KIC News
ဖာပွန်မြို့တွင် ရိက္ခာပြတ်လပ်မှုအပြင် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုမရရှိဘဲဖြစ်နေ
အောက်တိုဘာလ ၆ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် သွားလာရေးအတွက် ကုန်းလမ်းနှင့် ရေလမ်းကြောင်း နှစ်ခုစလုံးကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့အစည်းများ ပိတ်ဆို့ထားရပြီးနောက် စားနပ်ရိက္ခာပြတ်လပ်နေသည့်အပြင် ကျန်းမာရေး စောင့်ရှောက်မှုလည်း ထိရောက်စွာ မရရှိသည့် အခက်အခဲနှင့်ပါ ကြုံတွေ့နေရကြောင်း ဖာပွန် ဒေသခံပြည်သူများက ပြောဆိုသည်။
ဖာပွန်မြို့တွင်...
ဗုံးကြဲခံရသည့် ဖရူဆို စာသင်ကျောင်း ပြန်မဖွင့်နိုင်သေး
အောက်တိုဘာ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့အရှေ့ဘက်ကျေးရွာတွင် ပြီးခဲ့သည့် အောက် တိုဘာလ(၄)ရက်နေ့ ညပိုင်းက စစ်ကောင်စီ၏ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက် ခိုက်ခံရ သည့် စာသင်ကျောင်းသည် ယခုအချိန်ထိ ပြန်လည်ဖွင့် လှစ်နိုင်ခြင်းမရှိသေးကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
ကျောင်းဆောင်(၃)ဆောင်အပါအဝင် ကျောင်းဝင်းအတွင်းရှိ အဆောက်အဦးအချို့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့်...
လှိုင်းဘွဲမြို့တွင် ည (၈) နာရီနောက်ပိုင်း သွားလာသူများကို ပစ်မိန့်ပေးထား
အောက်တိုဘာ ၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့အတွင်း ယခုအောက်တိုဘာလမှစပြီး ည(၈)နာရီကျော်လျှင် တာဝန်ရှိသူမှအပ ဖြတ် သန်းသွားလာမှုလုပ်ဆောင်သူများကို စစ်ကောင်စီမှ ပစ်မိန့်ပေးထားကြောင်း မြို့ခံများက ပြောသည်။
ကရင်ပြည်နယ်အတွင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အသစ်ပြောင်းလဲ ခန့်အပ်လိုက်ပြီးနောက် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသေးသည့် လှိုင်းဘွဲမြို့နယ်တွင် ယခင်ကထက်လုံခြုံရေး စစ်ဆေးမှုများ...
နာရေးကူညီမှုအယောင်ဆောင်များကြောင့် ဖားအံဒေသတွင်း လူမှုကူညီရေးလုပ် ဆောင်သူများ အခက်တွေ့နေ
အောက်တိုဘာ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် ဒေသအတွင်း နာရေးကူညီမှု/ လူမှုကယ်ဆယ် ရေးအသင်း ယာဉ်များအသုံးပြုပြီး စစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ကိုင်သူများ ကြောင့် အသွားအလာအကူအညီပေးရာတွင် အခက်တွေ့နေရကြောင်း နာရေးကူညီ မှုအသင်းဝင်များထံမှ သိရသည်။
ရန်ကုန် /ဖားအံလမ်းမကြီးပေါ်တွင် စစ်တပ်က နာ/ကူ ကားအယောင်ဆောင်...
မုန်းမြို့နယ်တွင် မျက်စိနာရောဂါများ စတင်ဖြစ်ပွားလာနေ
အောက်တိုဘာလ(၅)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခု မိုးရာသီ ကုန်ဆုံးတော့မည့် မိုးနှောင်းပိုင်းကာလအတွင်း မျက်စိနာရောဂါများ စတင်ဖြစ်ပွားလာနေကြောင်း ဒေသအခြေစိုက် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ၏ ပြောဆိုမှုအရ သိရသည်။
မိုးဦးကျကာစတွင် မုန်းမြို့နယ်အပါအဝင် ညောင်လေးပင်ခရိုင်တစ်ခုလုံးရှိ စစ်ဘေး ရှောင်ပြည်သူ အများစုမှာ တိုက်ပွဲများအကြား စစ်ရှောင်နေရသည့်အတွက်...
ဗိုလ်စလုံးဦးစီးသည့် KTLA ကွန်မန်ဒိုတပ်ဖွဲ့ဝင်များ ကျေးရွာမှ ထွက်ခွာပေးရန် ဒေသခံများတောင်းဆို
အောက်တိုဘာလ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တောနော်(ဒေါန) အရှေ့ဘက်ခြမ်း၊ မော်ခီး ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၅)ရွာမှ ရွာသားများပူးပေါင်းပြီး ဗိုလ်စလုံးဦးစီးသည့် ကော်သူးလေအာမီ-KTLA ကွန်မန်ဒို တပ်ဖွဲ့ဝင်များ ကျေးရွာမှထွက်ခွာပေးရန်တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
(KTLA)တပ်ဖွဲ့ဝင်များက ရွာသားများကို ထိုးကြိတ်မှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့် ပက်သက်ပြီး...
တော်လှန်ရေးအင်အားစု ၈ ဖွဲ့ပေါင်း၏ သုံးလတာစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ၂၈ဦးသေဆုံး၊ ၄၀ဦး ဒဏ်ရာရ
အောက်တိုဘာလ ၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် ကရင်ပြည်နယ် ကော့ကရိတ်ဘုရားသုံးဆူစသည့်နေရာများတွင် အခြေချလှုပ်ရှား နေသည့် တော်လှန်ရေးအင်အားစု ၈ ဖွဲ့စုပေါင်း၍ ဒရုန်း၊ မြို့ပြစစ်ဆင်ရေးနှင့် လက်နက်ကြီးစသည့် စစ်ဆင်ရေး ၃ ရပ်ဖြင့် သုံးလတာစစ်ဆင်ရေးဖော်ဆောင်ခဲ့ရာတွင် စစ်ကောင်စီတပ်ဘက်မှ ၂၈ ဦးသေဆုံးပြီး ၄၀...














