Home သတင်း တနသင်္ာရီတိုင်းအစိုးရ၏ အမိန့်စာအ‌ပေါ် ‌ကေအဲန်ယူ သ‌ဘောမတူ

တနသင်္ာရီတိုင်းအစိုးရ၏ အမိန့်စာအ‌ပေါ် ‌ကေအဲန်ယူ သ‌ဘောမတူ

2451

ဇွန် ၁၈ရက်၊၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်/ထားဝယ်ခရိုင်၊ တပ်မဟာ(၄)အ‌နေဖြင့် ၎င်းတို့ လက်‌အောက်ခံ ကရင်အမျိုးသား ရဲတပ်ဖွဲ့(KNPF)အဖွဲ့အား စနစ်တကျ ကြပ်မတ်ထိန်းသိမ်းရန် တနသင်္ာရီတိုင်း‌ဒေသကြီးအစိုးရမှ ‌ပေးပို့သည့် အမိန့်စာအ‌ပေါ် သ‌ဘောမတူ‌ကြောင်း ယမန်‌နေ့က ‌ပြောဆိုလိုက်သည်။

KNU ဘိတ်/ထားဝယ်ခရိုင် ဥက္ကဌ ပဒို‌စောဘီးလယ်က “ကျ‌နော်တို့ဘက်က ‌နောက်ဆုတ်မှာ မဟုတ်ဘူး။ ကျ‌နော်တို့ ရဲ‌တွေက ဆူပူ‌သောင်းကျန်းတာလည်း မဟုတ်ဘူး။ အခွန်အ‌ကောက်‌တွေကို အကူအညီလိုက်‌တောင်း‌ကောက်တာလည်း မဟုတ်ဘူး။ တရားဥပ‌ဒေစိုးမိုး‌ရေးအတွင်းမှာရှိတဲ့ မြို့နယ်တိုင်းမှာ မြို့နယ်အုပ်ချုပ်‌ရေးက‌နေပြီး‌တော့ ရဲ‌တွေကို လိုအပ်ရင် လိုအပ်သလို လုပ် ‌ပေးတာ။ သူတို့ ကန့်ကွက်တာကျ‌တော့ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စ‌တွေ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒို‌စောဘီးလယ်နှင့် KNU တပ်မဟာ(၄)မှူး ဗိုလ်မှူးချုပ်‌စောဒါး‌ကျော်လုထံသို့ ၂၀၁၄ခုနှစ်၊ ဇွန်လ ၄ရက် ‌နေ့စွဲဖြင့် ‌ပေးပို့ခဲ့သည့် တနသင်္ာရီတိုင်း‌ဒေသကြီး အစိုးရ၏ စာတွင် ၎င်း‌ဒေသရှိ KNPF တပ်ဖွဲ့ဝင်တို့သည် ဆိုင်းဘုတ်တင်၍ ရဲတပ်ဖွဲ့၊ အ‌ကောက်ခွန်၊ သစ်‌တော စသည့်အဖွဲ့အစည်းများ၏ လုပ်ငန်းများကို ‌ဆောင်ရွက်‌နေခြင်းမှာ အစိုးရလက်‌အောက်ခံ ဌာနများနှင့် ထင်‌ယောင်ထင် မှား ဖြစ်‌စေနိုင်သည့်အတွက် ဖျက်သိမ်း‌ပေးရန် ‌ပြောဆိုထားခြင်းဖြစ်သည်။

၎င်း‌ပေးပို့စာထဲတွင် KNU ၏ ‌ဆောင်ရွက်ချက်များ‌ကြောင့် ‌ဒေသခံပြည်သူများ၊ ပြည်တွင်း/ပြည်ပခရီးသွားပြည်သူများအား အ‌နှောက်အယှက်ဖြစ်‌စေသည့်အပြင် KNU အ‌နေဖြင့် အစိုးရမှ ဖွဲ့စည်းထားသည့် ဝန်ကြီးဌာန၊ ဦးစီးဌာနများနည်းတူ ဖွဲ့စည်းခွင့် မရှိသဖြင့် KNPF ဖျက်သိမ်း‌ပေး‌ရေးနှင့် ရဲတပ်ဖွဲ့၊ အ‌ကောက်ခွန်၊ သစ်‌တောဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များ ‌ဆောင်ရွက်ခြင်း မပြု‌ရေးတို့ကို ထည့်သွင်း‌ရေးသားထားသည်။

တနသင်္ာရီတိုင်း‌ဒေသကြီး အစိုးရအ‌နေဖြင့် KNU ၏ ဖွဲ့စည်းပုံအားလုံးကို နားမလည်‌သေးသည့်အတွက် ထိုသို့ ကန့်ကွက်စာ ပို့ လာခြင်းဖြစ်နိုင်‌ကြောင်း၊ တရားဥပ‌ဒေ စိုးမိုး‌ရေးနှင့် တိုင်းရင်းသားပြည်နယ် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရာတွင် အစိုးရရဲတပ်ဖွဲ့မှ တာဝန်ရှိသလို KNU လည်း တာဝန်ရှိ‌သော‌ကြောင့် ကမ်းလှမ်းလာသည့် ကန့်ကွက်စာအညီ တိုင်း‌ဒေသကြီး နားလည်သ‌ဘော‌ပေါက်‌အောင် KNPF ၏ လုပ်‌ဆောင်ချက်များကို ပြန်လည်ရှင်းပြ‌ပေးမည်ဟု ဖြည့်စွက်‌ပြောဆိုသည်။

ထို့အပြင် တနသင်္ာရီတိုင်း‌ဒေသကြီး အစိုးရမှ KNU ဘိတ်/ထားဝယ်ခရိုင်၊ တပ်မဟာ(၄)ထံသို့ ‌ပေးပို့သည့် ၎င်းစာ၏ နိဂုံးတွင် တနသင်္ာရီတိုင်း‌ဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား အတွင်း‌ရေးမှူး ဦးတင်သိန်းက လက်မှတ်ထိုးထားသည်။

၎င်း‌ဒေသရှိ အမည်မ‌ဖော်လိုသူ ကရင်ရွာသားတစ်ဦးက “ဒီကိစ္စဟာ အစိုးရ‌ကော ‌ကေအဲန်ယူ‌ကော ‌သေ‌သေချာချာ ညှိနှိုင်းပြီး ‌ပြေလည်ကြရင်‌တော့ ‌ကောင်းတာ‌ပေါ့။ နှစ်ဖက်စလုံး တင်းမာပြီး ပြဿနာ‌တွေဖြစ်လာကြရင် ကျ‌နော်တို့‌ဒေသခံ‌တွေပဲ လုပ်စား ကိုင်စားရတာ ပိုခက်သွားမှာလည်း စိုးရိမ်ရတယ်”ဟု ဆိုသည်။

KNU ၏ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန လက်‌အောက်ရှိ KNPF ကို ၁၉၉၁ခုနှစ်တွင် စတင် ဖွဲ့စည်းတည်‌ထောင်ခဲ့ပြီး KNU ၏ ခရိုင်/တပ်မဟာ ၇ခု အသီးသီးတွင် ထားရှိကာ ရာဇဝတ်မှု ကျူးလွန်သူများ ဖမ်းဆီး‌ရေးနှင့် မူးယစ်‌ဆေးဝါး နှိမ်နင်း‌ရေးတို့တွင် သတ်မှတ်ထားသည့် ဥပ‌ဒေအတိုင်း ‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။