KIC News
ယာဉ်ကြောပိတ်မှုဖြစ်၍ မြဝတီ-ထို့ကော်ကိုးလမ်းကို အတက်တစ်ရက် အဆင်းတစ်ရက်သတ်မှတ် ထားရ
ဒီဇင်ဘာလ၊ ၁၈ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ် တိုက်ပွဲကြောင့် မြဝတီ- ကော့ကရိတ်အာရှလမ်းမကို ပိတ်ထားလိုက်ရသည့်အတွက် နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်း ပြန်လည်အသုံးပြုရသည့် မြဝတီ-ထို့ကော်ကိုးလမ်းပိုင်းသည် လမ်းပျက်ကာ ကားများ ပိတ်ခြင်းကြောင့် ယနေ့ ဒီဇင်ဘာလ ၁၈ရက်နေ့မှစတင်၍ အတက်တစ်ရက် အဆင်းတစ်ရက်သာ သွားလာခွင့် ပေးတော့ကြောင်း ကားသမားများကဆိုသည်။
ထို့ကော်ကိုး-ကျောခို့ရွာအထိလမ်းသည် တောင်ပေါ်လမ်းဖြစ်ပြီး...
ပစ်ခတ်မှုများအပြီး နယ်မြေမတည်ငြိမ်သေးသဖြင့် နတ်သံကွင်းဒေသခံအချို့ နေရပ်မပြန်ရဲသေး
ဒီဇင်ဘာလ (၁၈)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)ထိန်းချုပ်သည့် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့ နယ်၊ နတ်သံကွင်းမြို့တွင် ဒီဇင်ဘာလ ပထမအပတ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ် နှင့် စစ်ကောင်စီ၏ ပစ်ခတ်မှုများအပြီး နယ်မြေမတည်ငြိမ်သေးသဖြင့် ယနေ့အထိနေရပ် ပြန်မနေရဲသော ဒေသခံအချို့ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၅)ရက်နေ့က...
ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ပြီး နေအိမ်ရှိပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့များ ယူဆောင်
ဒီဇင်ဘာလ၁၈ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်းရှိ ညင်းမော် နှင့် စပ်ပြဲကျေးရွာများအတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမအပတ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ထွက်ပြေးတိမ်း ရှောင်နေရသည့် အရပ်သားနေအိမ်များအတွင်းရှိ တန်ဖိုးကြီးပစ္စည်းများကို သယ်ဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား(၅၀)ခန့်သည် ကျေးရွာအတွင်းရှိ နေအိမ်များကို မွှေနှောက်ဖျက်ဆီးကာ...
ကော့ကရိတ် စစ်ရေးဆက်တင်းမာမှုကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်များ ရိက္ခာပြတ်လပ်နေ
ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့တွင် နှစ်ဖက်စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသူများ ၏ ယာယီစစ်ဘေးရှောင်နေရာများတွင် စားနှပ်ရိက္ခာပြတ်လတ်မှုများ ကြုံနေကြရကြောင်း သာမည၊ နဘူး နှင့် နောင်တပွဲကျေးရွာများဘက် စစ်ဘေးရှောင်နေရသူများက ပြောသည်။
နဘူးရောက် စစ်ရှောင်တစ်ဦးက “အခုက ၁၅ ရက်ကျော်လာပြီး။ အိမ်လည်းပြန်မကြည့်ရဲဘူး။...













