Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

ဖာပွန်မြို့ အနီးအနားရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်

မတ်လ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်း တပ်မဟာ ၅ နယ်မြေ/မူတြော်ခရိုင်၊ ဖာပွန်မြို့အနီးအနားရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အဆက် မပြတ်ပြုလုပ်လာနေကြောင်း ဖာပွန်မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ ဖာပွန်မြို့နှင့် အနီးတဝိုက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ကရင်အမျိုး...

စစ်မှုထမ်းရန်ဆင့်ခေါ်သည့် အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီ တော်လှန်ရေးတပ်ဖွဲ့များ သတိပေး

မတ်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ အာဏာသိမ်းစစ်ကောင်စီမှ စစ်မှုထမ်းဥပဒေအား အသက်သွင်းအကောင်အထည်ဖော်သည့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်လျက် ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်ရေးအရ ပြင်းပြင်းထန်ထန်အရေး ယူသွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးပြောဆိုလိုက်သည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းတွင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရာတွင် ပါဝင်ပတ်သက်သူများကို စစ်ရေးအရ...

စစ်သင်တန်းပေးနိုင်သည့် လေ့ကျင့်ရေးတပ်နေရာများကို သိထားပါက ချိတ်ဆက်၊ ရုန်းထွက်အားကောင်းလာမည် ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်ပြော

မတ်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ စစ်မှုထမ်းဥပဒေကိုအသုံးချသော စစ်ကောင်စီ၏ အတင်းအကြပ်အင်အားစုဆောင်းခံ‌ရသူ လူငယ်များ အနေဖြင့် စစ်သင်တန်းခေါ်ယူပြီးနောက် လေ့ကျင့်ရေးပေးနိုင်သည့် တပ်တည်နေရာများကို သိရှိထားပါက ထိုနေရာဒေသရှိ တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်၍ ရုန်းထွက်အားကောင်းလာနိုင်မည် ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ပြောသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် မြို့များရှိ စစ်ကောင်စီ၏စစ်အခြေခံလေ့ကျင့်ရေးတပ်-စခတ စုစုပေါင်း...

လအိရွာပြည်သူ့ဆေးရုံကို စစ်ကောင်စီက ပေါင် (၅၀၀) ဗုံးသီးဖြင့် ကြဲချတိုက်ခိုက်၊ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

မတ်လ ၂၂ ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာရှိ ပြည်သူ့ဆေးရုံတစ်ခုကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းမှပေါင်(၅၀၀)ဗုံးသီးဖြင့် ကြဲချတိုက်ခိုက်သည့်အတွက် ဆေးဝန်ထမ်း ၂ ဦး သေဆုံးပြီး အရပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း Karenni Human Rights Group-KnHRG က ယနေ့ သတင်းထုတ်ပြန်ထားသည်။ လအိကျေးရွာရှိ...

နိုင်ငံရေးကို ခုတုံးလုပ်ပြီး မြဝတီလမ်းပေါ်ပြေးဆွဲသည့်မော်တော်ယာဥ်နှင့် လမ်းကြေးကောက်ခံသည့် အဖွဲ့အချို့ စီးပွားဖြစ်နေ

မတ်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ တောလမ်း၊ တောင်ပတ်လမ်းများ တဆင့်သွားလာနေသော မော်တော်ယာဥ်အချို့နှင့် ထိုလမ်းကြောပေါ်တွင် ဂိတ်ကြေးကောက်ခံနေသော အဖွဲ့အစည်းအချို့ မှာ စစ်မှုထမ်းဥပဒေနောက်ဆက်တွဲနှင့် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကို ခုတုံးလုပ်ပြီး ခရီးသည်များထံမှ ငွေကြေးအဆမတန် ကောက်ခံခြင်းဖြင့် စီးပွားဖြစ်နေကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။ လာမည့်...
Donate