KIC News
မဲဆောက်မြို့ အွန်လိုင်းငွေလိမ်လုပ်သည့်တိုက်ခန်းကို ထိုင်းအာဏာပိုင်များဝင်ရောက်စစ်ဆေးမှု မြန်မာ (၇)ဦး ဖမ်းခံရ
ဇွန် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့လယ်ရှိ တိုက်ခန်းတစ်ခုကို ဇွန်လ(၂၃)ရက်နေ့ နံနက်(၈း၀၀)နာရီဝန်းကျင်တွင် ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေးရာ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် မြန်မာနိုင်ငံသား(၇)ဦးအပါအဝင် စုစုပေါင်း(၉)ဦး ဖမ်းဆီးခံရကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန သတင်းထုတ်ပြန်သည်။
ထိုင်းနိုင်ငံသားမဟုတ်သည့် နိုင်ငံခြားသားအများအပြားငှားရမ်းနေထိုင်သည့်...
မဲ့ကိုကင်းအစိုးရကျောင်း လက်နက်ကျည်ကျအပြီး သောင်ရင်းမြစ်ကမ်းနား လုံခြုံရေးတိုးမြှင့်
ဇွန် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ထဲရှိ မဲ့ကိုကင်းရွာ ထိုင်းအစိုးရစာသင်ကျောင်းသို့ မြန်မာဘက်ခြမ်း လက်နက်ကိုင်တိုက်ပွဲအတွင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကျည်ကျရောက်ထိမှန်အပြီး ထိုင်းစစ်တပ်မှ သောင်ရင်းမြစ်ကမ်းနား လုံခြုံရေးကို တိုးမြှင့်လိုက်ကြောင်း နယ်စပ်သတင်းအရင်းအမြစ်မှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ(၂၁)ရက်၊ တနင်္ဂနွေနေ့ညပိုင်းတွင် မြန်မာနိုင်ငံ၊ မင်းလက်ပံရွာနှင့် မျက်နှာချင်းဆိုင်ရှိနေသည့်...
ထိုင်းဘတ်ငွေအတုသုံးသူ(၂)ဦးကို BGF/KNA ဖမ်း၍ မြဝတီစစ်အုပ်စုလက်သို့ အပ်
ဇွန် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ထိုင်းဘတ်ငွေအတုသုံးစွဲသူ(၂)ဦးအား လက်ဝယ်တွေ့ရှိသည့် စုစုပေါင်းဘတ်ငွေတန်ဖိုး(၄၉၀,၀၀၀)နှင့်တကွ ကရင်နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော်-BGF/KNA က ဖမ်းဆီးပြီး မြဝတီစစ်အုပ်စုထံ လွှဲပြောင်းအပ်နှံလိုက်ကြောင်း သိရသည်။
အဆိုပါဘတ်ငွေအတုများမှာ ထိုင်းနိုင်ငံဘက်မှတဆင့်တင်သွင်းလာသည်ဟု BGF/KNA က ယူဆသလို ငွေအတုသုံးစွဲသူ(၂)ဦးကိုလည်း ဇွန်လဒုတိယအပတ်ထဲတွင် ဖမ်းဆီးပြီး...
ကော်သူးလေဖက်ဒရယ်ယူနစ်ပေါ်ထွန်းရေး ပူးပေါင်းကြိုးပမ်းကြရန် ကေအဲန်ယူနှင့် ကရင်အရပ်ဖက်အဖွဲ့များ ဆွေးနွေးသဘောတူ
ဇွန် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ပါဝင်လာမည့် ကော်သူးလေဖက်ဒရယ်ယူနစ်ပေါ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအားကောင်းကောင်းဖြင့် ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းလုပ်ဆောင်သွားကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အရပ်ဖက်အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းပွဲမှ သဘောတူခဲ့ကြကြောင်း သိရသည်။
ကေအဲန်ယူနှင့် ကရင်အရပ်ဖက်အဖွဲ့အစည်း(၂၆)ဖွဲ့ပါဝင်သည့် ဆွေးနွေးညှိနှိုင်းပွဲတစ်ရပ်ကို ပြီးခဲ့သည့် ဇွန်လ(၁၅)ရက်မှ (၁၈)ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့် ဆက်စပ်သော...
ခလယ်လွီထူခရိုင်တွင် စစ်အုပ်စုတပ်စခန်း တိုက်ခိုက်ခံရပြီး လက်နက်(၃)လက် KNLA သိမ်း၊ စစ်အုပ်စုတပ်ဖွဲ့ဝင်(၁၆)ဦး ဘက်ပြောင်း
ဇွန် (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်ရှိ စစ်အုပ်စုတပ်စခန်းကို ဇွန်လ(၂၀)ရက်နေ့တွင် KNLA မှ တိုက်ခိုက်ပြီး လက်နက်(၃)လက် သိမ်းယူနိုင်ခဲ့သလို စစ်အုပ်စုတပ်ဖွဲ့ဝင်(၁၆)ဦးမှာလည်း ဇွန်လဒုတိယအပတ်အတွင်း လယ်ဒိုမြို့နယ် KNDO ထံသို့ ဘက်ပြောင်းခိုလှုံခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်...
