KIC News
တိုက်ပွဲများပြင်းထန်မှုကြောင့် ကော့ကရိတ်ရှိ လူနေအိမ်နှင့်ဈေးဆိုင်ခန်းပေါင်းရာချီပျက်စီး
ဒီဇင်ဘာ ၁၂ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲ၏ အပြန်အလှန်ပစ်ခတ်မှု များကြောင့် ဒေသခံများ၏နေအိမ်များအပါအဝင် ဆိုင်ခန်းပေါင်းရာချီ ထိခိုက်ပြိုကျပျက်စီးသွားကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများကပြောသည်။
နိုဝင်ဘာလ ၃၀ရက်နေ့ ညကစ၍ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ၊စစ်ကောင်စီလက်အောက်ခံ (BGF)တပ်များနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်တို့အကြား...














