Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

ပြည်နယ်စစ်ကောင်စီဝန်ထမ်းများ ခရီးသွားရာတွင် ဖမ်းဆီးမခံရရေး မှတ်ပုံတင်မှာအရပ်သားအသွင် အချက်အလက်ပြောင်းပြီး အသစ်လုပ်နေ

မတ်လ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီဝန်ထမ်းများ ခရီးသွားလာရာတွင် တော်လှန်သည့်အဖွဲ့များ၏ ဖမ်းဆီးမခံရရေးအတွက် မှတ်ပုံတင်အချက်အလက်နေရာတွင် သာမန်အရပ်သား မှတ်ပုံတင်အ သစ်ပြောင်းလဲပြုလုပ်မှုများ လုပ်ဆောင်နေကြောင်း နီးစပ်သူများက ပြောသည်။ ပြည်နယ်အတွင်း ဝန်ထမ်းများ ခရီးသွားလာရာတွင် စစ်အာဏာရှင် ဆန်ကျင့်တော်လှန်သည့် အဖွဲ့များ မှတ်ပုံတင်စစ်ဆေးပါက ဖမ်းဆီးမခံရရေးအတွက်...

ရွှေကုက္ကိုလ်တွင် ကျားဖြန့်လုပ်ငန်းတချို့ပြန်လည်ပတ်လာပြီး တရုတ်များပြန်ဝင်ရောက်လာ

မတ်လ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ အွန်လိုင်းကျားဖြန့်လုပ်ငန်းအများစု ရပ်နားထားသည့် ကရင်ပြည်နယ်၊ မြဝတီမြို့ မြောက်ဘက် ၂၀ ကီလိုမီတာ အကွာအဝေးရှိ ရွှေကုက္ကိုလ်မြို့တွင် ယခုတလော ကျားဖြန့်လုပ်ငန်းတချို့ ပြန်လည် ပတ်မှုရှိလာပြီး ထွက်သွားသည့်တရုတ်အလုပ်သမားများလည်း ပြန်လည်ဝင်ရောက်လာကြောင်း ရွှေကုက္ကိုလ်မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ်တွင် ရွှေကုက္ကိုလ်ဒေသကို...

စုကလိစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချရန် KNLA နှင့် KNDO အသိပေးစာပေးပို့

မတ်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်/တပ်မဟာ(၆)နယ်မြေ၊ မြဝတီမြို့ တောင် ဘက် စုကလိတပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချလာရောက်ပူးပေါင်းမှုလုပ် ဆောင်ကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (၁၀၃)နှင့် ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း(၈)တို့၏ အသိပေးစာတစ်စောင် ယမန်နေ့က လူမှုကွန်ရက်စာမျက် နှာပေါ်တွင် ထွက်ပေါ်လာသည်။ KNLA...

ပဲခူးတိုင်း၊ တော်လှန်ရေးအင်အားစုများထံ စစ်သင်တန်းလာတက်သည့် လူငယ်များအတွက် ရိက္ခာလို အပ်နေ

မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ကြေညာပြီးနောက်ပိုင်း ပဲခူးတိုင်းအတွင်းရှိ သက်ဆိုင်ရာနယ်မြေအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ စစ်သင်တန်းတက်ရန် လာရောက်ခို လှုံသူများအတွက် စားနပ်ရိက္ခာထောက်ပံ့မှုအပိုင်းတွင် အခက်အခဲရှိနေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ စစ်ကောင်စီက စစ်သင်တန်းတက်ရန် အလျင်အမြန် လူအင်အားစုဆောင်းမှုများကြောင့် ပဲခူးတိုင်း ဒေသကြီးနေ...

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရေတာရှည်မြို့နယ်ရှိ ကျေးရွာ(၅)ရွာမှ လူပေါင်းထောင်ချီထွက်ပြေးနေရ

မတ်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာ(၅)ရွာကို ပြီးခဲ့သည့် မတ်လ (၂၆)ရက်နေ့က စစ်ကောင်စီမှ တိုက်ပွဲမဖြစ်ဘဲ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်သဖြင့် ဒေသခံထောင်နှင့်ချီ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။ ကျွန်းတောကုန်း၊ နကျပ်၊ ပိတောက်ကုန်း၊ စည်ပိုင်း အစရှိသော‌ ကျေးရွာ...

ဖာပွန်မြို့ကို KNU ထိန်းချုပ်၊ မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ ဗျူဟာကုန်းစခန်း၌ ပြန်လည်ပူးပေါင်း

မတ်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်/ တပ်မဟာ(၅)နယ်မြေရှိ ဖာပွန်မြို့ကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲများ ဝင်ရောက် ထိန်းချုပ်လိုက်ပြီဖြစ်ပြီး မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ၎င်းတို့၏ ဗျူဟာကုန်း၌ ပြန်နောက်ဆုတ်ကာပူးပေါင်းနေထိုင်ကြသည်ဟု ကေအဲန်ယူ တပ်မဟာ(၅)ဘက်က...

လမ်းပိတ်ကင်းယူနေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံး

မတ်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ ဇဟာကျေးရွာလမ်းမကြီးပေါ်တွင် လမ်း ပိတ်၍ လုံခြုံရေးနေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားကြောင်း ဗထူးတပ်မတော်က ယမန်နေ့ မတ်လ (၂၇)ရက်နေ့ညတွင် ထုတ်ပြန်ထားသည်။ မတ်လ (၂၇)ရက်နေ့ ညနေ(၅)နာရီးအချိန်ခန့်က ဇဟာကျေးရွာတွင်...
Donate