အနန်းကွင်းဗျူဟာစခန်းမှ လက်နက်ကြီးကြောင့် ဝင်းခနရွာရှိ အမျိုးသမီး(၃)ဦး ဒဏ်ရာရ
ဇွန် (၂၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ဝင်းရေးမြို့နယ်ထဲရှိ အနန်းကွင်း စစ်အုပ်စုဗျူဟာစခန်းမှ ယမန်နေ့ ဇွန်လ (၂၁)ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝင်းခနရွာရှိ အမျိုးသမီး(၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယမန်နေ့ ညနေ (၅)နာရီဝန်းကျင်တွင် အဆိုပါ အနန်းကွင်းစစ်ဗျူဟာတပ်စခန်းမှ လက်နက်ကြီး(၈)လုံးပစ်ခတ်ခဲ့၍...
သတင်းအရည်အသွေးတိုးတက်ရန်နှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး အာရက္ခမီဒီယာကောင်စီ ဖွဲ့စည်း
ဇွန် (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
သတင်းပညာအရည်အသွေးမြင့်တင်ရန်၊ သတင်းသမားများဘေးကင်းလုံခြုံစွာ သတင်းယူနိုင်ရန်နှင့် မီဒီယာကျင့်ဝတ်များ ရေးဆွဲကျင့်သုံးနိုင်ရန်အတွက် ရခိုင်သတင်းသမားများပါဝင်သော အာရက္ခမီဒီယာကောင်စီ-APC ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဇွန်လ(၂၂)ရက်တွင် ထုတ်ပြန်သည်။
ပြည်တွင်း၊ ပြည်ပမှ လွတ်လပ်သောရခိုင်သတင်းသမား (၃၃) ဦး ပါဝင်ဆုံးဖြတ်မှုဖြင့် ဇွန်လ(၁၄)ရက်နေ့က...
လက်နက်ကြီးရန်ကြောင့် လယ်ဒိုမြို့နယ်ရှိ စစ်ရှောင်တောင်သူများ လယ်စိုက်ရန် အခက်ကြုံနေရ
ဇွန်လ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်၊ လယ်ဒို/ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်အုပ်စုတပ်၏ မကြာခဏဆိုသလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်လျက်ရှိသောကြောင့် လယ်ယာစိုက်ပျိုးရန် အခက်အခဲ ကြုံနေရသည်ဟု ဒေသခံစစ်ရှောင်တောင်သူများ၏ ပြောပြချက်အရ သိရ သည်။
လက်ရှိ နယ်မြေမတည်ငြိမ်သည့်အပြင် လုံခြုံမှုမရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်...
ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ- KRC ၏ ပြောရေးဆိုခွင့်ရှိသူ စောနေကော်မူး
“လိုအပ်တဲ့ပစ္စည်းတွေကို မြို့ပေါ်မှာ ဝယ်ယူသယ်ယူဖို့ တအားခက်ခဲတယ်။ ဂိတ်တွေမှာ စစ်ဆေးတာ တအားများတဲ့အပြင် တချို့ဆို ဖမ်းဆီးထိန်းသိမ်းတာတွေတောင် ရှိတယ်”
ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ- KRC ၏ ပြောရေးဆိုခွင့်ရှိသူ စောနေကော်မူး
ဇွန် (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပြီးခဲ့သည့်မတ်လက လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)...
MWiM တည်ထောင်သူ ဒေါ်တင်ဇာအောင်နှင့်ဆက်သွယ်မေးမြန်းခြင်း။
“ကျမတို့နိုင်ငံရဲ့အခြေအနေနဲ့လက်ရှိသွားနေတဲ့ အခြေအနေမျိုးက တရားမျှတမှုရနိုင်ဖို့ တရားရုံးတွေဆီသွားတဲ့လမ်းကြောင်းမျိုး မရှိဘူး။ ကျမတို့လုပ်နိုင်ကိုင်နိုင်တဲ့ဘောင်ထဲကနေ လုပ်ရတာဖြစ်တယ်။”
MWiM တည်ထောင်သူ ဒေါ်တင်ဇာအောင်နှင့်ဆက်သွယ်မေးမြန်းခြင်း။
ဇွန် (၂၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေဟာ စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း သတင်းစာလွတ်လပ်ခွင့်ဖိနှိပ်ခံရမှု တဖြည်းဖြည်းဆိုးရွားလာတာကြောင့် နယ်စပ်နဲ့ ပြည်ပဒေသတွေမှာ သွားရောက်အခြေစိုက်ပြီး သတင်းအလုပ်ကိုဆက်လက်လုပ်ကိုင်နေကြရပါတယ်။ အဲဒီလိုအခြေအနေမှာ မြန်မာမီဒီယာအသိုင်းအဝိုင်း၊ မီဒီယာလုပ်ငန်းခွင်...















