင်းလည်း ဖြစ်လာ‌တော့ သစ်ရွက်၊ ဝါးရွက်‌တွေလည်း မရှိ‌တော့ဘူး‌လေ၊ သစ်ပင် ဝါးပင်‌တွေကို ခုတ်ရင်‌တော့ ခုတ်လို့ရပါတယ်၊ ထားစရာ ‌နေရာက‌တော့ ရှိထားပါတယ်၊ ‌လော‌လောဆယ် ‌ရောက်နှင့်‌နေတဲ့ သူ‌တွေကို ဟိုတစု ဒီတစု‌တော့ ယာယီ ‌ပေး‌နေထားရ အုံးမယ်၊ ထွက်လာကြတာလည်း အဝတ်တထည် ကိုယ်တခုနဲ့ ချည်းပဲဆို‌တော့ အဝတ်အစားနဲ့ စားစရာ‌တွေ အတွက်လည်း နည်းလမ်းရှာပြီး အကူအညီ ‌တောင်း‌ပေးရမှာပါပဲ” ဟု ‌ပြောသည်။

လက်ရှိ အိမ်‌ခြေ‌ပေါင်း ၁၈၅ အိမ်၊ ဒုက္ခသည် ဦး‌ရေ ၁၀၅၄ ဦး ရှိသည့် လယ့်‌ဘော်ဟဲ ပြည်တွင်း ဒုက္ခသည် စခန်းကို ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်‌နေ့တွင် စတင် ‌နေရာချထား ခဲ့‌သော်လည်း ဒီ‌ကေဘီ‌အေမှ လာ‌ရောက် မီးရှို့ ဖျက်ဆီးခဲ့မှု‌ကြောင့် ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်‌နေ့တွင် ယခု စခန်း‌နေရာကို ‌ပြောင်း‌ရွှေ့လာခဲ့ရခြင်း ဖြစ်သည်။

ပိုင်ကျုံ မြို့နယ်ရှိ ‌ဒေသခံ ကရင်ပြည်သူများသည် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ စတင် ဖွဲ့စည်းပြီး ‌နောက်ပိုင်းမှစ၍ လမ်းပြုပြင် ‌ပေးရခြင်း၊ တလတကြိမ် တပ်စခန်း ‌ဆောက်လုပ် ‌ပေးရခြင်း၊ တပ်သားသစ် များအတွက် ရွာသားများမှ နှစ်စဉ် ငှားရမ်း ‌ပေးရခြင်း၊ ၎င်းတို့ ကား သွားလာ‌ရေးအတွက် ရွာသားများက ကားဆီဖိုး ထုတ်‌ပေးရခြင်း စသည်တို့ လုပ်‌ဆောင် ‌ပေးခဲ့‌သော်လည်း ယခုလို တပ်သား ထပ်မံ စု‌ဆောင်းသည့်အ‌ပေါ် မ‌နေနိုင်‌တော့သည့်အတွက် ထွက်လာခဲ့ရခြင်း ဖြစ်‌ကြောင်း သိရသည်။