Home သတင်း ‌ကေအဲန်ယူ ဗိုလ်‌လောင်း သင်တန်းဆင်းပွဲပြီးစီး

‌ကေအဲန်ယူ ဗိုလ်‌လောင်း သင်တန်းဆင်းပွဲပြီးစီး

2126
စက်တင်ဘာ ၁၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)၏ ဗဟိုအဆင့် ပြုလုပ်ခဲ့သည့် ဗိုလ်‌လောင်းသင်တန်းဆင်းပွဲ ကို စက်တင်ဘာလ ၁၁ရက်‌နေ့က တပ်မဟာ (၅)နယ်‌မြေတွင် ကျင်းပပြီးစီးခဲ့သည်။

ယခု ဗိုလ်‌လောင်းသင်တန်းသည် အမှတ်စဉ်(၄) ‌စောဘဦးကြီးတပ်ခွဲဖြစ်ပြီး သင်တန်းပြုလုပ်ရခြင်း၏ ရည် ရွယ်ချက်ကို ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် ‌ကေအဲန်အယ်လ်‌အေ ဗိုလ်ချုပ်ကြီး‌စောမူတူး ‌စေးဖိုးက သင်တန်းဆင်းပွဲတွင် ယခုလို ‌ပြောသည်။

“‌ကေအဲန်ယူက ကရင်လူမျိုးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိဖို့အတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ‌ဖြေရှင်းခဲ့‌ပေမယ့် စစ် အစိုးရဟာ ဒါကို ထည့်မစဉ်းစားခဲ့ဘဲ သူတို့တပ်အင်အား၊ လက်နက်အင်အား‌တွေကို ဖြည့်ဆည်းခဲ့တယ်။ တချိန်တည်းမှာ သူတို့စစ်သား‌တွေက ကရင်ရွာ‌တွေမှာဝင်လာပြီး‌တော့ နှိပ်စက်ညှင်းပမ်းမှု‌တွေ၊ မုဒိမ်း ကျင့်တာ‌တွေ လုပ်‌ဆောင်လာတယ်။ အဲဒီဖိနှိပ်မှုကို တွန်းလှန်နိုင်ဖို့အတွက် စစ်အတတ်ပညာကို ကျ‌နော် တို့ လိုအပ်ပါတယ်။ အဲဒါ‌ကြောင့် ဒီစစ်အတတ်ပညာကို တပ်ရင်း၊ တပ်မဟာ၊ ဗဟိုဌာနချုပ်အဆင့်နဲ့ ကျ‌နော်တို့ ဖွင့်လှစ်‌ပေးရတာ ဖြစ်တယ်”ဟု ‌ပြောသည်။

သင်တန်းတွင် ‌ကေအဲန်ယူ၏ အုပ်ချုပ်‌ရေးနှင့် တိုက်ခိုက်‌ရေး နှစ်ပိုင်းခွဲကာ နိုင်ငံ‌ရေးနှင့် စစ်ဘက်ဆိုင်ရာ အတတ်ပညာ သင်တန်းမျိုးစုံကို ဘာသာရပ်အလိုက် သင်ကြားပို့ချ‌ပေးခဲ့ခြင်းဖြစ်ပြီး ယခင်သင်တန်းများ နှင့် နှိုင်းယှဉ်လျှင် အချိန်အကြာဆုံးနှင့် ဘာသာရပ် အများဆုံးဖြစ်သည်ဟုလည်း သင်တန်း‌ကျောင်းအုပ် ဖြစ်သည့် ‌ကေအဲန်အယ်လ်‌အေမှ ဒုဗိုလ်မှူးကြီး‌စောဒူးက ‌ပြောသည်။

