Home Authors Posts by KIC News

KIC News

22510 POSTS 0 COMMENTS

တိုက်ပွဲများကြောင့် ပင်လယ်အနီးရှိ ဒေသခံများငါးဖမ်းလှေမထွက်နိုင်၍ ဝမ်းရေးခက်ခဲလာ

စက်တင်ဘာလ ၂၁ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းရိုးတန်းနှင့် နီးစပ်သော ကျေးရွာများ တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား နှစ် ဖက်အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲများကြောင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံ ရွာသားများအနေဖြင့် ဝမ်းရေးခက်ခဲလာကြောင်း သိရသည်။ ပုလောမြို့နယ်အတွင်းရှိ တို‌ကျေးရွာအုပ်စု၊ လက္ကူးကျေးရွာအုပ်စုနှင့် ကျောက္ကာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသည်...

ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်မိသားစုဝင်များ ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရ

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင် (တပ်မဟာ -၅ နယ်မြေ)၊ ဖာပွန်မြို့တွင်းရှိ စစ်ကောင်စီ တပ်စခန်းမှ တပ်မိသားစုဝင်များအနေဖြင့် ကုန်းလမ်းရေလမ်းရိက္ခာလမ်းကြောင်းဖြတ်တောက်ခံထားရသောကြောင့် ရိက္ခာ ပြတ်လပ်မှုနှင့်ကြုံတွေ့နေရကြောင်း တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူ ထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကုန်းပိုင်းမှစ၍ အဆိုပါဒေသတွင်...

ထားဝယ်စစ်ကောင်စီတပ်အိမ်ရာဝန်း လက်နက်ကြီးပစ်ခတ်ခံရ၍ ၃ဦးသေဆုံးကာ အများအပြားထိခိုက်

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်လမ်းဆုံအနီးရှိ စစ်ကောင်စီ တပ်အရာရှိများ နေ ထိုင်ရာ တပ်အိမ်ရာဝန်းကို ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့-DGRFနှင့် ပူးပေါင်းတပ်ဖွဲ့မှ ယမန်နေ့က သွားရောက် ပစ်ခတ်ခဲ့သောကြောင့် အရာရှိ ၃ ဦးသေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း DGRF...

ဖြူး၊ အကြပ်အင်းရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီးများတပ်ဆင်၍ ခြေကုပ်ယူထား

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အကြပ်အင်းရွာအုပ်စုရှိ အကြပ်အင်းရွာသို့ ပြီးခဲ့သည့် အပတ်အတွင်းက ဝင်ရောက်လာသော စစ်ကောင်စီတပ်များသည် ရွာအတွင်းခြေကုပ်ယူ၍ လက်နက်ကြီးများတပ်ဆင်ထားရှိကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ အဆိုပါကျေးရွာအတွင်း စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်စဥ် လက်ရှိအချိန်အထိ ဒေသခံရွာသားများအား ဖမ်းဆီးခြိမ်းခြောက်မှု တစ်စုံတစ်ရာမရှိသေးသော်လည်း...

လမ်းပြအဖြစ် စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားသော သံတောင်ကြီး၊ ကျောက်တံခါးရွာခံ အမျိုးသားနှစ်ဦး ပြန်လွတ်လာ

စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းရှိ ကျောက်တံခါးကျေးရွာသို့ ပြီးခဲ့သည့် စက်တင်ဘာလ(၁၉)ရက်နေ့က တကျော့ပြန်စစ်ကြောင်း ဝင်ရောက်လာသော စစ်ကောင်စီ တပ်များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ဒေသခံအမျိုးသားနှစ်ဦး ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အဆိုပါကျေးရွာအတွင်းတွင် နှစ်ရက်တာ စခန်းချနေထိုင်ခဲ့သော...
Donate