KIC News
ကော့ကရိတ်ဒေသရှိ မွန်ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့အကြားတိုက်ပွဲပြင်းထန်
မတ်လ ၂၄ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့ဘိန်း၊ကော့ပေါက်၊မင်းရွာ နှင့် သရဏံ စသည့် မွန်တိုင်းရင်းသား ကျေးရွာ များတွင် စစ်ကောင်စီ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပါင်းတပ်ဖွဲ့ များ အကြား ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲ ပြင်းထန်နေကြောင်း တိုက်ပွဲအတွင်းပါဝင်သည့် တော်လှန်ရေး တပ်ဖွဲ့ဝင် များက...
KNU တပ်မဟာ(၇) နယ်မြေရှိ စစ်ကောင်စီ၏ ရင်ကွဲတောင်စခန်းတိုက်ခိုက်သိမ်းယူခံရ
မတ်လ ၂၃ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊တပ်မဟာ (၇) နယ်မြေ၊ ဖားအံခရိုင်၊နဘူးမြို့နယ်ရှိ စစ်ကောင်စီရင်ကွဲတောင်စခန်းကို ယနေ့နံနက်အစောပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင် သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့ကြောင်း နီးစပ်သည့် ဒေသခံများက အတည်ပြုပြောဆိုသည်။
မြပတိုင်ကျေးရွာသားတစ်ဦးက"ဒီမနက်စစ်ကောင်စီရင်ကွဲတောင်စခန်းတက်တယ်။ စခန်းရပြီးလက်နက်လည်း ၁၀လက်ကျော်ရတယ်ကြားတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရွာထဲမှာပဲပြန်ပစ်နေတယ်။ မြပတိုင်...
စစ်သည်တော်များ လိုက်နာရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို ဒုတိယအကြိမ် NUG ထုတ်ပြန်
မတ်လ ၂၃ ရက်၊၂၀၂၄ ခုနှစ်။ကေအိုင်စီ
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနတွင်ရှိနေသည့် နယ်မြေ အသီးသီးမှ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့များလိုက်နာရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းများကို ပြန်လည်ပြင်ဆင်ဖြည့်စွက်ပြီး NUGက ယမန်နေ့ မတ်လ ၂၂ ရက်နေ့ရက်စွဲဖြင့် ဒုတိယအကြိမ်ထုတ်ပြန်လာသည်။
NUG အနေဖြင့် လိုက်နာရမည့် စစ်သည်ကျင့်ဝတ်များကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်...
စစ်မှုထမ်းစာရင်းမကောက်ခံလိုသည့် ဖားအံမြို့နယ်ရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ နုတ်ထွက်မှု များလား
မတ်လ ၂၃ ရက်၊ ၂၀၂၄ခုနှ။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လမ်းမှူး၊ ရာအိမ်မှူး၊ အုပ်စုမှူးနှင့် စာရေးများအနေဖြင့် ဒေသနယ်မြေအတွင်း စစ်မှုထမ်းအရွယ်စာရင်းကောက်ခံခိုင်းမှုအား ဆန့်ကျင်ရှောင်တိမ်းပြီး ရာထူးတာဝန်နုတ်ထွက်မှုများလာကြောင်း မြို့နယ်အုပ်ချုပ်ရေးဌာနထံ အကြောင်းကြားမှုအခြေအနေကို သိရှိ သည့် စစ်ကာင်စီထွေအုပ်ဌာနနှင့် နီးစပ်သူ သတင်းအရင်းအမြစ်တစ်ဦးကပြောသည်။...
မတ်လကုန်တွင် တပ်ဖွဲ့ဝင်များ KNA အဖြစ် အသွင်ပြောင်းမှု အပြီးသတ်လုပ်ဆောင်မည်ဟု BGF ပြော
မတ်လ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်အားလုံးသည် ယခုမတ်လအကုန်တွင် ကရင်အမျိုး သားတပ်မတော် (Karen National Army-KNA)အဖြစ် ပြောင်းလဲဖွဲ့စည်းမှုကို အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဖွဲ့၏ တာဝန်ရှိသူက ပြောဆိုသည်။
BGF မှ KNA အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ဖွဲ့စည်းပုံအဆင့်ဆင့်ကို...













