KIC News
လူငယ်တွေ့ဆုံပွဲနှင့် ကရင့်သမိုင်း စာတမ်းဖတ်ပွဲ ရန်ကုန်၌ ပြုလုပ်
ဖေဖော်ဝါရီ ၁ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းဘေးရှိ ယုဒသန်ခမ်းမတွင် ယမန်နေ့က ၆၅နှစ်မြောက် ကရင့်တော်လှန်းရေးနေ့၌ အထိမ်း အမှတ်အဖြစ် ကရင်လူငယ်များတွေ့ဆုံပွဲနှင့် ကရင့်သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲတစ်ရပ်ကို ကရင်လူငယ်များကွန်ယက်က ဦးဆောင်ကျင်းပခဲ့သည်။
ကရင့်အမျိုးသားတော်လှန်ရေးနေ့နှင့်အတူ ပူးတွဲကျင်းပခဲ့သည့် အဆိုပါပွဲမှာ ကရင်လူငယ်များ တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ကာ စည်းလုံးညီညွတ်မူရှိစေရန်၊ မျက်မှောက်နိုင်ငံရေး...
တော်လှန်ရေးနေ့တွင် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ ပူးတွဲစစ်ရေးပြ
ဖေဖော်ဝါရီ ၁ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO)ဌာနချုပ်တွင် ပြုလုပ်သော ၆၅နှစ်မြောက် ကရင့်တော်လှန်ရေးနေ့၌ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များက စစ်သည်အင် အား ၁၀၀ကျော်ဖြင့် ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးပြခဲ့ကြသည်။
ဇန်နဝါရီလ ၃၁ရက်နေ့ မနက် ၈နာရီမှ ၁၁နာရီခွဲအထိ ပြုလုပ်ကျင်းပသည့် ၎င်းအခမ်းအနားတွင် KNDO...
စည်းလုံးညီညွှတ်ရေး ပြန်လုပ်ဆောင်ရန်လိုဟု တော်လှန်ရေးနေ့၌ ကေအဲန်ယူ ပြောဆို
ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ယနေ့ကျရောက်သော ၆၅နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ကို ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တပ်မ ဟာ(၇)ဌာနချုပ်၌ ကျင်းပခဲ့သည့် အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ကရင်အမျိုးသားများ စည်းလုံးညီညွှတ်ရေးအတွက် ပြန်လည်လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောဆိုလိုက်သည်။
“စည်းလုံးညီညွှတ်မှုဟာ ကျနော်တို့ ပြန်ပြီးတော့ လုပ်ဆောင်ဖို့လိုတယ်။ ကျနော်တို့ ရည်ရွယ်၊...
လူငယ်စကားလက်ဆောင်
နော်ကလယ်စိုး ၁၈နှစ်
ဝါသနာ နိုင်ငံရေး
ပညာအရည်အချင်း ဆယ်တန်းလွန်ကျောင်း (Post Ten)
ကျမမှာ မွေးချင်းမောင်နှမ နှစ်ယောက်ရှိတယ်။ မိန်းကလေးနှစ်ယောက်စလုံး ဖြစ်တယ်။ ကျမကတော့ အကြီးဆုံးဖြစ်တယ်။ မိဘတွေက မြန်မာပြည် တောင်ငူမှာ ရှိတယ်။ သူတို့(မိဘ)က ဥယျာဉ်ခြံလုပ်ကိုင် စားသောက်ကြတယ်။ မြန်မာပြည်မှာ တောင်ငူ အ-ထ-က (၅)ကျောင်းမှာ ကိုးတန်းအထိ တက်ပြီးတယ်။ ပြီးတော့ ဆယ်တန်းကို...
ပြည်တွင်းစစ်အဆုံးသတ်ရေး ငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာရန် KNU ဥက္ကဋ္ဌ တိုက်တွန်း
ဇန်နဝါရီ ၃ဝရက်၊ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်
မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၆၀)ကျော်ကြာ ဖြစ်ပွားနေသော ပြည်တွင်းစစ်အဆုံးသတ်ရေးကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် အဖြေ ရှာရန် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ယခု ဇန်နဝါရီ ၃၁ရက်နေ့တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့အတွက် ပေးပို့သည့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။
“ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး...
