KIC News
ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ပြောင်းလဲပြီးနောက်ပိုင်း ဖမ်းဆီးစစ်ဆေးမှုများပြားလာ
စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို ယခုလဆန်းပိုင်းအတွင်း အပြောင်းအလဲ ပြုလုပ်လိုက် ပြီးနောက် ဖားအံမြို့၊ လှိုင်းဘွဲမြို့ နှင့် ပိုင်ကျုံမြို့များတွင် လမ်းသွားလမ်းလာများကို တင်းတင်းကြပ်ကြပ် စစ်ဆေး ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာနေကြောင်း မြို့ခံများက ပြောသည်။
ယခုစက်တင်ဘာလဆန်း...
မကြာခဏတိုက်ခိုက်ခံရသဖြင့် ကျုံဒိုးရဲစခန်းရှိ ရဲနှင့်ရဲမိသားစုဝင်များ ရှောင်တိမ်းနေထိုင်နေကြရ
စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ် ကျုံဒိုးတိုက်နယ် ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ၏ မကြာခဏ လာရောက်တိုက်ခိုက်ခံရမှုကြောင့် ရဲစခန်းအတွင်း တာဝန်ကျရဲတပ်ဖွဲ့ ဝင်များမှအပ ကျန်ရဲတပ်ဖွဲ့ဝင်နှင့် အိမ်ထောင်သည် လိုင်းခန်းမှ ရဲမိသားစုများ ရဲစခန်းဝင်း ပြင်ပအခြား နေရာများတွင် ပြောင်းရွှေ့နေထိုင်နေကြရကြောင်း သိရသည်။
ကျုံဒိုးရဲစခန်း၊...
တိုက်ပွဲဖြစ်ပွား၍ ရာနှင့်ချီသော ကော့သောင်းဒေသခံများ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်နေရ
စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် ခမောက်ကြီးကျေးရွာနှင့် မလီဝမ်းကျေးရွာအနီးတွင် နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်အကြား ယခုလ ၂၀ ရက်နေ့မှစ၍ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားမှုကြောင့် ရာနှင့်ချီသည့် ဒေသခံများမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင်...
ကန့်သတ်ချက်များ တိုးလာသဖြင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် အကူအညီရရန် အဟန့် အတားဖြစ်နေ
စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်ရရှိရန်အတွက် ကချင်ပြည်နယ်နှင့် နိုင်ငံ၏ အရှေ့ တောင်ပိုင်းဒေသတွင် ကန့်သတ်ချက်များ တိုးလာသည့်အတွက် အကူအညီလို အပ်သူများထံ အရေးပါသည့် အကူအညီပေးအပ်နိုင်ရန် အဟန့်အတားဖြစ်နေသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA...
ခလယ်ရွာ လူနေအိမ်များနှင့် ဆိုင်ခန်းရှိပစ္စည်းများ ဖောက်ထွင်းယူဆောင်သွားသည့်အပြင် ရွာသားများပါ စစ်ကောင်စီ ဖမ်းဆီးရိုက်နှက်လုပ်ဆောင်နေ
စက်တင်ဘာ ၂၁ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) ဝင်းရော်ဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် စက်တင်ဘာ ၁၈ ရက်နေ့က ခလယ်ရွာမကြီးတွင် ဝင်ရောက်တပ်စွဲလိုက်ပြီးနောက် စစ်ရှောင်ပြည်သူနေအိမ်များရှိ တန်ဖိုးရှိ ပစ္စည်းများနှင့် ကုန်စုံဆိုင်များ ဖောက်ထွင်းဖျက်ဆီးပြီး ကုန်ပစ္စည်းများယူဆောင်နေလျက်ရှိသည့်အပြင် ရွာသားများပါ...














