KIC News
ကေအိုင်စီ ဖေ့စ်ဘွတ်ခ်နဲ့ ပတ်သက်ပြီး အများသိအောင် ကြေညာထားဖို့ပါ။
---------------------
ကရင်သတင်းဌာန(ကေအိုင်စီ) ဝက်ဘ်ဆိုက် ဒီဇင်ဘာလ ၅ရက်နေ့ အတိုက်ခိုက်ခံရခြင်းနှင့် တပြိုင်နက်တည်း ကေအိုင်စီ ဖေ့စ်ဘွတ်ခ်ကိုလည်း တိုက်ခိုက်သိမ်းဆည်းမှုတွေ ဖြစ်လာပါတယ်။ လက်ရှိအချိန်တွင် ဝက်ဘ်ဆိုက်ကို ပြန်လည်ပြင်ဆင်ထိန်းသိမ်းနိုင်ပြီ ဖြစ်သော်လည်း ကေအိုင်စီဖေ့စ်ဘွတ်ခ်ကိုမူ
ပြန်လည်ကိုင်တွယ်နိုင်ခြင်း မရှိသေးသဖြင့် ဖေ့စ်ဘွတ်ခ်တွင် လက်ရှိ တင်ဆက်ဖော်ပြသမျှ သတင်း၊ ဆောင်းပါးများမှာလည်း ကေအိုင်စီမှ ဖော်ပြခြင်း မဟုတ်သည်ကို...
ကေအဲန်ယူနယ်မြေ၌ ကျင်းပမည့် တိုင်းရင်းသားညီလာခံ ရက်ရွှေ့ဆိုင်း
ဒီဇင်ဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်ရာနယ်မြေအတွင်း ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ပါဝင်လုပ်ဆောင်သွားမည့် တိုင်းရင်းသားညီလာခံကို ညီလာခံဖြစ်မြောက်ရေး ကော်မတီက ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရ သည်။
ဒီဇင်ဘာလ ၁၈ရက်နေ့မှ ၂ဝရက်နေ့အထိ၊ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ KNU ထိန်းချုပ်ရာနယ်မြေ လေးဝါးစခန်း တွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း...
(၅)ကြိမ်မြောက် ကေအဲန်ယူ မျိုးဆက်သစ်ပျိုးထောင်ရေး သင်တန်းကျောင်းဆင်းပွဲ ပြီးစီး
ဒီဇင်ဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ဖွင့်လှစ်သော ( ၅)ကြိမ်မြောက် မျိုးဆက်သစ်ကရင်လူငယ်များ ပျိုးထောင်ရေး သင်တန်းကျောင်း New Generation Program (NGP) ဆင်းပွဲကို ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သေဘေထာ့သင်တန်းနေရာ တွင် ဒီဇင်ဘာ ၇ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။
အဆိုပါသင်တန်းကို ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ...
ပဲခူးတိုင်းဒေသကြီး၌ လာမည့်ပညာသင်နှစ်တွင် ကရင်စာပေ တစ်ပြေးညီ စတင် သင်ကြားမည်
ဒီဇင်ဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း
ပဲခူးတိုင်းဒေသကြီးတွင် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ အစိုးရအခြေခံပညာကျောင်းများ၌ ကရင်စာပေကို တစ်ပြေး ညီ စတင် သင်ကြားသွားမည်ဖြစ်ကြောင်း ၎င်းတိုင်းဒေသကြီး၏ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောဂျူးဗလီစံလှက ကေအိုင်စီသို့ ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးရုံးခန်း၌ ပဲခူးတိုင်း ကရင်စာ...
ဒေါက်တာစင်သီယာမောင်အား ထိုင်းနိုင်ငံ ဆေးပညာနှင့်လူထုကျန်းမာရေးတက္ကသိုလ်က ပါရဂူဘွဲ့ချီးမြှင့်
ဒီဇင်ဘာ ၁၁ရက်။ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း
ထိုင်းနိုင်ငံရှိ ဆေးပညာနှင့် လူထုကျန်းမာရေးဆိုင်ရာ တက္ကသိုလ်တစ်ခုက မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီ ယာမောင်ကို လာမည့် ဒီဇင်ဘာလ ၁၈ရက်နေ့တွင် ဆေးပညာဆိုင်ရာ ဂုဏ်ပြုပါရဂူဘွဲ့ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါ ဂုဏ်ပြုပါရဂူဘွဲ့ကို ထိုင်းအစိုးရ အသိအမှတ်ပြုထားသော ထိုင်းနှင့် လာအိုနယ်စပ်အနီး...
တိုင်းရင်းသားအဖွဲ့များ၏ တနိုင်ငံလုံး အပစ်ရပ်ရေးစာချုပ်မူကြမ်းကို ကေအဲန်ယူနယ်မြေ၌ ဆွေးနွေးမည်
ဒီဇင်ဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရေးဆွဲထားသည့် အချက် ၁၁ချက်ပါ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို ဒီဇင်ဘာလ တတိယပတ် ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဖားအံခရိုင်၌ ကျင်းပမည့် ဒုတိယအကြိမ် တိုင်းရင်းသားအဖွဲ့များ ညီလာခံတွင် ဆွေးနွေးမည်ဖြစ်ကြောင်း ကေအဲန်ယူက ပြောဆိုသည်။
ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး(၂)...
