KIC News
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာစာချုပ် ကေအဲန်ယူပြင်ဆင်ဖြည့်စွက်
မတ် ၂၈ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ရေးဆွဲသဘောတူခဲ့သော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လော်ခီးလာစာချုပ်နှင့် အစိုးရဘက်က ပြင်ဆင်ထားသော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်တို့ကို လေ့လာသုံး သပ်ပြီး မူကြမ်းတစ်ခုတည်းဖြစ်အောင် ပြင်ဆင်ဖြည့်စွက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ ယမန်နေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။
ကေအဲန်ယူ ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေ...
အယ်ဒီတာ့အာဘော်
စိန်ခေါ်မှုများကြားက ပြည်လုံးကျွတ် သန်းခေါင်စာရင်း
၂၀၁၄ခုနှစ်၊ မတ်လ ၂၉ရက်နေ့ ညသန်းခေါင်ယံသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံ ခြင်း ရည်ညွှန်းချိန်ပင် ဖြစ်သည်။ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့”ဟူသော အစိုးရ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဆောင်ပုဒ်အရ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားပြည်သူများ၏ လူဦးရေနှင့်...
ကေအဲန်ယူနယ်မြေအချို့တွင် ဓါတ်အားလိုင်းတိုးချဲ့ရန်ရှိကြောင်း ပြည်နယ်လျှပ်စစ်ဝန်ကြီးပြောဆို
မတ် ၂၇ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ်မြေ တပ်မဟာ ၆နှင့် ၇တို့တွင် လာမည့် ဧပြီလအတွင်း စတင်မည့် ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်အတွက် မဟာဓါတ်အားလိုင်းတိုးချဲ့သွားရန်ရှိသည်ဟု ကရင်ပြည်နယ် လျှပ်စစ်ဝန်ကြီး စောကြည်လင်းက ယမန်နေ့က ပြောကြားလိုက်သည်။
ထိုသို့တိုးချဲ့ရာတွင် တပ်မဟာ (၆)နယ်မြေရှိ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် တပ်မဟာ...
ရိုးရာဓလေ့နှင့် ခေတ်၏ စိန်ခေါ်မှုများ
(မောင်ကျော်စွာ)
၂၇ - ၃ - ၂၀၁၄
ပျံ့နှံ့နှုန်း မြင့်မားမြန်ဆန်လွန်းသော ဆက်သွယ်ရေးနည်းပညာ၏ အစွမ်းဖြင့် ကမ္ဘာကြီးအား တစ်ပုံစံထဲဖြစ်အောင် သွတ်သွင်း လျက်ရှိနေသည်။ လူငယ်များ၏ ဝတ်စားဆင်ယင်မှုနှင့် အာရုံခံစားမှုသည် တပုံစံထဲလိုလို ဖြစ်လာနေသည်။
သို့ဖြင့် ဝင်ရောက်လာနေသော ဓလေ့သစ်များ၏ အရောင်၊ ဒီဇိုင်း၊ အသံများနှင့် နေထိုင်မှုပုံစံများက သက်ဆိုင်ရာ...
အစိုးရတပ်သိမ်းမြေ တပြေးညီပြန်ပေးရန် ထန်းတပင်မြို့နယ်လယ်သမားများ လိုလား
မတ် ၂၆ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အစိုးရတပ်သိမ်းမြေ ဧက ၇၅၀ကျော်ကို မူလပိုင်ရှင်လယ်သမားများထံသို့ တပြေးညီ ပြန်ပေးရန်လိုလားကြောင်း ဒေသခံလယ်သမားများက မတ်လ ၂၂ရက်နေ့က ပြောဆိုလိုက်သည်။
လက်ရှိ ထန်းတပင်မြို့နယ်အတွင်း အစိုးရသိမ်းယူထားသည့် မြေယာများကို မူလပိုင်ရှင်များထံ ပြန်ပေးမည်ဟု ပြောဆိုထားသော် လည်း ထိုနေ့က ထန်းတပင်မြို့နယ်၊...
