Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

ကော့ကရိတ်၊ ကော့ဘိန်းကျေးရွာ စစ်ကောင်စီ ရဲကင်းစခန်းနေရာအား တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်၊ အယောက် ၂၀ ကျော်အလံဖြူထောင်လက်နက်ချ

မတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာတွင် စစ်ကောင်စီတပ် တပ်စွဲထားသည့် ရဲကင်းစခန်းအား ယနေ့ မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေး တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။ ယမန်နေ့ မတ်လ ၂၄ ရက်ကတည်းက...

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာတချို့ တော်လှန်ရေးတပ်ဖွဲ့များ ထပ်မံသိမ်းပိုက်

မတ်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော နေရာအချို့တွင် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ တော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား ပစ်ခတ်တိုက်ခိုက်နေကြသည်မှာ (၄)လ ဝန်းကျင်ခန့်ရှိနေပြီးဖြစ်သည့်...

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းစောရွာ စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၁၇ လုံး ပျက်စီး

မတ်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ(၁) ဘီးလင်းမြို့နယ် မင်းစောကျေးရွာထဲကို ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ ညအချိန်တွင် စစ်ကောင်စီက အင်အားပြင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၁၇ လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း...

မွန်ပြည်နယ်တွင် ရပ်ကွက်ထောက်ခံစာပါမှသာ ကားလက်မှတ်ရောင်းချပေး

မတ်လ ၂၅ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်အတွင်းရှိ ကားဂိတ်များတွင် ခရီးဝေးသွားလာမည့်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက် ထောက်ခံစာပြနိုင်မှသာလျှင် ကားလက်မှတ်ရောင်းချပေးကြောင်း ဒေသခံများက ပြောသည်။ ယခုမတ်လ(၂၀)ရက်နေ့မှ စတင်ပြီး အဝေးပြေးကားဂိတ်များတွင် သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာ ပြနိုင်မှသာလျှင် ကားလက်မှတ်ရောင်းချပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားမှုများပြုလုပ်ထားကြောင်း အမည်မဖော်လိုသူ မော်လမြိုင်မြို့ခံတစ်ဦးကပြောသည်။ ၎င်းက...

စစ်ရှောင် ၂၀,၀၀၀ အတွက် ထိုင်း၏ လူသားချင်းစာနာထောက်ထားမှုအကူအညီ မြန်မာဘက်သို့ စတင်ပေးပို့

မတ်လ ၂၅ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံအစိုးရမှ လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်သည့် မြန်မာစစ်ဘေးရှောင်အယောက် ၂၀၀၀၀ (နှစ်သောင်း) အတွက် ပေးအပ်မည့်အခြေခံစားနပ်ရိက္ခာအကူအညီများကို ယနေ့ မတ်လ ၂၅ရက်နေ့ နံနက်ပိုင်းအချိန်တွင် ထိုင်းနိုင်ငံတာခ့်ခရိုင်မဲဆောက်မြို့ ထိုင်း-မြန်မာ အမှတ်-၂ ချစ်ကြည်ရေးတံတားမှတစ်ဆင့် မြဝတီမြို့ဘက်ကို စတင်ပေးပို့လိုက်ကြောင်း သိရသည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်သူ...

သင်္ဃန်းညီနောင်ဒေသကို စစ်တပ်၏ နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုမြင့်တက်လာနေ

မတ်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားသည့် သင်္ဃန်းညီနောင်ဒေသအတွင်း စစ်တပ်လေကြောင်းက နေရော၊ ညပါ ဗုံးကြဲတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုမြင့်တက်လာလျက်ရှိကြောင်း သိရသည်။ စစ်ကောင်စီတပ် သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် ခြေမြန်တပ်ရင်း -ခမရ ၃၅၅/၃၅၆/၃၅၇ စစ်တပ်...
Donate