လက်တွေ့ကျပြီး တန်းတူရည်တူ၊ သွေးရိုးသားရိုး၊ ညှိနှိုင်းဆွေးနွေးကြရန်
(မောင်ကျော်စွာ)
၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ ၁ဝရက်
“တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး”သည် အလှမ်းဝေးလျက်ရှိ၏။ “၂၀၀၈ အခြေခံဥပဒေ“ ပြင်ဆင်ရေးအတွက် မေတ္တာရပ်ခံ ထားသည့် “၄ပွင့်ဆိုင်” တွေ့ဆုံဆွေးနွေးရေး ဆိုသည်ကလည်း မျှော်လင့်ချက်မရှိချေ။ လမ်းပိတ်နေပြီ။ မည်သို့ရှေ့ဆက်ကြမည် နည်း။ ညှိနှိုင်းဆွေးနွေးကြဖို့လိုပါသည်။ တန်းတူရည်တူ သွေးရိုးသားရိုး ညှိနှိုင်းဆွေးနွေးကြမည်ဆိုလျှင် ပိတ်နေသောလမ်းပွင့်ပြီး ရှေ့ခရီးဆက်နိုင်ပါလိမ့်မည်။
“၂၀၀၈ အခြေခံဥပဒေ”...
၅၄နှစ်မြောက် ဒေါက်တာစင်သီယာမောင် မွေးနေ့ပွဲသို့ ၈၈မျိုးဆက်အဖွဲ့ တက်ရောက်
ဒီဇင်ဘာ ၆ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ(ကလေးများဖွံ့ဖြိုးတိုးတက်ရေးဗဟို-CDC)အထက်တန်းကျောင်းတွင် ယနေ့ ကျင်းပသည့် ဒေါက်တာစင်သီယာမောင်၏ ၅၄နှစ်ပြည့်မွေးနေ့ပွဲသို့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့လည်း တက်ရောက်ခဲ့ကြသည်။
မွေးနေ့ပွဲအခမ်းအနားကို ကိုဂျင်မီ ဦးဆောင်ကာ မနီလာသိန်း၊ မမီးမီး (ခ) မသင်းသင်းအေး အပါအဝင် ၁၈ဦး ပါဝင်သည့် ၎င်းတို့ အဖွဲ့က မြန်မာပြည်တွင်း ရန်ကုန်မြို့မှနေ၍...
ကရင်အဆိုတော် ချာလီ ယာဉ်တိုက်မှု ဖြစ်ပွား
ဒီဇင်ဘာ ၅ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား
ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သည့် ကရင်အဆိုတော်တစ်ဦးဖြစ်သူ ချာလီသည် ယမန်နေ့ညနေ ၇နာရီကျော်အချိန်၌ သီချင်းဆိုအပြန် စီးလာသည့် ဆိုင်ကယ်ကို ကားတစ်စီးမှ မတော်တဆ ဝင်တိုက်မိသဖြင့် လက်ရှိ မဲဆောက်ဆေးရုံသို့ တင်ထားရသည်ဟု သိရသည်။
အသက် ၂၄နှစ်အရွယ် အဆိုတော် ချာလီသည် မယ်လစခန်းရှိ...
နှစ်သစ်အတွေး
(လကင်္ာဒီပ)
(ဒီဇင်ဘာ ၂၅၊ ၂၀၁၃။)
အတွေ့အသစ် အငွေ့သစ်
နှစ်သစ်တဖြစ်လည်း
စစ်ပွဲတွေမလိုချင်ဘူး တကယ်
ဘယ်ဗျူဟာ ဘယ်မာယာ
ယတြာအစုတ်အပြတ်
မဟုတ်မဟတ် လုပ်ဇာတ်အညစ်
ရပ်တန်းရစ်ကြစေ
နေ့သစ်တွေကို ရွှေ့မပစ်ချင်ကြစမ်းပါနဲ့။
မမေ့လျော့ခြင်း
ပေါ့ဆခြင်းကင်းစွာ
သစ်ကမ္ဘာ နှစ်တရာကို ထုဆစ်
လုံ့လသစ်နဲ့မာန်တင်
ကြာချင်ကြာမယ် နာချင်နာမယ်
အလွယ်တကူမပြီး
လမ်းကြမ်းကြီးများစွာနဲ့
ခရီးကား မနီးလှပေဘူးလေ။
အငြိမ်းစား ဘချုပ်တွေ
နေပြည်တော်မှာ စာဖတ်ကြကာနေ
ကော်သူးလေ ကရင်တွေ
ရီဝေဝေ ထွေလီနေဆဲ
သမိုင်းလည်း ဝိုးတိုးဝါးတား
မှတ်မထား သညှာ
ကဗျာမတတ် စာမတတ်
အနာဂတ်မဲ့အောင်ကို
အလိုလိုပြုနေကြရော့သလား
ဝါးလုံးခေါင်းထဲ “လ”တွေ မသာသင့်နေ
အောက်ခြေလူထုအတွက် ဆင်ခြင်
လမ်းစဉ်နဲ့မူဘောင်ကို ရူးကြောင်ကြောင် မလုပ်ကြနဲ့။
ငြိမ်းချမ်းရေးစကားလုံး
မက်လုံးကားပါမစ်
မစစ်မှန်တဲ့...