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပေါ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များ၏ အမြင်သဘောထား (၃)
စောမြရာဇာလင်း (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)
မေး ။ ။ အခုတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို အရမ်းကို နီးစပ်နေပါပြီး။ အဲ့ဒီအပေါ်မှာ ALP ရဲ့ သဘောထား ဘယ်လိုရှိ တယ်ဆိုတာ ပြောပြပေးပါ။
ဖြေ ။ ။ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးဟာ ဆိုလို့ရှိရင် အင်မတန်မှ အရေးကြီးတဲ့ကိစ္စဖြစ်တယ်၊ အဲ့လို အရေးကြီးတဲ့ကိစ္စ ကို...
ဆာသူးလေကျောင်း၏ ၂၀၁၃-၁၄ ပညာသင်နှစ် ကျောင်းဆင်းပွဲ ကျင်းပပြီးစီး
မတ် ၂၅ရက်၊ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းကျောင်းတစ်ကျောင်းဖြစ်သော ဆာသူးလေ အထက်တန်းကျောင်း၏ ၂၀၁၃-၁၄ပညာသင်နှစ် ကျောင်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ထိုင်းစံတော်ချိန် နံနက် ၉နာရီမှ ၁၁နာရီခွဲအထိ ကျင်းပ ပြီးစီးခဲ့သည်။
၎င်းကျောင်းဆင်းပွဲ အခမ်းအနားတွင် မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ (BMWEC)မှ...
ဟောင်သရော မြစ်ကူးရာတွင် စနစ်တကျ လုံခြုံမှုရှိရန် ဒေသခံများ လိုလား
မတ် ၂၅ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လှိုင်ကွယ်-မဲသေရောအပိုင်း တောင်ကြာအင်းနှင့် မြောက်ကြာအင်းကျေးရွာ အကြားရှိ ဟောင်သရောမြစ်ကို ဖြတ်ကူးရာတွင် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများမှ လုံခြုံစွာ စနစ်တကျ စီစဉ်ပေးရန် လိုလားကြောင်း ဒေသခံများက ပြောသည်။
ယခု မတ်လအလယ်ခန့်က ဟောင်သရောမြစ်၏ လက်ရှိ တံတားတည်ဆောက်ရာနေရာ အထက်ပိုင်းရှိ...
ပေါ့ဆမီးကြောင့် မယ်လစခန်း အိမ်ခြေ ၅ဝ ပျက်စီးကြောင်း ထပ်မံအတည်ပြု
မတ် ၂၅ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းရှိ မယ်လဒုက္ခသည်စခန်း၊ ဇုံဘီအမှတ်(၄)ရပ်ကွက်တွင် မတ် ၂၄ရက်နေ့၊ ည ၉နာရီခွဲအချိန်က ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၅ဝ ပျက်စီးသွားကြောင်း မယ်လစခန်းဥက္ကဌ စောအောနက်စ်က ယနေ့ ထပ်မံ အတည်ပြု ပြောကြားလိုက်သည်။
“မီးလောင်မှု စဖြစ်တာက...
မယ်လဒုက္ခသည်နေအိမ်အလုံး ၅၀ကျော် မီးလောင်ပျက်စီး
မတ် ၂၄ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၊ ဇုံဘီရပ်ကွက် ၄တွင် ယနေ့ည ထိုင်းစံတော်ချိန် ၉နာရီခွဲမှ ၁ဝနာရီကျော်အထိ မီး လောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၅၀ကျော် မီးလောင်ပျက်စီးသွားခဲ့သည်ဟု မယ်လစခန်းဥက္ကဌက ခန့်မှန်းပြောဆိုသည်။
မယ်လစခန်းဥက္ကဌ စောအောနက်စ်က “လူနေအိမ် ၅၀ကျော် ပါသွားမယ်ထင်တယ်။ အခြေအနေ အတိအကျကိုတော့...













