Home Authors Posts by KIC News

KIC News

21989 POSTS 0 COMMENTS

ဖာပွန်တွင် စစ်အုပ်စုနှင့် နယ်မြေခံပူးပေါင်းတို့ တိုက်ပွဲ ဆက်လက်ပြင်းထန်

ဇွန် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်မြို့သို့ စစ်ကြောင်းထိုးလာသော စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ကတိုင်တိအထက်ပိုင်းရှိ နို့ဖောထီးကျေးရွာအနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း မူတြော်စစ်ရေးသတင်းအရင်းမြစ်မှ သိရသည်။ နယ်မြေစိုးမိုးရေးအတွက် ဖာပွန်သို့တက်လာသည့်...

AYA ဘဏ် သုံးစွဲသူအချက်အလက်များ ဟက်ခံရသည့်ကိစ္စ ပွင့်လင်းမြင်သာစွာချပြရန် MIP တောင်းဆို

ဇွန် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အုပ်စုခရိုနီ ဦးဇော်ဇော်၏ ဧရာဝတီဘဏ်(AYA Bank) သုံးစွဲသူများ၏ကိုယ်ရေးကိုယ်တာအချက်အလက်များ ဟက်(Hack)ခံရသည့်ကိစ္စအပေါ် ကျွမ်းကျင်သူများဖြင့်စစ်ဆေးပြီး ဒေတာပေါက်ကြားမှုကို ပွင့်လင်းမြင်သာစွာ ချပြရန် မြန်မာအင်တာနက်ပရောဂျက်-MIP က တောင်းဆိုသည်။ "Lapsus$" အမည်ရ ဟက်ကာအဖွဲ့က AYA Bank ၏ ပင်မဘဏ်စနစ်(Core...

၂၀၂၅ခုနှစ် က ပုံအဟောင်းအသုံးပြုပြီး အနန်းကွင်းဗျူဟာမှ ဝင်းခန ကေအဲန်ယူစခန်းသို့ လက်နက်ကြီးပစ်ခတ်ဟု စစ်လော်ဘီများ သတင်းအမှားဖြန့်

၂၀၂၅ခုနှစ် က ပုံအဟောင်းအသုံးပြုပြီး အနန်းကွင်းဗျူဟာမှ ဝင်းခန ကေအဲန်ယူစခန်းသို့ လက်နက်ကြီးပစ်ခတ်ဟု စစ်လော်ဘီများ သတင်းအမှားဖြန့် ဇွန် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ KIC/ The Red Flag/ MFCN စစ်အုပ်စု၏အနန်းကွင်းဗျူဟာစခန်းမှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးများမှ ဝင်းခနနှင့်ပန်းအောင်ရွာမှ ကေအဲန်ယူစခန်းများသို့ ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း...

ဖားအံမြို့နယ်၊ နောင်မဘုံရွာရှိ အာဝါဒေးလောင်းကစားဝိုင်းများ ပိတ်သိမ်းပေးရန် ထိုင်းရောက်ရွာခံလူငယ်အဖွဲ့ တောင်းဆိုခဲ့

ဇွန်လ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဗျက္ခကျေးရွာအုပ်စု၊ နောင်မဘုံ(နွန့်ဝါ့ဘုံ)ကျေးရွာတွင် အာဝါဒေးလောင်းကစားဝိုင်း များမှာ လုံးဝ ပိတ်သိမ်းပေးရန် ထိုင်းနိုင်ငံရောက် နောင်မဘုံရွာခံလူငယ်အဖွဲ့က သက်ဆိုင်ရာ တာဝန်ရှိသူများထံ တွေ့ဆုံညှိနှိုင်းကာ တောင်းဆိုခဲ့ကြသည်ဟု ၎င်းလူငယ်များက ကေအိုင်စီသို့ ယနေ့ ပြောသည်။ “ရွာမှာရှိတဲ့ အာဝါဒေးကို...

DKBA တံဆိပ်အသုံးပြုပြီး စစ်အုပ်စုတပ်ဖွဲ့များ ဘုရားသုံးဆူသို့ တက်လာ

ဇွန် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဘက်တံဆိပ်နှင့်ယူနီဖောင်းအသုံးပြု၍ စစ်အုပ်စုတပ်ဖွဲ့များ ကေအဲန်ယူ၊ တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဘုရားသုံးဆူနယ်စပ်မြို့ဘက်သို့ တက်လာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။ ယမန်နေ့ ဇွန်လ(၂၄)ရက်နေ့တွင် ချောင်းနှစ်ခွမှတစ်ဆင့် ကြာအင်းဆိပ်ကြီးသို့ စစ်အုပ်စု အင်အား အယောက် (၃၀၀) ခန့်စစ်ကြောင်းထိုးတက်လာခြင်းဖြစ်ပြီး...

