KIC News
စုစုစည်းစည်း၊ ညီညီညွတ်ညွတ် ချီတက်ကြပါစို့
(မောင်ကျော်စွာ)
၂၀၁၄ခုနှစ်၊ ဇန်နဝါရီ ၂၆ရက်
(ဖဆပလ)၊ တော်လှန်ရေးကောင်စီ၊ (မဆလ)၊ (နဝတ-နအဖ)၊ ကြံ့ဖွံ့အစိုးရ စသဖြင့် အုပ်စိုးသူအစိုးရတွေ “ပြောင်း” သွားသော် လည်း ယနေ့အထိ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ပြဿနာကို ရှင်းရှင်းပြတ်ပြတ် ပြေလည်စွာ မဖြေရှင်းနိုင်သေး။ ပြည်တွင်းစစ် သည် တိုးလို့တန်းလန်း တည်ရှိနေဆဲပင်။ ပြည်တွင်းစစ်ဆိုသည်မှာ...
အယ်ဒီတာ့အာဘော်
တိကျသေချာတဲ့ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ခံမှုကို ကြိုဆို
ကမ္ဘာ့ကုလသမဂ္ဂသည် ဖွံ့ဖြိုးမှုနှင့် လူဦးရေတိုးတက်မှုကို တိုင်းတာနိုင်ရန်အတွက် (၁၀)နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူရန် အကြံပြုထားသည်။ သို့မှသာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့်မီသော အုပ်ချုပ်မှုတို့အတွက် အဓိက ကျသော အခန်းကဏ္ဍတွင် ပါဝင်နိုင်ရမည်ဖြစ်သည်။ ထိုကဲ့သို့ လူဦးရေနှင့် အိမ်အကြောင်းအရာ...
လော်ခီးလာကွန်ဖရင့်က တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် အတည်ပြုလက်မှတ်ရေးထိုး
ဇန်နဝါရီ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ (ကေအိုင်စီ)
လိုင်ဇာတွင် မူကြမ်းရေးဆွဲခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုး သားအစည်းအရုံး(KNU) ထိန်းချုပ်ရာ လော်ခီးလာ(လေးဝါး)စခန်း၌ ဇန်နဝါရီ ၂၅ရက်(ယမန်နေ့)က ကျင်းပပြီးစီးသည့် တိုင်းရင်း သားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ကွန်ဖရင့်တွင် အတည်ပြု လက်မှတ်ရေးထိုးလိုက်ပြီးဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့-NCCT...
ကရင်အမျိုးသားပါတီတည်ထောင်ရန် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်း
ဇန်နဝါရီ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ရန်ကုန် ကရင့်နိုင်ငံရေးအသိုင်းအဝိုင်း၌ လွန်ခဲ့သည့် တနှစ်ဝန်းကျင်က ထူထောင်ရန်ရှိခဲ့သည့် ကရင်အမျိုးသားပါတီ(Karen National Party)ကို ဖွဲ့စည်းသွားနိုင်ရန်အတွက် ဇန်နဝါရီ ၂၅ရက်နေ့တွင် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် တံခွန်တိုင်ကျေးရွာ၌ သက်ဆိုင်ရာ ကရင်ကိုယ်စားလှယ်များက အစည်းအဝေးပြုလုပ်ပြီး ပါတီဖြစ်မြောက်ရေးကော်မတီကို ဧရာဝတီတိုင်းဒေသကြီးရှိ ပန်းတနော်၊...
ဘိတ်/ထားဝယ်ခရိုင်တွင် KNU မြေယာတိုင်းတာမည်
ဇန်နဝါရီ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ စအိုင်စူး
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)၊ ဘိတ်/ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေရှိ မြေယာများကို မြန်မာအစိုးရမှ တရားဝင် အသိမှတ်ပြုနိုင်ရန် ဇန်နဝါရီမှ ဖေဖော်ဝါရီလအထိ တိုင်းတာသတ်မှတ်သွားမည်ဟု KNU ဘိတ်-ထားဝယ်ခရိုင်၏ တွဲဘက်အတွင်းရေးမှူး ပဒိုစောအဲ့နာက ပြောဆိုလိုက်သည်။
“အခု တိုင်းတာမယ့် မြေယာတွေက ပိုင်ရှင်ရှိပြီး မြေဂရမ် စာရွက်စာတမ်းမရှိသေးတဲ့...
