Home Authors Posts by KIC News

KIC News

22508 POSTS 0 COMMENTS

တပ်မဟာ ၄ နယ်မြေအတွင်းရှိ KTLA စခန်း ၄ ခုကို ရှင်းလင်းခဲ့ကြောင်း KNU ပြော

အောက်တိုဘာ ၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) နယ်မြေအတွင်းရှိ ကော်သူးလေအာမီ-KTLA တပ်စခန်း ၄ ခုကို ပြီးခဲ့သည့် စက်တင်ဘာလကုန်ခါနီးတွင် ရှင်းလင်းခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ (၄) ဘက်က ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်မှ ၃၀...

အနစ်နာခံပေးဆပ်ကြသည့် ကျောင်းဆရာ၊ ဆရာမများအားလုံးကို အသိမှတ်ဂုဏ်ပြုကြောင်း KECD ပြော

အောက်တိုဘာ ၅ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကိုယ်ကျိုးအတွက်မကြည့်ဘဲ အနစ်နာခံပေးဆပ်သည့် ကျောင်းဆရာ၊ ဆရာမများအားလုံးကို အသိ အမှတ်ဂုဏ်ပြုကြောင်း ယနေ့ အောက်တိုဘာလ ၅ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများ နေ့အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD)ဗဟိုက ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ပြောဆိုထားသည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းညီညွတ်ရေး၊ တန်းတူညီမျှရေးနှင့်...

ကော့ကရိတ်မြို့နယ် တောင်ပိုင်းတွင် ယခင်နှစ်ထက် ဝဥဈေးများ သိသိသာသာ ကျဆင်း

အောက်တိုဘာ ၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသရှိ ကျေးရွာများတွင် ဝဥဈေးသည် ယခင်နှစ်ထက် သိသိသာသာ ကျဆင်းလာကြောင်း ဝဥလုပ်ငန်းလုပ်ကိုင်သူများ ထံမှသိရသည်။ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများတွင် ဝဥကို ပြီးခဲ့သည့် စက်တင်ဘာလမှစတင်တူးဖော် ရောင်းချ နေကြပြီး ယခင်နှစ်ဈေးထက် သိသိသာသာ ကျဆင်းလာသောကြောင့် ဒေသခံများအနေဖြင့်...

“မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း” ကိုးကားစာအုပ် ၂၀၂၂-၂၀၂၃ကို BNI မိတ်ဆက်ရှင်းလင်း

အောက်တိုဘာ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ33 နိုင်ငံတကာမြန်မာ့သတင်း(BNI) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် စောင့်ကြည့်ရေး လုပ်ငန်းတစ်ခု ဖြစ်သည့် Myanmar Peace Monitor (MPM) မှ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ထုတ်ဝေသော “မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း-ရည်ညွှန်းအကိုးအကား” စာအုပ်မိတ်ဆက်ပွဲအား ယနေ့...

ဗျူဟာမှူးသစ်၏ စစ်ရေးသဘောထားကြောင့် မြို့တွင်း တိုက်ပွဲဖြစ်လာမည်ကို ကြာ အင်းဆိပ်ကြီးမြို့ခံများစိုးရိမ်

အောက်တိုဘာ ၅ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့သို့ အသစ်ပြောင်းလာသည့် စစ်ကောင်စီ၏ ဗျူဟာမှူး အသစ်အနေဖြင့် နယ်မြေအတွင်း စစ်ရေးအရှိန်မြှင့်လုပ်ဆောင်လာနေသည့်အပေါ် မြို့တွင်းတိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ရေးတင်းမာနေသည့် ကြာအင်းဆိပ်ကြီးမြို့သို့ အသစ်ပြောင်း လာသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဗျူဟာမှူးသစ် ဗိုလ်မှူးကြီး...
Donate