Home Authors Posts by KIC News

KIC News

21995 POSTS 0 COMMENTS

NCA အပစ်ရပ်လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေး ဆက်လက်ဖော်ဆောင်မည်ဟု စစ်ခေါင်းဆောင်ပြော

ဧပြီ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က မင်းအောင်လှိုင်က ယမန်နေ့ ဧပြီလ(၁၀)ရက်နေ့တွင် ပြောသည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသည့်...

ဝေါလေဗျူဟာစခန်းတိုက်ပွဲအတွင်း စစ်အုပ်စု လေကြောင်းဖြင့် ဗုံးအလုံးရေ (၁၀၀)ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့

ဧပြီ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဝေါလေအခြေစိုက်ဗျူဟာစခန်းကုန်း တိုက်ပွဲအတွင်း စစ်အုပ်စုက ဂျက်တိုက်လေယာဥ်၊ Y12၊ Y8 များဖြင့် ပေါင်(၅၀၀)ဗုံးအပါအဝင် ဗုံးအလုံးရေ(၁၀၀)ကျော် ကြဲကျတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များအရ သိရသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် မတ်လ...

ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဥက္ကဋ္ဌ နော်ကညောဖောနှင့် တွေ့ဆုံမေးမြန်းခြင်း

“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။ ဒီအပေါ်မှာ ကျမတို့အနေနဲ့ အကြံပေး တိုင်ပင်ဆွေးနွေးရတယ်။ သူတို့အနေနဲ့လည်း ကျမတို့ အမျိုးသမီးတွေရဲ့ အသံကို အသိအမှတ်ပြုပါလိမ့်မယ်။” ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဥက္ကဋ္ဌ နော်ကညောဖောနှင့် တွေ့ဆုံမေးမြန်းခြင်း ဧပြီ ၁၀ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ-ကရင်သတင်းဌာနက ကနဦးဖော်ပြခဲ့သော ကရင်အမျိုးသမီးအစည်းအရုံး-KWO ဥက္ကဌ နော်ကညောဖောနှင့်...

အာရှလမ်းပြန်ဖွင့်သော်လည်း ဖားအံ-မြဝတီ ယာဉ်ခဈေးနှုန်းများ ကျဆင်းခြင်းမရှိ

ဧပြီလ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဖားအံ-မြဝတီ-ကော့ကရိတ်သို့ သွယ်တန်းထားသော အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်သော်လည်း လောင်စာဆီဈေးနှုန်း မြင့်တက်မှုနှင့် လမ်းခရီးစစ်ဆေးရေးဂိတ်များကြောင့် ခရီးတင်ဆောင်သည့် ယာဉ်စီးခ ဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိသေးကြောင်း ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ယခင်က တိုက်ပွဲများကြောင့် ဒေါန တောင်လမ်းဟာင်း၊ ထို့ကော်ကိုးလမ်း၊ ၁၀၁၈...

ကော်သူးလေပဋိညာဥ် တရားဝင်အတည်ပြုပြီးကြောင်း ကေအဲန်ယူ ကြေညာ

ဧပြီ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိညာဥ်ကို တရားဝင်အတည်ပြုခဲ့ပြီးကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး-ဗဟိုက ယနေ့ (ဧပြီ ၁၀ ရက်)တွင် ကြေညာချက်ထုတ်သည်။ ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ နှစ်နှစ်နီးပါးကြာ ပြင်ဆင်ရေးဆွဲလာသည့် ကော်သူးလေပဋိညာဥ်ကို ဧပြီလ(၂)ရက်နေ့က...

အာရှလမ်းမပေါ်ရှိ စစ်အုပ်စုဂိတ်များတွင် ငွေကြေးကောက်ခံမှု ဆက်ရှိနေ

ဧပြီလ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်ရှိ စစ်အုပ်စု စစ်ဆေးရေးဂိတ်များတွင် ခရီးသည်များထံမှ ငွေကြေးကောက်ခံခြင်းမပြုရန် တပ်မ (၂၂) တပ်မမှူးက ညွှန်ကြားထားသော်လည်း လက်တွေ့တွင် ပုံစံပြောင်း၍ ဆက်လက်ကောက်ခံမှုများ ရှိနေကြောင်း ခရီးသွားများနှင့် ယာဉ်မောင်းများက ပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၂...

