Home သတင်း နအဖနှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့၏ လက်နက်ကြီးများ ထိုင်းဘက်ကမ်းသို့ ကျ‌ရောက်

နအဖနှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့၏ လက်နက်ကြီးများ ထိုင်းဘက်ကမ်းသို့ ကျ‌ရောက်

1898

ဇွန်လ ၁ဝရက်၊ ‌ကေအိုင်စီ

ဇွန်လဆန်းပိုင်းမှစ၍ ဖြစ်ပွားခဲ့သည့် ထိုင်း-မြန်မာနယ်စပ် တိုက်ပွဲများအတွင်း နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် လက်နက် ကြီး (၇)လုံးမှာ ထိုင်းဘက်ကမ်းသို့ ကျ‌ရောက်ခဲ့သည်ဟု ‌ဒေသဆိုင်ရာ ထိုင်းအာဏာပိုင်များ၏ ‌ပြောပြချက်အရ သိရသည်။

အဆိုပါ လက်နက်မှာ (RPG) အမျိုးအစားဖြစ်ပြီး ထိုင်းဘက်ကမ်းရှိ နိုဘိုး‌ကျေးရွာဘက်ခြမ်းတွင် ဇွန်လ (၈)ရက်‌နေ့က ၃လုံး ကျ‌ရောက်ခဲ့ပြီး ဇွန်လ (၉)ရက်‌နေ့တွင် မဲတရိ‌ကျေးရွာဘက်ခြမ်းသို့ ၄လုံး ကျ‌ရောက်ခဲ့‌သော်လည်း ရွာသူရွာသားများကို ထိခိုက်မှု မရှိ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ဒီ‌ကေဘီ‌အေမှ ဗိုလ်မှူးကြီး ချစ်သူ၊ ဗိုလ်ချုပ်‌မောင်ကြည်နှင့် ဗိုလ်ချုပ်ထွန်းလှိုင်တို့ ဦးစီးသည့် တပ်မဟာ (၉၉၉)၊ (၃၃၃)နှင့် (၅၅၅) တပ်ဖွဲ့ဝင်များသည် နယ်ခြား‌စောင့်တပ်အတွက် ‌ကေအဲန်ယူ တပ်မဟာ(၇)မှ တပ်ရင်း (၂၂)၊ (၁၀၁)၊ (၂၁)နှင့် (၂၀၂) တည်ရှိရာ နယ်‌မြေများကို နယ်‌မြေရှင်းလင်း ‌ရေးအဖြစ် ဇွန်လ (၄)ရက် ‌နေ့မှစ၍ နအဖ ခမရ(၂၀၃)၊ (၂၀၅)နှင့် (၂၁၀)တပ်များ၏ အကူအညီဖြင့် ထိုးစစ်ဆင်လျှက်ရှိရာ တိုက်ပွဲမှာ ‌ရေရှည်ဖြစ်နိုင်သည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ် ‌စော‌ဂျော်နီက ယခုလို ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ် ‌စော‌ဂျော်နီက “ဒီ‌ကေဘီ‌အေဟာ နအဖရဲ့ ‌နောက်ခံ‌ပေးမှုနဲ့ ကျ‌နော်တို့ တပ်မဟာ(၇) နယ်‌မြေကို အပြုတ်တိုက်မယ့် ရည်ရွယ်ချက်နဲ့ လာတိုက်တာ ဖြစ်တယ်။ ဒီ‌ကေဘီ‌အေက နယ်ခြား‌စောင့်တပ်အတွက် ဒီနယ်စပ်မှာ ‌နေရာအကုန် ယူထားချင်‌တော့ ဒီ တိုက်ပွဲဟာ ‌ရေရှည်ဖြစ်ဖို့များတယ်။ သူတို့က တပ်မဟာ(၇) ပြီးရင် ‌ကေအဲန်ယူရဲ့ အခြား တပ်မဟာ‌တွေကိုလည်း ဆက်လက် တိုက်ခိုက်သွားမယ့် သ‌ဘောပဲ” ဟု ဆိုသည်။

နအဖ တပ်ဖွဲ့ဝင်များသည် ၈၁-မမ၊ ၆၀-မမ၊ ၇၅ မီလီမီတာ၊ ၈၂ မီလီမီတာနှင့် အာရ်ပီဂျီ စသည့် လက်နက်ကြီးများဖြင့် ဒီ‌ကေဘီ‌အေကို ကူ၍ ပစ်ခတ်‌ပေးခဲ့ရာ ယ‌နေ့အထိ လက်နက်ကြီး အလုံး‌ပေါင်း ၂၀၀‌ကျော်ခန့် ရှိသည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၇)ဌာနချုပ်၏ ခန့်မှန်း ‌ပြောဆိုချက်အရ သိရှိရသည်။

ယင်းသို့ ထိုင်းဘက်ကမ်း ကျ‌ရောက်သည့်အတွက် သက်ဆိုင်ရာ ထိုင်း‌ကျေးရွာများမှ ‌ဒေသခံအချို့ကို ထိုင်းလုံခြုံ‌ရေး တပ်များက စုစည်း‌နေရာ ချထား‌ပေးပြီး နယ်‌မြေခံ ထိုင်းဖက်ဆိုင်ရာ အရာရှိများက နယ်စပ် အ‌ခြေအ‌နေကို လာ‌ရောက်‌လေ့လာ၍ ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ပိုမို‌စောင့်ကြည့်‌စေခဲ့သည်။

ရက်သတ္တပတ် ကြာလာသည့် တိုက်ပွဲများအတွင်း ‌ကေအဲန်အယ်လ်‌အေဘက်မှ တဦး ထိခိုက်ဒဏ်ရာ ရရှိပြီး နအဖနှင့် ဒီ‌ကေဘီ‌အေဘက်မှ ၁၀ဝနီးပါးခန့် ထိခိုက် ‌သေ‌ကြေမှု ရှိ‌ကြောင်း သိရသည်။ ၎င်းအပြင် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင် တချို့သည် တိုက်ပွဲအတွင်း စိတ်ဓာတ်ပျက်ပြားကာ ပြန်လည် ထွက်‌ပြေး သွားသူများ ရှိသလို ‌ကျေးရွာများ၌လည်း အထမ်း‌ပေါ်တာအဖြစ် ဖမ်းဆီးမှုများ ပိုမိုရှိလာသည် ဟုလည်း သိရသည်။

လက်ရှိအချိန်တွင် တိုက်ပွဲ‌ကြောင့် ရွာ‌ပေါင်း (၁၄)ရွာခန့်မှ ရွာသူရွာသား‌ပေါင်း ၄၀၀ဝ နီးပါးမှာ ထိုင်းဘက်ကမ်း မဲ့သ‌ဝေါနှင့် မဲ့တန် အကြားရှိ အူးသူးထာ့၊ နိုဘိုး၊ မဲ့တရိနှင့် သ‌လေ့ထာ့ အ‌ရေး‌ပေါ် ယာယီ ‌နေရာချထား‌ရေး စခန်းများတွင် ‌ရောက်ရှိ‌နေကြပြီး ထိုင်းအ‌ခြေစိုက် အဲန်ဂျီအို အဖွဲ့များ၊ ကရင် ဒုက္ခသည် ‌ကော်မတီနှင့် ထိုင်းကျန်းမာ‌ရေး ဌာနများမှ ကူညီ‌စောင့်‌ရှောက်လျှက် ရှိသည်ဟု သိရသည်။