မိုးကိုစံကုမ္ပဏီက ကရင်ပြည်နယ်ရှိ အိမ်ခြေ ၇၈ဝ ကို ဆိုလာမီး အခမဲ့တပ်ဆင်ပေးမည်
ဇန်နဝါရီ ၂၄ ရက်၊ ၂၀၁၄ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ မြဝတီနှင့် ဖားအံမြို့နယ်တို့ အတွင်းရှိ အိမ်ခြေ ၇၈ဝ လုံးကို မြဝတီမြို့ အခြေစိုက် မိုးကိုစံကုမ္ပဏီက ဦးဆောင်၍ ဆိုလာလျှပ်စစ်မီး အခမဲ့ တပ်ဆင်ပေးမည်ဖြစ်ကြောင်း ကရင်အမျိုး သားအစည်းအရုံး(KNU) တပ်မဟာ...
ကရင်လူဦးရေစာရင်း အမှန်ရရှိရန် ပဲခူးမြို့တွင် သန်းခေါင်စာရင်းကိစ္စ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်မည်
ဇန်နဝါရီ ၂၄ ရက်၊ ၂၀၁၄ ခုနှစ်။ နန်းဝေဖြိုးဇာ
လာမည့် မတ်လ၌ တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူသည့်အခါ ကရင်လူဦးရေစာရင်း အမှန်ရရှိစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ပြီး ပဲခူးမြို့၌ ဇန်နဝါရီ ၂၉ မှ ၃ဝ ရက်နေ့အထိ သန်းခေါင်စာရင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်...
တတိယနိုင်ငံ ပို့ဆောင်ပေးရေးအစီအစဉ်အပေါ် နို့ဖိုးဒုက္ခသည် ၁၅ဝ ခန့် ဆန္ဒထုတ်ဖော်
ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၁၄ ခုုနှစ်။ စဖန်းရှောင်း
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR ၏ တတိယနိုင်ငံ ပို့ဆောင်ပေးရေးအစီအစဉ်နှင့် ပတ်သက်၍ ခွဲခြားဆက်ဆံမှုများရှိသည်ဟုဆိုကာ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ နို့ဖိုးဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၁၅ဝ ခန့်က ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့ကြသည်။
နို့ဖိုးစခန်းအတွင်းရှိ ရပ်ကွက်...
စောဘဦးကြီး ပုံပန်းချီကား နောက်ခံမျက်နှာဖုံးဖြင့် ကရင့်ကြေးမုံမဂ္ဂဇင်း ထပ်မံပုံနှိပ်
ဇန်နဝါရီ ၂၃ ရက်၊ ၂၀၁၄ ခုနှစ်။ စောထွန်းလင်း
ကရင်အမျိုးသားခေါင်ဆောင် စောဘဦးကြီး ပုံပန်းချီကား နောက်ခံမျက်နှာဖုံးဖြင့် ထုတ်ဝေထားသည့် ယခုနှစ် အတွက် ကရင့်ကြေးမုံမဂ္ဂဇင်းကို ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိရန် အုပ်ရေ ၅၀ဝ ကို ယခုအပတ်အတွင်း ထပ်မံ ပုံနှိပ်နေပြီဖြစ်ကြောင်း ရန်ကုန်ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီက ပြောဆိုလိုသည်။
“နိုင်ငံရေးပွင့်လင်းလာတဲ့အချိန်မှာ...
ဘားအံ ချဲလင်းချ်
(မောင်ကျော်စွာ)
(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်)
ဗိုလ်ချုပ်အောင်ဆန်းက “ဘားမားချဲလင်းချ်” ဆိုသည့်အမည်ဖြင့် စာအုပ်တစ်အုပ် ရေးသွားခဲ့ဖူးသည်။ ဗိုလ်ချုပ်၏ ချစ်သမီး ဒေါ်အောင်ဆန်းစုကြည်က ကရင်ပြည်နယ်ခရီးစဉ်တွင် “ကျမ စိန်ခေါ်ရဲပါတယ်”လို့ ထည့်သွင်းပြောသွားသည်။ သို့ပါ၍ “ဘားအံ ချဲလင်းချ်” ရေးလျှင်ရမည် ယူဆပါသည်။
၂၀၁ဝ ရွေးကောက်ပွဲမှ ရွေးချယ်ခံ (ကြံ့ဖွံ့ပါတီအမတ်များကို...












