KIC News
စခန်းတစ်ခု အသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်စခန်း ၂ ခုမှ တပ်သားများ စခန်းစွန့်ခွာထွက်ပြေး
ဒီဇင်ဘာလ ၁၂ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ဆောထိမြို့နယ်အတွင်းရှိ တောင် ခြေရင်းရှေ့တန်း တပ်စခန်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်-KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ကျန်ရှိသည့် စစ်ကောင်စီတပ်စခန်း ၂ ခုမှ တပ်သားများက စခန်းစွန့်ခွာထွက်ပြေးခဲ့ကြောင်း...
ဌာနေမျိုးနွယ်စုများ ကိုယ်ပိုင်အုပ်ချူပ်စီမံခွင့်ရရှိရေး သောသီတောအူးဌာနေမျိုးနွယ်စုဥယျာဉ်ခြံ တည်ဆောက်
ဒီဇင်ဘာလ၁၂ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးအသားအစည်းအရုံး-ကေအဲန်ယူ၊ တောအူး(တောင်ငူ)ခရိုင်၊ တပ်မဟာ(၂)နယ်မြေ၏ ကော်သူးလေး ထိန်းချုပ်နယ်မြေမြောက်ပိုင်းရှိ ကရင်မျိုးနွယ်စုအများဆုံးနေထိုင်ရာ အရပ်တွင် ဌာနေမျိုးနွယ်စုများ ကိုယ်ပိုင် အုပ်ချူပ် စီမံခွင့်ရရှိရန်အတွက် သောသီတောအူးဌာနေမျိုးနွယ်စုဥယျာဉ်ခြံ တည်ဆောက်လိုက်ကြောင်း ယနေ့ ဥယျာဉ် မိတ်ဆက်ပွဲအရ သိရသည်။
ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားဆောင်ရွက်မှုကွန်ယက်(KESAN)မှဦးဆောင်ပြီး သောတီတောအူး ဌာနေလူမျိုးစုများဥယျာဉ် ဗီဒီယိုမိတ်ဆက်ပွဲကို အွန်လိုင်းမှတဆင့်...
မော်လမြိုင်-ရေး ပြည်ထောင်စုလမ်းမကြီး၏ ၈၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီးဟုတောင်ညို စစ်ကြောင်းပြော
ဒီဇင်ဘာလ ၁၂ ရက် ၂၀၂၃ ခုနှစ် ကေအိုင်စီ
မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ၏ စစ်ရေးဦးဆောင်မှုဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အသွားအလာယာဉ် များကို စစ်ဆေးမှုများနေ့စဉ်ပြုလုပ်နေပြီး လမ်းပိုင်း၏ ၈၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီးဟု တောင်ညို စစ်ကြောင်း၏...
ဖားအံမြို့အနီး တောင်ကလေးကျေးရွာရှိ အာဝါဒေး လောင်းကစားဝိုင်းများအား BGF အပိုင်စားယူထား
ဒီဇင်ဘာလ(၁၂)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ဖားအံမြို့နယ်၊ တောင်ကလေး-လှာကမြင်ကျေးနယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ကုန်ပိုင်းမှ စ၍ ကရင်နှစ်သစ်ကူးနေ့အကြိုအဖြစ် ပြုလုပ်နေသော အာဝါဒေး လောင်းကစားဝိုင်းများအား နယ်ခြားစောင့်တပ်-BGFမှ အပိုင်စားယူကာ ကျင်းပပြုလုပ်နေကြောင်း ဒေသခံများ၏ပြောပြချက်အရသိရ သည်။
BGF တပ်နယ်(၂)ခွဲ၏ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သော ဝင်းဇော်ဆိုသူက ၎င်းဦးစီးလုပ်ကိုင်နေသော...
စစ်ကောင်စီ လက်အောက်ခံ စစ်ဘက် အရပ်ဘက် ဝန်ထမ်းများ စစ်ကောင်စီထံမှ အမြန်ဆုံးစွန့်ခွာကြရန် KNUထုတ်ပြန်
ဒီဇင်ဘာလ၁၂ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ အတွင်းရှိ အာဏာသိမ်း စစ်ကောင် စီလက်အောက်ခံဝန်ထမ်းများအပါအဝင် ၎င်းတို့၏ မိသားစုဝင်များနှင့် စစ်ဘက်မှ သက်ဆိုင်သူများ အနေဖြင့် စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးထွက်ခွာရန် ဒီဇင်ဘာလ(၁၀)ရက်နေ့က အသိပေး ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ လုပ်ငန်းများမှ စွန့်ခွာပြီး ပြည်သူလူထုနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်အပြင် စစ်ဘက်မှ...
ကရင့်တော်လှန်ရေး (၇၅)နှစ်ပြည့် စိန်ရတုအခါသမယကို နိုင်ငံရေး အနှစ်သာရရှိရှိ အထိမ်းအမှတ်ပြုကြပါစို့
ကရင့်တော်လှန်ရေး (၇၅)နှစ်ပြည့် စိန်ရတုအခါသမယကို
နိုင်ငံရေး အနှစ်သာရရှိရှိ အထိမ်းအမှတ်ပြုကြပါစို့
မောင်ကျော်စွာ
(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်)
မကြာခင်ရောက်ရှိသွားတော့မယ့် ၂၀၂၄ ခုနှစ်ဟာ ၁၉၄၉ ခုနှစ် ဇန်နဝါရီမှာ စတင်ခဲ့တဲ့ ကရင့်တော်လှန်ရေး (၇၅)နှစ်မြောက် စိန်ရတုအခါသမယဖြစ်ပါတယ်။ ဤမျှရှည်လျားလှတဲ့ တော်လှန်ရေးခရီးစဉ်ကြီးထဲက အမှန်နဲ့အမှား၊ ကောင်းမွေ/ဆိုးမွေတွေထဲကနေ အတွေ့အကြုံသင်ခန်းစာတွေကို လေးလေးနက်နက်၊...














