Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

ဂျိုင်းမြစ်စစ်သင်္ဘောက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဓမ္မသကျေးရွာနေအိမ်အများအပြား မီးလောင်ကျွမ်းနေ

မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ဓမ္မသကျေးရွာကို ယနေ့ မတ်လ ၂၇ ရက်ညနေက ဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောမှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာနေအိမ်ပေါ်ကျရောက်ပေါက်ကွဲရာမှ နေအိမ်အများအပြား မီးကူးစက်လောင်ကျွမ်းနေပြီး ညပိုင်းအချိန်ထိ မီးငြှိမ်းသတ်နိုင်ခြင်းအပြည့်အဝမရှိ သေးဘဲ လောင်ကျွမ်းနေဆဲအခြေအနေဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “ ညနေက...

ဖက်ဆစ်စနစ်နှင့် အကြမ်းဖက်စစ်တပ်အား တိုက်ဖျက်ရေး ပူးပေါင်းတော်လှန်ကြရန် DYC တိုက်တွန်း

မတ်လ ၂၇ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ ဖက်ဆစ်စနစ်သည် လူ့အဖွဲ့အစည်းအတွက် ဘေးထွက်ဆိုးကျိုးများသည့် စနစ်တစ်ခုဖြစ်၍ ဖက်ဆစ်စနစ်နှင့် အကြမ်းဖက်စစ်တပ်အား တိုက်ဖျက်ရေးအတွက် ပူးပေါင်းတော်လှန်ကြရန် ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၇၉ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် ဒီမိုကရက်တစ်လူငယ်ကောင်စီ (DYC)...

မြန်မာစစ်တပ်(စစ်ကောင်စီ)၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကနေဒါသံရုံး ပြင်းထန်စွာ ရှုတ်ချ

မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မြန်မာစစ်တပ်မှ တိုင်းပြည်နှင့် ပြည်သူများအပေါ် ကျူးလွန်ထားသော စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အ‌ရေး ချိုးဖောက်မှု များကို ပြင်းထန်စွာ ရှုတ်ချကြောင်း မတ်လ (၂၇)ရက်၊ ယနေ့ ကျ‌ရောက်သော မြန်မာစစ်တပ်၏ တပ်မတော်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက...

ကျိုက်ထိုတွင် စစ်မှုထမ်းအတွက် စုဆောင်းသူအုပ်ချုပ်ရေးမှူးနှင့် ဘုန်းကြီးတစ်ပါး ပစ်ခတ်ရှင်းလင်းခံရ

မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်မှုထမ်းအတွက် လူစုဆောင်းခေါ်ယူပေးသူ အုပ်ချုပ်ရေးမှူးအသစ် ဦးစံလွင်နှင့် လက်နက်ကိုင်ဆောင်ထားသည့် ဘုန်းကြီးဦးစန္ဒိမာကို ပြီးခဲ့သည့် မတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF က သတင်း...

ထီးကပလယ် စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ် မြဝတီမြို့တောင်ဘက်ရှိ ထီးကပလယ် စစ်ကောင်စီတပ်စခန်းတိုက်ပွဲမှာ ယနေ့အချိန်ထိပြင်းထန်နေ ဆဲဖြစ်ကြောင်း ကော်သူးလေအာမီ-KTLA က ပြောသည်။ အဆိုပါ စခန်းကို မတ်လ ၁၂ရက်မှစတင်၍ ယနေ့ မတ်လ၂၇ရက်နေ့အထိ KTLA ၏...

အလှူရှင်နိုင်ငံများအနေဖြင့် တာဝန်ယူတာဝန်ခံမှုနှင့် ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ပြီးမှ ကူညီထောက်ပံ့ရန် KNU မေတ္တာရပ်ခံ

မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ လူသားချင်းစာနာမှုလိုအပ်နေသော မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့မှုပေး ရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှု၊ သက်ဆိုင်သူများအကြား သတင်းအချက် အလက်မျှဝေမှုနှင့် ညှိနှိုင်းတိုင်ပင်မှုပြုလုပ်ပြီးမှသာ ရှေ့ဆက်လုပ်ဆောင်ကြရန် အလှူရှင်နိုင်ငံများအား ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ ကြေညာချက်ထုတ်ကာ မေတ္တာရပ်ခံထားသည်။ ပြီးခဲ့သည့် မတ်လ(၂၅)ရက်နေ့က...

သံတောင်ကြီး ဘုရင့်နောင်တပ်က ပစ်ခတ်နေသောလက်နက်ကြီးကြောင့် ခြံလုပ်ငန်းလုပ်ကိုင်သူများ သတိထားသွားလာနေရ

မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်စခန်းမှ နေ့စဥ်ရက်ဆက် ရမ်းသမ်းပစ်ခတ် သောလက်နက်ကျည်များသည် တပ်စခန်းအနီး လူသွားလူလာရှိသော ခြံများအတွင်း ကျရောက် ပေါက်ကွဲသဖြင့် ခြံလုပ်ငန်းလုပ်ကိုင်သူဒေသခံများ သတိထားသွားလာနေရကြောင်း ထိုနယ်မြေအတွင်းနေထိုင်သူများထံမှ သိရသည်။ ဘုရင့်နောင်တပ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ်လ တတိယ အပတ်ခန့်မှစ၍...
Donate