Home သတင်း ဇွန်လဆန်းတွင် မယ်လဒုက္ခသည်စခန်း၌ စိတ်ကြွ‌ဆေးပြား နှစ်ကြိမ် ဖမ်းဆီးရမိ

ဇွန်လဆန်းတွင် မယ်လဒုက္ခသည်စခန်း၌ စိတ်ကြွ‌ဆေးပြား နှစ်ကြိမ် ဖမ်းဆီးရမိ

1662

ဇွန် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ထာ့‌ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယခု ဇွန်လ ပထမအပတ်က ရာဘ (‌ခေါ်) စိတ်ကြွ ‌ဆေးပြား ‌ရောင်းဝယ်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးရရှိမှု နှစ်ကြိမ် ဖြစ်‌ပေါ်ခဲ့‌ကြောင်း မယ်လစခန်းတာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

ဇွန်လ ၁၂ရက်‌နေ့က မယ်လစခန်း ဇုံ B-5(A)ရပ်ကွက်ရှိ အသက် ၄၈နှစ်အရွယ် မစန္ဒာဝင်းနှင့် ဇွန် ၁၄ရက်‌နေ့က C-4(A) ရပ် ကွက်ရှိ အသက် ၃၂နှစ်အရွယ် ကိုအပိန်တို့ကို စခန်းလုံခြုံ‌ရေးဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် မယ်လစခန်းတွင်းရှိ လုံခြုံ‌ရေး တာဝန်ခံများက ဝင်‌ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မယ်လစခန်း လုံခြုံ‌ရေးတာဝန်ခံ ကိုစိုးထိုက်က “ဒီလ ပထမပတ်မှာ နှစ်ကြိမ်‌ပေါ့။ ပထမတစ်ကြိမ်က‌တော့ ထိုင်းစစ်တပ်နဲ့ ရဲ‌တွေ က ဝင်ဖမ်းတာ စိတ်ကြွ‌ဆေးအပြား ၂ဝ မိတယ်။ ဒုတိယအ‌ခေါက်က ကျ‌နော်တို့ စခန်းလုံခြုံ‌ရေး တာဝန်ရှိသူ‌တွေက သွား‌ရောက် ဖမ်းဆီးတာပါ။ ၄ပြား ထပ်မိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအချိန်တွင် မစန္ဒာဝင်းနှင့် ကိုအပိန်တို့ကို ထိုင်းအာဏာပိုင်များက မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်သုံးစွဲမှုဖြင့် ဖမ်းဆီးထားပြီး စစ်‌ဆေးမှုများ ပြုလုပ်‌နေ‌ကြောင်း သိရသည်။

မယ်လဒုက္ခသည်စခန်းအတွင်း မူးယစ်‌ဆေးဝါးနှင့်ပတ်သက်၍ ပညာ‌ပေးမှုနှင့် အ‌ရေးယူမှုများကို ကြိုးပမ်း‌ဆောင်ရွက်‌နေကြ‌သော် လည်း ထိထိ‌ရောက်‌ရောက် လုပ်‌ဆောင်နိုင်ရန်မူ အခက်အခဲများစွာရှိ‌ကြောင်း မယ်လစခန်းဥက္ကဌဖြစ်သူ ‌စော‌အောနက်က ယခု လို ‌ပြောသည်။

“စခန်းမှာက အရင်ကထက် အသွားအလာ ပို‌ကောင်းလာတယ်။ ‌နောက်ပြီး ထိုင်းနိုင်ငံထဲမှာလည်းဖြစ်တယ်။ နယ်စပ်နဲ့လည်း နီး တယ်။ လူအဝင်အထွက်လည်း များတဲ့အခါကျ‌တော့ ဒီအ‌ပေါ်မှာ ထိထိ‌ရောက်‌ရောက်လုပ်ဖို့က အခက်အခဲအများကြီးရှိ‌နေတယ်” ဟု ‌စော‌အောနက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုအခါ မယ်လစခန်းတွင် ‌ဆေး‌ခြောက်၊ ဘိန်းမည်းနှင့် ‌ကော်ရှူခြင်းများ၊ မူးယစ်‌ဆေးကို ‌သွေး‌ကြောထဲသို့ ထိုးသွင်းခြင်းများအ ထိ သုံးစွဲခြင်းများကို လူကြီးများသာမက အသက် ၁၂နှစ်မှ ၁၈နှစ်ကြားရှိ လူငယ်‌မောင်မယ်များပါ လုပ်‌ဆောင်လာ‌နေကြပြီး စိတ် ကြွ‌ဆေးတစ်ပြားလျှင် ဘတ်‌ငွေ ၁၃ဝအထိ ဝယ်ယူသုံးစွဲ‌နေရသည်ဟု ယင်းဖမ်းဆီးခံရသူများက ‌ပြောဆို‌ကြောင်း ‌စော‌အောနက် က ပြန်လည်ရှင်းပြသည်။

မယ်လဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်း ၉ခုအနက် အကြီးဆုံးစခန်းဖြစ်ပြီး ဒုက္ခသည်ဦး ‌ရေ ‌လေး‌သောင်းသုံး‌ထောင်(၄၃,၀၀၀) ‌ကျော် ‌နေထိုင်လျှက်ရှိသည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ (KRC)၏ ၂၀၁၄ခုနှစ်၊ ‌ဖေ‌ဖေါ် ဝါရီလတွင် ထုတ်ပြန်‌သော ဒုက္ခသည်ဦး‌ရေစာရင်းအရ သိရသည်။