KIC News
အဖွဲ့နာမည်အသုံးပြုပြီး အလှူခံမှုများရှိသောကြောင့် ပြည်သူများသတိထားကြရန် ကျားဖြူတပ်ခွဲ−၄ သတိပေးထုတ်ပြန်
သြဂုတ်လ ၂၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီ−ကော့ကရိတ်လမ်းပိုင်းတွင် စစ်ဆေးမှုပြုလုပ်နေသည့် ကျားဖြူတပ်ခွဲ (၄)၏ အဖွဲ့ အစည်းနာမည်ကိုအသုံးပြုပြီး အလှူခံမှုများရှိသောကြောင့် ဒေသခံပြည်သူများအနေဖြင့် သတိထားကြရန် ကျားဖြူတပ်ခွဲ−၄ က ယမန်နေ့က သတိပေးထုတ်ပြန်ထားသည်။
အဆိုပါ ကျားဖြူစစ်ကြောင်းလက်အောက်ရှိ ကျားဖြူတပ်ခွဲ (၄)ရဲဘော်များ၏ လှုပ်ရှားသည့် ဓါတ်ပုံများနှင့် ရုပ်သံဗီဒီယိုဖိုင်များကိုအသုံးပြု၍...
လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းခိုလှုံလာသည့် BGF တပ်ဖွဲ့ဝင်ကို ဆုငွေချီးမြှင့်
ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကော်ဘရာစစ်ကြောင်းထံသို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)-တပ်နယ်(၂)မှ တပ်သားတစ်ဦးသည် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် လာရောက်အလင်းဝင်ပူးပေါင်းခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယမန်နေ့က ထုတ်ပြန် ချက်ထားသည်။
စစ်ကောင်စီ၏ မတရားဖိနှိပ်ချုပ်ခြယ်သည့်စနစ်ကိုမနှစ်သက်သောကြောင့် ပြီးခဲ့သည့် ဩဂုတ်လ...
နဘူး၊ လှိုင်းဘွဲ၊ ပိုင်ကျုံဘက်တွင် ဆိုင်ကယ်အပိုပစ္စည်းများ အဆမတန်ဈေးတက်
ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီလမ်းပိုင်း ပြိုကျပျက်စီးမှုကြောင့် နဘူး၊ လှိုင်းဘွဲ၊ ပိုင်ကျုံစသော မြို့နယ် များမှ တစ်ပိုင်တစ်နိုင်ဆိုင်ကယ်ပစ္စည်းပြင်ဆိုင်ဖွင့် လှစ်ထားသူများ ဆိုင်ကယ်ပစ္စည်းဝယ်ယူရန်ခက်ခဲနေပြီး ဆိုင်ကယ်အပိုပစ္စည်များလည်း ဈေးအဆမတန်မြင့်တက်လာနေသည်ဟု သိရသည်။
ဩဂုတ်လ ၇ ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်...
ကရင်နီတွင် စစ်ရှောင် စာသင်ကျောင်းအချို့ ပိတ်ထားရ
ဩဂုတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့်ဒီးမေ့ာဆိုမြို့နယ်ရှိ ကိုယ်ထူကိုယ်ထ စစ်ရှောင်စာသင်ကျောင်းအများစုသည် လုံခြုံရေးအခြေအနေကြောင့် ယာယီပိတ်ထားရသည်မှာ လပိုင်းအထိကြာမြင့်လာပြီဖြစ်ကြောင်း စစ်ဘေးရှောင်များ၏ ပြောပြချက်အရ သိရသည်။
တိုက်ပွဲများပြင်းထန်နေသည့် ဖရူဆိုမြို့နယ်တွင် စစ်ဘေးရှောင်ကလေးများ ပညာ ရေးအတွက် ကိုယ်ထူကိုယ်ထအားဖြင့် ဖွင့်လှစ်ထားသော စာသင်ကျောင်းအများစု ပိတ်ထားရသည်မှာ တစ်လကျော်ကြာမြင့်လာပြီး...
ကျောက်တံခါးတွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်း တပ်စွဲနေထိုင်ပြီး မိုင်းများ ထောင်ထား
ဩဂုတ်လ ၂၃ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့ နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လက တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် အချို့ကျေးရွာများတွင် စစ်ကောင်စီက ဝင်ရောက်တပ်စွဲနေထိုင်နေပြီး နင်းမိုင်းများလည်းထောင်ထားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က သမင်အင်းကုန်း၊ နံဇ၊ ဘန့်ဘွေးကုန်း...