မယ်လအူးစခန်းတွင် အမေရိကန်နိုင်ငံ ခိုလှုံမှု လျှောက်တင်ခွင့် ရပ်နားလိုက်ပြီ
ဇန်နဝါရီ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ရှိ မယ်လအူးဒုက္ခသည်စခန်းမှ ဒုက္ခသည်များအတွက် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင် ခွင့် ခေါ်ယူမှုအစီအစဉ်ကို ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးထား၍ ရပ်နားသွားမည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင် ရာ မဟာမင်းကြီးရုံး(UNHCR)က တရားဝင် ပြောဆိုထားသော်လည်း ယခု ဇန်နဝါရီ ၂၃ရက်နေ့က...
အဆင့်မြင့်ပညာရေးနဲ့ အနာဂတ်ဘဝ လှပစေချင်
ဇန္နဝါရီ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ မနိုက်အွာ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းက ကလေဖိုးကလိုး စာသင်ကျောင်းတွင် ကလေးသူငယ်များ၏ သီချင်းဆိုသံကို ကြား နေရသည်။ သီချင်းအဆုံးမှာ နော်ထူးလာဖောကပြုံးရင်း သူမ၏လက်ပေါ်မှ ၁နှစ်သားလေးငယ်ကို ချီပိုးချော့သိပ်နေသည်။ နေ့လည်ကျောင်းဆင်းချိန်ရောက်ပြီမို့ ကျောင်းသူကျောင်းသားများကလည်း ကျောင်းမှ ထွက်ခွာရန် ပြင်ဆင်နေကြသည်။
နော်ထူးလာဖောသည် ကလေဖိုးကလိုးကျောင်းမှ ကျောင်းဆရာ၊ဆရာမ လေးဦးအနက်...
ဖလုံ-စဝေါ် မျက်နှာစုံညီ ဆွေးနွေးပွဲတွင် ရှေ့လုပ်ငန်း (၁၁)ချက် ချမှတ်
ဇန်နဝါရီ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်၊ ဖားအံမြို့အခြေစိုက် ကရင်ပါတီကြီးတစ်ခုဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)က ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ၎င်းတို့ပါတီ ရှေ့ဆက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အတွက် ရည်ရွယ်၍ အချက် (၁၁)ပါသည့် ရှေ့လုပ်ငန်းတစ်ရပ် ကို တညီတညွှတ်တည်း ချမှတ်လိုက်သည်။
ထိုနေ့က ဖားအံမြို့၊ တောင်ကလေးကျေးရွာ ကရင်နှစ်သစ်ကူးကွင်းပြင်၌...
DKBA နှင့် KNLA တပ်ဖွဲ့ဝင်များ ကရင့်တော်လှန်ရေးနေ့တွင် ပူးတွဲစစ်ရေးပြမည်
ဇန်နဝါရီ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
လာမည့် ဇန်နဝါရီ ၃၁ရက်နေ့တွင် ကျရောက်မည့် ၆၅နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ) တပ်ဖွဲ့ဝင်များနှင့်အတူ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်(ဒီကေဘီအေ)တို့ ပထမဆုံးအကြိမ်အဖြစ် ပူးတွဲစစ်ရေးပြမည်ဟု သိရသည်။
ကေအဲန်ယူ ဖားအံခရိုင် ထိန်းချုပ်နယ်မြေအတွင်းရှိ KNLA တပ်မဟာ(၇) ဌာနချုပ်နေရာ၌ ကျင်းပမည့် ကရင့်တော်လှန်ရေးနေ့...
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပေါ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များ၏
အမြင်သဘောထား (၁)
ကျနော်တို့က အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်တွေမှာ သဘောတူထားခဲ့တဲ့ သဘောတူညီချက်တွေကို လေးစား တန်ဖိုးထားတယ်။ ကျနော်တို့ အလေးအနက် လေးစားတန်ဖိုးထားသလိုပဲ လိုင်ဇာညီလာခံကြီးမှာ တိုင်းရင်းသားတွေ အတူတူ လက်မှတ်ရေးထိုးထားတဲ့ လိုင်ဇာသဘောတူညီချက်ကိုလည်း ကျနော်တို့ တန်ဖိုးထားပါတယ်။ ဒါကြောင့်မို့လို့ အဲဒီသဘောတူ ညီမှု နှစ်ရပ်ပေါ်မှာ အခြေခံပြီးတော့...














