KIC News
စစ်ကောင်စီစစ်ရေယာဉ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ငါးဖမ်းလှေများ မထွက်နိုင်
ဒီဇင်ဘာလ၁၄ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ကြက်စားပြင်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် စစ်ကောင်စီ စစ်ရေယာဉ်များမှ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သော ကြောင့် ဒေသခံ ငါးဖမ်းလှေများမထွက်နိုင်ကြကြောင်း ဒေသခံများက ပြောသည်။
စစ်ဘေးရှောင် အများဆုံး လာရောက်ငှားရမ်းနေထိုင်ကြသည့် ကြက်စား ပြင်ရပ်ကွက်၊ ကာစတန်ဆိပ်ကမ်း အနီးရှိ ထားဝယ်မြစ်ကမ်းတွင် ယခုဒီဇင်ဘာလ ဒုတိယအပတ်မှစတင်ပြီး...
လှိုင်းဘွဲ-ထီလုံရွာအနီးရှိ လောင်းကစားဝိုင်းများအား စစ်ကောင်စီ၏ ရဲတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီး
ဒီဇင်ဘာလ(၁၃)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအုပ်စု၊ ထီလုံရွာအနီးရှိ အာဝါဒေးလောင်းကစားဝိုင်းများအား စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၁)ရက်နေ့ ညပိုင်းက ဝင်ရောက် ဖမ်းဆီး ခဲ့သည်ဟု လှိုင်းဘွဲမြို့ခံများက ပြောသည်။
ယခင် လှိုင်းဘွဲမြို့နယ်၊ မြေတိုင်းဦးစီးဌာန၏ ဦးစီးမှူးဟောင်းတစ်ဦးမှ စီးပွားရှာလုပ်ကိုင်နေသော အဆိုပါ...
နှစ်ဖက်တိုက်ပွဲ ဆက်ဖြစ်နေ၍ မြဝတီ-ထို့ကော်ကိုး တောင်ပတ်လမ်းကို အသုံးပြုသွားလာနေရ
ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်-မြဝတီ အာရှလမ်ပိုင်းနှင့်ကော့ကရိတ်မြို့တွင်း မြို့ပြင်နေရာများတွင် စစ်ကောင်စီတပ် နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူပေါင်းတပ်ဖွဲ့များ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသောကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်နေပြီး ခရီးသွားကားများအနေဖြင့် မြဝတီ-ထို့ကော်ကိုး တောင်ပတ်လမ်းအားပြောင်းလဲ အသုံးပြုသွားလာနေရကြောင်း ယာဉ်မောင်းသမားများကပြောသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ညကစ၍ ကော့ကရိတ်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပေါ်ခဲ့ပြီး...
ဖြူးမြို့နယ် ညောင်ပင်သာရဲစခန်းတိုက်ခိုက် သိမ်းပိုက်ခံရ၊ စစ်ကာင်စီတပ် ၁၀ ဦးခန့်သေဆုံး
ဒီဇင်ဘာလ ၁၃ ရက် ၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းမပေါ်ရှိ ညောင်ပင်သာရဲစခန်းကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ...
စစ်ကောင်စီ၏ ယာယီသမ္မတ ဦးမြင့်ဆွေ ယောက္ခမနေအိမ်ရှေ့ ဗုံးဖောက်ခွဲခံရ
ဒီဇင်ဘာလ(၁၃)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ ဘုန်းကျောင်းလမ်းရှိ စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေ၏ ယောက္ခမ နေအိမ်အရှေ့တွင် ဒီဇင်ဘာလ(၁၁)ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ပေါက်ကွဲမှုကြောင့် အိမ်ရှေ့ခြံတံခါးနှင့်အုတ်တံတိုင်းများ ထိခိုက်ပျက်စီးခဲ့ရသော်လည်း နေအိမ်အတွင်း နေထိုင် သူ မရှိသည့်အတွက် လူထိခိုက်မှုမရှိခဲ့ကြောင်း...
ဖုန်းလိုင်းပိတ်ခံထားရ၍ ကော့ကရိတ်မြို့တွင်ပိတ်မိသူတချို့မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်နေ
ဒီဇင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအိုင်စီ
တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့်ကော့ကရိတ်မြို့တွင် စစ်ကောင်စီမှ ဖုန်းလိုင်းပိတ်ထားသောကြောင့် မြို့တွင်း ပိတ်မိသူတချို့ ကယ်ထုတ်နိုင်ရန်အတွက် မိသားစုဝင်များမှ အဆက်သွယ်လုပ်၍မရကြကြောင်း ဒေသခံများက ပြောသည်။
ကော့ကရိတ်မြို့နယ်အတွင်း နိုဝင်ဘာလကုန်က စတင်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တော်လှန်ရေးပူး ပေါင်းတပ်နှင့်စစ်ကောင်စီတပ်ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကာ စစ်ကောင်စီဘက်မှလေ ကြောင်းပစ်ခတ်မှုနှင့်...
တနင်္သာရီအခြေစိုက် Dawei Watch သတင်းဌာနမှ သတင်းသမားနှစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီး
ဒီဇင်ဘာလ ၁၃ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းအခြေစိုက် Dawei Watch သတင်းဌာန၏ မြိတ်မြို့မှ သတင်းထောက် ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦး နှစ်ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ၎င်းတို့၏နေအိမ်ပေါ်သို့ ဝင်ရောက်ဖမ်းဆီး ခဲ့ကြောင်း Dawei Watch သတင်းဌာနမှ ယနေ့ သတင်းထုတ်ပြန်ထားသည်။
ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦးနှစ်ဦးကို ဒီဇင်ဘာလ...














