နိုဝင်ဘာ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများထဲတွင် နေထိုင်ပြီး အထောက်အထားမရှိသေးသူများအနေဖြင့် မဖြစ်မနေ စခန်းပြင်ပထွက် အလုပ်ထွက်လုပ်ပါက သက်ဆိုင်ရာ စခန်းတာဝန်ရှိသူများနှင့် တိုင်ပင်ညှိနှိုင်းပြီးမှသွားရန် ကရင်ဒုက္ခသည်များကော်မတီ-KRC အတွင်းရေးမှူး စောပွယ်စေးက သတိပေးပြောဆိုသည်။
ဒုက္ခသည်စခန်းတွင်နေထိုင်သော်လည်း လူဟောင်းစာရင်းထဲမရှိသေးသည့် စားဝတ်နေရေးအခက်အခဲရှိသူ ဒုက္ခသည်လူသစ်အချို့ ရိက္ခာမရသည့်ကာလအတွင်း မဖြစ်မနေ...