လေကြောင်းဗုံးကြဲမှုကြောင့် ကော့ကရိတ်ရှိ နောင်ကိုင်း၊ မိဖာလဲရွာလုံးကျွတ်နီးပါး ပျက်စီး

ဧပြီ (၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြောက်ပိုင်းကို မတ်လ(၂၀)ရက်မှ ဧပြီ(၂)ရက်နေ့အထိ စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နောင်ကိုင်း၊ မိဖာလဲကျေးရွာရှိ နေအိမ်၊ စာသင်‌ကျောင်း၊ ဘုန်းကြီးကျောင်းများ ပျက်စီးသွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။ ကော့ကရိတ်၊ ကျုံဒိုး အခြေစိုက်စစ်အုပ်စုက ထီဖိုးစံရွာ၊ ရန်ကုတ်၊ ကြောင်လျှာကုန်းလမ်းပိုင်းနှင့်...

ကေအဲန်ယူ၏ ဖားအံခရိုင်အကျဥ်းထောင်မှ အကျဥ်းကျခံနေရသူ(၃၈)ဦး လွတ်ငြိမ်းခွင့်ရ

ဧပြီ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်အတွင်းရှိ အကျဥ်းထောင်မှ အကျဥ်းကျခံနေရသူ (၃၈)ဦးမှာ သက်ဆိုင်ရာခေါင်းဆောင်၊ တာဝန်ရှိသူအမိန့်ဖြင့် ပြီးခဲ့သည့် ဧပြီ(၆)ရက်နေ့က လွတ်ငြိမ်းခွင့်ရခဲ့ကြောင်း ခရိုင်၏ယနေ့ ဧပြီ(၉)ရက် ထုတ်ပြန်ချက်အရ သိရသည်။ မိသားစုအချင်းချင်းပြန်လည်ပေါင်းစည်းစေရန်ဟုဆိုကာ ကေအဲန်ယူဖားအံခရိုင်က ကျန်းမာရေးချို့တဲ့သူ၊ အသက်အရွယ်ကြီးပြီး အကျင့်စာရိတ္တကောင်းမွန်သူ...

လေးကေနှင့် ဝင်းတာပန်စခန်းအတွက် စစ်အုပ်စု၏ လက်နက်၊ ရိက္ခာများ KNLA ပူးပေါင်းတပ် သိမ်းဆည်းရမိ

ဧပြီ (၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ လေးကေနှင့်ဝင်းတာပန် (တာပေါ) စခန်းအတွက် စစ်အုပ်စုဘက်က လေကြောင်းမှလာချပေးသည့် လက်နက်ခဲယမ်း၊ ရိက္ခာထုပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းထားနိုင်ကြောင်း ကေအဲန်ယူထံမှ သိရသည်။ အဆိုပါစခန်းနှစ်ခုကို သိမ်းပိုက်နိုင်ရန် KNLA နှင့်...

စက်သုံးဆီတန်းစီစနစ်ဖြင့် ဆေးရုံလိုက်ပို့ရသည့် (၄)ရက်သားကလေးငယ် လမ်းခုလတ်တွင်သေဆုံး

ဧပြီ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ လူမှုကယ်ဆယ်ရေးအဖွဲ့ယာဥ်ဖြင့် စက်သုံးဆီဖြည့်ရန်နာရီဝက်နီးပါးစောင့်ဆိုင်းပြီးမှ ဆေးရုံသို့ပို့လိုက်နိုင်သည့် အသက်(၄)ရက်ရှိ အရေးပေါ်လူနာကလေးငယ်မှာ အသက်မကယ်နိုင်ဘဲ ဆေးရုံအရောက်တွင်သေဆုံးသွားကြောင်း အဖွဲ့တာဝန်ရှိသူက ပြောသည်။ ပြီးခဲ့သည့် ဧပြီလပထမပတ်အတွင်းက အသည်းရောင်အသားဝါရောဂါ ပြင်းထန်သဖြင့် ကမမောင်းမှ ဖားအံဆေးရုံသို့ အရေးပေါ်လွှဲပြောင်းကုသရန်လိုအပ်သူ အသက်(၄)ရက်ရှိ ယောင်္ကျားလေးတစ်ဦးအား ဒေသအခြေစိုက် လှုမှုကူညီကယ်ဆယ်ရေးအဖွဲ့က...
Donate