ဖားအံ၊ ဇွဲကပင်တောင်မှာ စည်းကမ်းမဲ့အမှိုက်ပစ်ပါက ဒဏ်ငွေကောက်ပြီး အရေးယူမည်ဟု ပြည်နယ်စစ်အုပ်စု သတိပေး

ဇွန် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဇွဲကပင်တောင်ပတ်ဝန်းကျင်တွင် စည်းကမ်းမဲ့အမှိုက်မပစ်ရန်နှင့် တွေ့ရှိပါက ကျပ်ငွေ(၅၀,၀၀၀) ဒဏ်ငွေပေးဆောင်ရန်နှင့် ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြည်နယ်စစ်အုပ်စုက ဇွန်လ(၂၃)ရက်နေ့က စာထုတ်သတိပေးသည်။ ကရင်ပြည်နယ်၏အထိမ်းအမှတ်တစ်ခုအဖြစ်ထင်ရှားသည့် ဇွဲကပင်တောင်တွင် နှစ်စဥ်ခရီးသွားရာသီရောက်တိုင်း တောင်တက်ခရီးသွားများဖြင့်စည်ကားလျက်ရှိသော်လည်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ပတ်ဝန်းကျင်ပျက်စီးစေ၍ မည်သည့်ခရီးသွားမဆို သတ်မှတ်နေရာတွင်သာ...

ပိုင်ကျုံ KYO ၏ တတိယအကြိမ်မြောက်ကွန်ကရက်မှ အလုပ်အမှုဆောင်ကော်မတီဝင် (၇) ဦး ရွေးကောက်တင်မြှောက်

ဇွန် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး (KYO) ၏ လေးရက်တာပြုလုပ်ကျင်းပခဲ့သည့် (၃)ကြိမ်မြောက်ကွန်ကရက်မှ ဥက္ကဌနေရာအပါအဝင် အလုပ်အမှုဆောင်ကော်မတီဝင်(၇)ဦးကို ရွှေးကောက်တင်မြှောက်ခဲ့ကြောင်း မြို့နယ် KYO က ထုတ်ပြန်သည်။ ပိုင်ကျုံမြို့နယ် ကေအဲန်ယူ အုပ်ချုပ်ရေး၊ တရားရေးတာဝန်ရှိခေါင်းဆောင်များ၊...

ဘီးလင်းတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် အပါအဝင် (၄) ဦး လက်နက်ကြီးထိမှန် သေဆုံး

ဇွန် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၁)၊ ဒူးသထူ(သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်၊ ကဒိပုကျေးရွာအုပ်စုအတွင်းသို့ ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်အပါအဝင် (၄) ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ သထုံခရိုင်ထံမှ...

ဘီးလင်းက ရွှေမျောလုပ်ကွက်များ သုံးရက်ဆက်တိုက် လေယာဥ်ဗုံးကြဲခံရ၍ အလုပ်သမား (၁) ဦးသေဆုံး၊ (၅) ဦး ဒဏ်ရာရ

ဇွန် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်၊ တပ်မဟာ (၁) နယ်မြေ၊ ဘီးလင်းမြို့နယ်ရှိ ရွေတူးဖော်ရေးလုပ်ငန်းခွင်နေရာများကို ဇွန်လ ၂၂ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ သုံးရက်ဆက်တိုက် စစ်အုပ်စု လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အလုပ်သမား (၁) ဦး...

စစ်လက်နက်ကြောင့် ညောင်လေးပင်ခရိုင်တွင် တစ်လအတွင်း အရပ်သား (၅) ဦး သေဆုံးပြီး (၁၈) ဦး ဒဏ်ရာရ

ဇွန် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေတွင် ပြီးခဲ့သည့် မေလ တစ်လတာအတွင်း စစ်အုပ်စု၏ မြေမြှုပ်မိုင်း၊ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သား(၅) ဦးသေဆုံးပြီး (၁၈) ဦးဒဏ်ရာရရှိသွားကြောင်း ခရိုင်၏ လချုပ်စာရင်းအရ သိရသည်။ မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်တို့တွင် တစ်လအတွင်း...
Donate