“အရင်တုန်းက junior leaders course အဆင့်‌လောက်ပဲရှိတယ်။ အခု OTS အဆင့်‌လောက်ရှိတယ်။ အဂင်္လိပ်‌ခေတ်တုန်းကဆို ‌ခြောက်လပဲ။ အခု ကျ‌နော်တို့သင်တန်းက တနှစ်‌ကျော်ကြာ‌တော့ စစ်ဘက် ဆိုင်ရာ အတတ်ပညာ Subject အကုန်လုံးကို သူတို့ရခဲ့တယ်။ သင်တန်းသားအားလုံးရဲ့ ကြိုးစားမှုက လည်း အထူးပဲ ဂုဏ်ယူစရာ‌ကောင်းပါတယ်။ ဒီ‌နေ့ကစပြီး သူတို့‌တွေဟာ အနာဂတ်‌ခေါင်း‌ဆောင်‌တွေဆို တာ ကျ‌နော်တို့ အသိအမှတ်ပြုပါလိုက်ပြီ”ဟု ဆိုသည်။

၂၀၀၈ခုနှစ်၊ ဇူလိုင်လမှ စတင်ဖွင့်လှစ်ခဲ့သည့် ၁၅လကြာ ၎င်းဗိုလ်သင်တန်းဆင်းပွဲတွင် ‌ကေအဲန်အယ်လ် ‌အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက သင်တန်း‌အောင်မြင်ခဲ့သူ ဗိုလ်‌လောင်း ၃၆ဦးကို ဒုဗိုလ် တံဆိပ်တပ်‌ပေးကာ အ‌ကောင်းဆုံးဗိုလ်‌လောင်းဆု၊ ‌လေ့ကျင့်‌ရေးထူးချွန်ဆု၊ လက်‌ဖြောင့်ဆု၊ တပ်စိပ်အ လိုက် ‌ချေမှုန်း‌ရေးဆုနှင့် ဇွဲဆုများကို ‌ပေးအပ်ချီးမြှင့်ခဲ့သည်။

သင်တန်းဆင်း ဗိုလ်‌လောင်းများ စုစည်းမှတ်တမ်းဓါတ်ပုံ
သင်တန်းဆင်း ဗိုလ်‌လောင်းများ စုစည်းမှတ်တမ်းဓါတ်ပုံ

သင်တန်းတွင် ထူးချွန်ဆု အဆင့်(၁) ရရှိခဲ့သူ ဒုဗိုလ်‌စောနိုင်နိုင်က “ကျ‌နော်ဟာ မထင်မှတ်ဘဲ သင်တန်း ပြီးခါနီးမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်။ ဒါ‌ပေမယ့် ကျ‌နော် နည်းနည်းက‌လေးမှ စိတ်ဓါတ်မကျဘူး။ စစ်သား ဆိုတာ တိုက်ခိုက်ဖို့အတွက်ပဲ။ နိုင်ငံ‌ရေးမှာ လုပ်သွားသူ‌တွေလို ကျ‌နော်လည်း တိုက်ခိုက်‌ရေးဘက်မှာ လုပ်စရာရှိတာ လုပ်သွားမှာပဲ။ ကရင့်‌တော်လှန်‌ရေးအ‌ပေါ်၊ ‌ခေါင်း‌ဆောင်အ‌ပေါ်၊ မိဘပြည်သူအ‌ပေါ် ကတိ သစ္စာ ‌ပေးထားတဲ့အတိုင်း ကရင့်‌တော်လှန်‌ရေး ‌အောင်မြင်တဲ့အထိ ကျ‌နော် လုပ်သွားမယ်”ဟု ‌ပြောသည်။

ယခုလို ဗဟိုအဆင့် ဗိုလ်‌လောင်းသင်တန်းများအပြင် ‌ကေအဲန်ယူ တပ်မဟာ၊ တပ်ရင်းအလိုက် ဖွင့်လှစ်ပြု လုပ်ခဲ့သည့် ဗိုလ်‌လောင်းသင်တန်းများလည်းရှိပြီး လာမည့်နှစ်များတွင်လည်း နှစ်စဉ်နှစ်တိုင်း ကျင်းပသွား ရန် (၁၄)ကြိမ်‌မြောက် ‌ကေအဲန်ယူ ညီလာခံတွင် ဆုံးဖြတ်ထားသည်ဟု သိရသည်။